ချစ်လို့ သဝန်တိုတာလဲတိုတာပေါ့ .. အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာတော့ ခွဲခြားတတ်ဖို့လိုတယ်

ကိုယ်က ချစ်လို့ဆိုပေမယ့် တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် ကိုယ့်အနားက တွန်းထုတ်လိုက်သလိုမျိုးတွေ ဖြစ်နေတတ်တယ် .. တချို့မိန်းကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာပေါ့ ချစ်ဖို့ပဲသိတယ် စိတ်ပျက်စရာတွေ ဖြစ်သွားမှန်းမသိတာတွေ အများကြီးရှိနေတတ်တယ်လေ …

တစ်ခါတစ်လေ ကိုယ်က အချော့ခံချင်လို့စိတ်ကောက်တာဆိုပေမယ့်လဲ သူအဆင်ပြေမှန်းမသိ အဆင်မပြေမှန်းမသိ အခြေအနေတွေကို မသိပဲ စိတ်ကောက်နေမိတဲ့အခါတစ်ဖက်အတွက်က စိတ်ပျက်စရာတွေ ဖြစ်သွားတတ်တယ်လေ …

မချော့ရကောင်းလားဆိုတဲ့ စိတ်ခုသွားသလို တစ်ဖက်မှာလဲ ဘာဖြစ်နေလဲဆိုတာတောင်မေးဖော်မရပါလားဆိုတဲ့အတွေးတွေ ဝင်သွားတတ်တယ် ဒါကြောင့်ဆင်ခြင်ပါ ကိုယ်ချစ်လို့ဆိုပေမယ့် တစ်ဖက်ကိုလဲ ဘာဖြစ်နေလဲ သိထားဖို့လိုသေးတယ် ..

တစ်ခါတစ်လေမှာ ယောက်ျားလေးဆိုတာကတော့ အပေါင်းအသင်းဆိုတာမျိုးရှိတတ်တယ် … မဖြစ်မနေ သွားရတဲ့နေရာမျိုးတွေ ရှိတတ်တယ် ငါမကြိုက်တာကိုလုပ်တာဆိုတဲ့စိတ်နဲ့ ဒေါသထွက် အော်ငေါက်မနေပဲ ယောက်ျားမာနဆိုတာလေးကို ထည့်တွက်ပေးပါ .. သူရှင်းပြတာကို နားထောင်ပေးကြည့်ပါ အခြေအမြစ်မရှိရင်တော့ တစ်မျိုးပေါ့

ကိုယ်က သိပ်ချစ်တာမှန်ပေမယ့်လဲ တစ်ခါတစ်ရံ ကိုယ်ကိုယ်တိုင်ကပဲ ကိုယ်သိပ်ချစ်တဲ့သူကို ကိုယ့်အနားက တွန်းထုတ်နေတာမျိုးတွေ ဖြစ်နေတတ်တယ် .. တကယ်ချစ်ရင် နားလည်မှုလေးတွေလိုအပ်တယ် အပြန်အလှန်ပေါ့ .. တစ်ခါတစ်ရံ ယုံကြည်မှုတွေလိုအပ်တယ် …

ချစ်လို့ သဝန်တိုတာလဲတိုတာပေါ့ .. အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာတော့ ခွဲခြားတတ်ဖို့လိုတယ် ဘယ်မိန်းကလေးနဲ့မှ ဆိုတဲ့အတွေးက တစ်ခါတစ်ရံ အဲ့ဒီမိန်းကလေးဆီ ကိုယ်ကိုယ်တိုင်တွန်းပို့လိုက်သလိုမျိုးတွေလဲ ရှိတတ်တယ်လေ …

တကယ်ချစ်ရင် တကယ် ပေါင်းဖက်စေချင်ပါတယ် ဘာပဲဖြစ်ဖြစ်နောင်တတွေရဲ့တစ်ဖက်မှာ နာကျင်နေရတာမျိုး ဘယ်သူ့ကိုမှ မဖြစ်စေချင်တော့ဘူး

မိန်းမသားတို့အတွက်
သျှင်ယွန်း








မိန်းမသားတို့အတွက်
သျှင်ယွန်း

Item added to cart.
0 items - Ks0.00