ချစ်တယ်ပြောတတ်ရုံလောက်နဲ့တော့ ကျွန်မအနား မကပ်နဲ့

ချစ်တယ်ပြောတတ်ရုံလောက်နဲ့တော့ ကျွန်မအနား မကပ်နဲ့

ချစ်တယ်တဲ့ … အိမ်ဘေးနားက ကလေး မုန့်ဝယ်ကျွေးပြီး ချစ်တယ်ပြောခိုင်းရင်တောင်ပြောတတ်တာပဲကို ချစ်တယ် ပြောတတ်ရုံလောက်နဲ့တော့ ကျွန်မအနားကို မကပ်ပါနဲ့ အချစ်ဆိုတဲ့အနောက်မှာ ဂရုစိုက်တတ်ဖို့လဲ လိုအပ်သေးတယ် …

မိန်းကလေးတစ်ယောက်ကို ချစ်တယ်လို့ပြောပြီးရင် ပစ်မထားပါနဲ့ … ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့သူက ပစ်ထားတဲ့အခါ အတွေးတွေ အများကြီး ဝင်လာတတ်တယ် ဘာလို့လဲ ဘာကြောင့်လဲ မချစ်တော့ဘူးလား ဆိုတာမျိုးတွေ အမျိုးမျိုးတွေးနေတတ်တယ် …

မိန်းကလေးတစ်ယောက်ကို တကယ်နားမလည်ပါပဲနဲ့ နားလည်ပါတယ်လို့မပြောနဲ့ ဘာကြောင့်ဆို သူတော့ ငါ့ကို နားလည်ပေးမှာပါဆိုတဲ့အတွေးနဲ့ မျှော်လင့်ထားပြီးမှ လက်တွေ့မှာ ဘာတစ်ခုကိုမှ နားလည်မပေးနိုင်တဲ့အခါ ပိုပြီးနာကျင်ရတတ်တယ်

ချစ်တယ်ဆိုတဲ့ စကားလေး ပြောဖို့က ဘယ်ခက်ပါ့မလဲ … ဒါပေမယ့် အဲ့ဒီအနောက်မှာ ဂရုစိုက်မှုတွေ ကြင်နာမှု တွေ ပေးဖို့လိုအပ်တယ် … အမြဲတမ်း အလုပ်များနေတတ်သူတစ်ယောက်ဆိုရင် ဘယ်မိန်းကလေးကိုမှ မချစ်တာကောင်းမယ် မိန်းကလေးဆိုတာက သူနဲနဲလေး အားတာနဲ့ သတိရတတ်တာမျိုးလေ အဲ့လိုပဲ အချိန်ပေးတာကို လိုချင်တတ်ကြတယ် …

ချစ်တယ်တဲ့ … ရင်ခုန်သံတွေ မပါပဲနဲ့ပြောတဲ့ စကားဟာ လေထဲမှာပျောက်သွားရုံသက်သက်ပါ … အဲ့ထက်ပိုပြီးထူးမလာသလို ရည်းစားတစ်ယောက် ရသွားတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ခံလိုက်ရတာကလွဲလို့ဘာမှ ထူးမလာဘူးလေ …

ချစ်တယ်ပြောတတ်ရုံလောက်နဲ့တော့ ကျွန်မအနားကို ကပ်မလာပါနဲ့တော့ … နှစ်ယောက်လုံး စိတ်ရှုပ်ရလိမ့်မယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခ်စ္တယ္ေျပာတတ္ရံုေလာက္နဲ႕ေတာ့ ကြ်န္္မအနား မကပ္နဲ႕

ခ်စ္တယ္တဲ့ … အိမ္ေဘးနားက ကေလး မုန့္၀ယ္ေကြ်းျပီး ခ်စ္တယ္ေျပာခိုုင္းရင္ေတာင္ေျပာတတ္တာပဲကို ခ်စ္တယ္ ေျပာတတ္ရံုေလာက္နဲ႕ေတာ့ ကြ်န္မအနားကုိ မကပ္ပါနဲ႕ အခ်စ္ဆိုတဲ့အေနာက္မွာ ဂရုစိုက္တတ္ဖို့လဲ လုိအပ္ေသးတယ္ …

မိန္းကေလးတစ္ေယာက္ကို ခ်စ္တယ္လို ့ေျပာျပီးရင္ ပစ္မထားပါနဲ႕ … ကိုယ့္ကိုခ်စ္ပါတယ္ဆုိတဲ့သူက ပစ္ထားတဲ့အခါ အေတြးေတြ အမ်ားၾကီး ၀င္လာတတ္တယ္ ဘာလို့လဲ ဘာေၾကာင့္လဲ မခ်စ္္ေတာ့ဘူးလား ဆုိတာမ်ိဳးေတြ အမ်ိဳးမ်ိဳးေတြးေနတတ္တယ္ …

မိန္းကေလးတစ္ေယာက္ကို တကယ္နားမလည္ပါပဲနဲ႕ နားလည္ပါတယ္လုိ ့မေျပာနဲ႕ ဘာေၾကာင့္ဆို သူေတာ့ ငါ့ကို နားလည္ေပးမွာပါဆိုတဲ့အေတြးနဲ႕ ေမွ်ာ္လင့္ထားျပီးမွ လက္ေတြ့မွာ ဘာတစ္ခုကိုမွ နားလည္မေပးနိုင္တဲ့အခါ ပိုုျပီးနာက်င္ရတတ္တယ္

ခ်စ္တယ္ဆိုတဲ့ စကားေလး ေျပာဖုိ့က ဘယ္ခက္ပါ့မလဲ … ဒါေပမယ့္ အဲ့ဒီအေနာက္မွာ ဂရုစုိက္မႈေတြ ၾကင္နာမႈ ေတြ ေပးဖုို့လုိအပ္တယ္ … အျမဲတမ္း အလုပ္မ်ားေနတတ္သူတစ္ေယာက္ဆိုရင္ ဘယ္မိန္းကေလးကိုမွ မခ်စ္တာေကာင္းမယ္ မိန္းကေလးဆိုတာက သူနဲနဲေလး အားတာနဲ႕ သတိရတတ္တာမ်ိဳးေလ အဲ့လုိပဲ အခ်ိန္ေပးတာကို လုိခ်င္တတ္ၾကတယ္ …

ခ်စ္တယ္တဲ့ … ရင္ခုန္သံေတြ မပါပဲနဲ႕ေျပာတဲ့ စကားဟာ ေလထဲမွာေပ်ာက္သြားရံုသက္သက္ပါ … အဲ့ထက္ပုိျပီးထူးမလာသလုိ ရည္းစားတစ္ေယာက္ ရသြားတယ္ဆိုတဲ့ ေခါင္းစဥ္တပ္ခံလုိက္ရတာကလြဲလုိ ့ဘာမွ ထူးမလာဘူးေလ …

ခ်စ္တယ္ေျပာတတ္ရံုေလာက္နဲ႕ေတာ့ ကြ်န္္မအနားကို ကပ္မလာပါနဲ႕ေတာ့ … နွစ္ေယာက္လံုး စိတ္ရႈပ္ရလိမ့္မယ္ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း