သူ့လို နေနိုင်ချင်လိုက်တာ …

သူ့လို နေနိုင်ချင်လိုက်တာ …

ဒီစကားလေးရေရွှတ်နေမိတာ အတော့်ကို ကြာနေပြီ ဒါပေမယ့် သူ့လိုနေနိုင်သွားမှာကျတော့ ကျွန်မ ကိုယ်တိုင်ကြောက်နေမိတယ် … သူ့လိုနေလိုက်မယ်ဆိုရင် ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တကယ်ကို ဝေးသွားကြတော့မှာလေ. …

သူ့လိုနေလိုက်ဖို့ဆိုတာကလဲ မလွယ်ဘူးလေ သိတယ်မလား ကိုယ်က ချစ်မိသူဆိုတော့ ကိုယ်ကပဲ လွမ်းရတတ်တယ် သူအဆင်ပြေနေမှန်းသိနေရဲ့နဲ့တောင် သူ့အသံမကြားရရင် ကိုယ်အဆင်ပြေမနေခဲ့ဘူး ဒါကြောင့်ပဲ သူမခေါ်ခဲ့တဲ့ဖုန်းကို ကိုယ်ပဲဆက်ရတယ် ..

တချို့ကတော့ ကိုယ့်ကိုစာနာကြတယ် ဘာကြောင့်အတင်းတွယ်ကပ်နေမလဲတဲ့ ကိုယ့်အစားသူတို့က နာပေးခဲ့ကြတယ် ကိုယ်ကိုယ်တိုင်က မနာတတ်ခဲ့တာပါ … စိတ်နာတတ်ခဲ့မယ်ဆိုရင် နာစရာတွေမှာ အများကြီးပါပဲ ဒီကြားကပဲ ချစ်တဲ့စိတ်တစ်ခုကိုပဲ တစ်စိုက်မတ်မတ် ဖက်တွယ်ထားမိတာပါ …

မနက် Morning ည Good Night တွေကအစ ကိုယ် တန်ဖိုးထားပြီး ပို့မိနေတုန်းပဲ ထမင်းစားချိန်ဆို ထမင်းစားပြီးပြီလားဆိုတာမျိုး အပြင်သွားတတ်တဲ့အချိန်တွေဆို …. ဂရုစိုက်ဖို့တဖွဖွမှာနေမိတုန်းပဲ အေးစက်သွားတဲ့ အရာတစ်ခုကို နွေးထွေးလာဖို့ကြိုးစားရင်းပေါ့

တစ်ခါတစ်လေတေ့ သူ့လို နေနိုင်ချင်လိုက်တာဆိုတဲ့ စကားလေး ရေရွှတ်မိတဲ့အထိ ဆန္ဒတွေဖြစ်မိတယ် သေချာတာတစ်ခုကတော့ သူ့လို ကျွန်မ နေနိုင်သွားတဲ့တစ်နေ့ သူနဲ့ ဘယ်တော့မှ မဆုံအောင် ဝေးကြရတော့မှာ ..

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူ့လုိ ေနနိုင္ခ်င္လိုက္တာ …

ဒီစကားေလးေရရႊတ္ေနမိတာ အေတာ့္ကို ၾကာေနျပီ ဒါေပမယ့္ သူ့လုိေနနိုင္သြားမွာက်ေတာ့ ကြ်န္မ ကိုယ္တိုင္ေၾကာက္ေနမိတယ္ … သူ့လုိေနလုိက္မယ္ဆိုရင္ ကြ်န္္မတုိ့နွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ တကယ္ကို ေ၀းသြားၾကေတာ့မွာေလ. …

သူ့လိုေနလုိက္ဖို့ဆိုတာကလဲ မလြယ္ဘူးေလ သိတယ္မလား ကိုယ္က ခ်စ္မိသူဆိုေတာ့ ကိုယ္ကပဲ လြမ္းရတတ္တယ္ သူအဆင္ေျပေနမွန္းသိေနရဲ႕နဲ႕ေတာင္ သူ့အသံမၾကားရရင္ ကုိယ္အဆင္ေျပမေနခဲ့ဘူး ဒါေၾကာင့္ပဲ သူမေခၚခဲ့တဲ့ဖုန္းကို ကိုယ္ပဲဆက္ရတယ္ ..

တခ်ိဳ႕ကေတာ့ ကိုယ့္ကိုစာနာၾကတယ္ ဘာေၾကာင့္အတင္းတြယ္ကပ္ေနမလဲတဲ့ ကုိယ့္အစားသူတုိ့က နာေပးခဲ့ၾကတယ္ ကုိုယ္ကုိယ္တိုင္က မနာတတ္ခဲ့တာပါ … စိတ္နာတတ္ခဲ့မယ္ဆိုရင္ နာစရာေတြမွာ အမ်ားၾကီးပါပဲ ဒီၾကားကပဲ ခ်စ္တဲ့စိတ္တစ္ခုကိုပဲ တစ္စုိက္မတ္မတ္ ဖက္တြယ္ထားမိတာပါ …

မနက္ Morning ည Good Night ေတြကအစ ကိုယ္ တန္ဖုိးထားျပီး ပို့မိေနတုန္းပဲ ထမင္းစားခ်ိန္ဆို ထမင္းစားျပီးျပီလားဆိုတာမ်ိဳး အျပင္သြားတတ္တဲ့အခ်ိန္ေတြဆို …. ဂရုစိုက္ဖို ့တဖြဖြမွာေနမိတုန္းပဲ ေအးစက္သြားတဲ့ အရာတစ္ခုကို ေႏြးေထြးလာဖုိ့ၾကိဳးစားရင္းေပါ့

တစ္ခါတစ္ေလေတ့ သူ့လုိ ေနနိုင္ခ်င္လုိက္တာဆိုတဲ့ စကားေလး ေရရႊတ္မိတဲ့အထိ ဆႏၵေတြျဖစ္မိတယ္ ေသခ်ာတာတစ္ခုကေတာ့ သူ့လုိ ကြ်န္္မ ေနနိုင္သြားတဲ့တစ္ေန့ သူနဲ႕ ဘယ္ေတာ့မွ မဆံုေအာင္ ေ၀းၾကရေတာ့မွာ ..

မိန္းမသားတို့အတြက္
သွ်င္ယြန္း