ဝေးမြဲဝေးနေသေးတဲ့ အိမ်အပြန်လမ်း ….

ဝေးမြဲဝေးနေသေးတဲ့ အိမ်အပြန်လမ်း ….

အိမ်တဲ့ … အိမ်ရဲ့အဝေးကြီးကို ရောက်မှ အိမ်ရဲ့ဝေါဟာရ အနှစ်သာရတွေကို ပိုပြီးသိလာခဲ့ရတယ် .. ဒီအိမ်ကို ကျောခိုင်းခဲ့တာ မလွမ်းလို့မှ မဟုတ်တာ ကိုယ့်တာဝန်တွေကိုထမ်းရင်းက အဝေးကနေ လွမ်းရတဲ့လမ်းကို ရွေးခဲ့ရတာပါ … တစ်ခါတစ်လေ သိပ်ကို တမ်းတတယ် လွမ်းရင်း ငိုရတယ် …

ဒီနေ့နဲ့ဆို အိမ်ဆိုတဲ့ အသိုက်အမြုံလေးကိုကျောခိုင်းလာခဲ့တာ … လေးနှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့ တစ်ခေါက်မှ ပြန်မရောက်ဖြစ်ခဲ့ဘူးလို့ပြောရင်နေစိမ့်လိုက်တာလို့ပြောလိမ့်မယ် မျှော်လင့်ချက်တွေကို အများကြီးထမ်းပိုးပြီးမှ ထွက်လာတဲ့လမ်းကို အနာတရတွေနဲ့တော့ ကျွန်မ မပြန်ချင်ဘူးလေ …

အခုဆို .. အိမ်ဆိုတဲ့အရိပ်အောက်မှာ ခိုမနေရပေမယ့် ခိုနေတဲ့လူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီနေနိုင်ခဲ့ပြီ ဒီပီတိလေးနဲ့ပဲ ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းနေထိုင်ခဲ့ရတာပါ … တချို့ရက်တွေမှာ ဘာပဲဖြစ်ဖြစ်ကွာဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို အတ္တကြီးချင်နေမိတယ်

ဒါပေမယ့် မဖြစ်သေးဘူးလေ … ကိုယ့်မှာအိပ်မက်တွေရှိသေးသလို အနောက်မှာရပ်နေတဲ့ ဘဝတွေရှိသေးတယ် ကိုယ်ခဏလွမ်းရတာပါ … ပြီးရင် ကိုယ်ဒီအိမ်လေးမှာ အနွေးထွေးဆုံးနေရတဲ့ရက်တွေကို အတိုးချပြီးတော့ ဒီအရိပ်ကမခွာပဲ တစ်သက်လုံးနေဖို့တွေးထားတယ်

ခုချိန်ထိတော့ အဝေးကနေလွမ်းရတုန်းပဲ … တစ်ခုခုဖြစ်တိုင်း ပြန်တမ်းတရတုန်းပဲ … အိမ်ပြန်လမ်းတွေဟာနဲ့ နောက်နှစ် နောက်နှစ်နဲ့ ဝေးနေတုန်းပါပဲ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေ၀းျမဲေ၀းေနေသးတဲ့ အိမ္အျပန္လမ္း ….

အိမ္တဲ့ … အိမ္ရဲ႕အေ၀းၾကီးကို ေရာက္မွ အိမ္ရဲ႕ေ၀ါဟာရ အနွစ္သာရေတြကို ပိုျပီးသိလာခဲ့ရတယ္ .. ဒီအိမ္ကို ေက်ာခိုင္းခဲ့တာ မလြမ္းလို့မွ မဟုတ္တာ ကိုယ့္တာ၀န္ေတြကိုထမ္းရင္းက အေ၀းကေန လြမ္းရတဲ့လမ္းကို ေရြးခဲ့ရတာပါ … တစ္ခါတစ္ေလ သိပ္ကို တမ္းတတယ္ လြမ္းရင္း ငိုရတယ္ …

ဒီေန့နဲ႕ဆို အိမ္ဆိုတဲ့ အသိုက္အျမံဳေလးကိုေက်ာခိုင္းလာခဲ့တာ … ေလးႏွစ္တင္းတင္းျပည့္တဲ့ေန့ေပါ့ တစ္ေခါက္မွ ျပန္မေရာက္ျဖစ္ခဲ့ဘူးလို့ေျပာရင္ေနစိမ့္လုိက္တာလို ့ေျပာလိမ့္မယ္ ေမ်ွာ္လင့္ခ်က္ေတြကို အမ်ားၾကီးထမ္းပိုးျပီးမွ ထြက္လာတဲ့လမ္းကို အနာတရေတြနဲ႕ေတာ့ ကြ်န္မ မျပန္ခ်င္ဘူးေလ …

အခုဆို .. အိမ္ဆုိတဲ့အရိပ္ေအာက္မွာ ခိုမေနရေပမယ့္ ခုိေနတဲ့လူေတြအတြက္ တစ္ဖက္တစ္လမ္းက ကူညီေနနိုင္ခဲ့ျပီ ဒီပီတိေလးနဲ႕ပဲ ခက္ခဲတဲ့ေန႔ရက္ေတြကို ျဖတ္သန္းေနထိုင္ခဲ့ရတာပါ … တခ်ိဳ႕ရက္ေတြမွာ ဘာပဲျဖစ္ျဖစ္ကြာဆုိတဲ့စိတ္နဲ႕ ကိုယ့္ကိုယ္ကို အတၱႂကီးခ်င္ေနမိတယ္

ဒါေပမယ့္ မျဖစ္ေသးဘူးေလ … ကိုယ့္မွာအိပ္မက္ေတြရွိေသးသလို အေနာက္မွာရပ္ေနတဲ့ ဘ၀ေတြရွိေသးတယ္ ကိုယ္ခဏလြမ္းရတာပါ … ျပီးရင္ ကိုယ္ဒီအိမ္ေလးမွာ အေႏြးေထြးဆံုးေနရတဲ့ရက္ေတြကို အတိုးခ်ျပီးေတာ့ ဒီအရိပ္ကမခြာပဲ တစ္သက္လံုးေနဖို့ေတြးထားတယ္

ခုခ်ိန္ထိေတာ့ အေ၀းကေနလြမ္းရတုန္းပဲ … တစ္ခုခုျဖစ္တုိင္း ျပန္တမ္းတရတုန္းပဲ … အိမ္ျပန္လမ္းေတြဟာနဲ႕ ေနာက္နွစ္ ေနာက္နွစ္နဲ့ ေ၀းေနတုန္းပါပဲ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း