Messenger … ကိုယ်ကတော့ သူနဲ့ဆက်သွယ်ဖို့သုံးတယ် သူကတော့ ကိုယ်မဟုတ်တဲ့ တစ်လောကလုံးနဲ့ ဆက်သွယ်ဖို့သုံးတယ်လေ ..

Messenger … ကိုယ်ကတော့ သူနဲ့ဆက်သွယ်ဖို့သုံးတယ် သူကတော့ ကိုယ်မဟုတ်တဲ့ တစ်လောကလုံးနဲ့ ဆက်သွယ်ဖို့သုံးတယ်လေ .. ကိုယ်က သူနဲ့ပြောဖို့ Data package တွေ အများကြီး ဝယ်ထားပေမယ့် သူက ကိုယ့်ကို ပြန်ပြောဖို့ Imm … Aww … ဆိုတဲ့ စကားလုံးတွေပဲ ရှိတယ် …

တစ်ချိန်က အဲ့ဒီလက်ချောင်းလေးတွေက ကျွန်မအတွက် သိပ်ကို Reply ပြန်ခဲ့ဖူးတယ် အခုချိန်မှာ စာရိုက်တာ သိပ်မြန်တဲ့လက်ချောင်လေးတွေ ကျွန်မအတွက် လေဖြတ်နေခဲ့ပြီထင်တယ် ကျွန်မ နဲ့ သူ Active Now ချင်းတူနေပေမယ့်လဲ သူက ကိုယ်မဟုတ်တဲ့ တစ်ယောက်သူတွေအတွက် စာပြန်တာမြန်တော့တယ်

တချို့ရက်တွေမှာ မနေနိုင်လို့ စကားတွေ သွားပြောနေမိတဲ့ကိုယ့်အဖြစ်တွေကလဲ ရှက်စရာ …ဆယ်ကြောင်းလောက်ရောက်ပြီးမှ အင်းတစ်လုံးပြန်ရောက်လာတဲ့အဖြစ်လေ …နောက်မှ နောင်တရရင် ငါ ဘာမှ မပို့ဖြစ် မပြောဖြစ်လိုက်ရင်အကောင်းသား ဆိုတဲ့နောင်တမျိုးပေါ့

ကိုယ့်ဘက်ကမှ စပြီးမပို့ရင် ဒီ Messenger က သင်္ချိုင်းလိုပါပဲ ခြောက်ကပ်တယ် သိပ်တိတ်ဆိတ်တယ် ပြီးတော့ ကိုယ်စခေါ်တော့လဲ အင်း နဲ့ အော်နဲ့ ဒီနှစ်လုံးကလွဲရင် ကိုယ့်အတွက် တခြားစကားလုံးတွေက မရှိတော့ဘူးလေ မပြောဖြစ်အောင်နေတယ် မပို့ဖြစ်အောင်ကိုယ့်ကိုယ်ကို တားတယ်

Messenger ကိုယ်က သူနဲ့ ဆက်သွယ်ဖို့သုံးပေမယ့်လဲ သူကတော့ ကိုယ်မဟုတ်တဲ့ တစ်လောကလုံးနဲ့ ဆက်သွယ်ဖို့ကို သုံးတယ် တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပုံချင်းကွာတယ်လေ ..

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

Messenger … ကုိယ္ကေတာ့ သူနဲ႕ဆက္သြယ္ဖုိ့သံုးတယ္ သူကေတာ့ ကုိယ္မဟုတ္တဲ့ တစ္ေလာကလံုးနဲ႕ ဆက္သြယ္ဖို့သံုးတယ္ေလ .. ကိုယ္က သူနဲ႕ေျပာဖုိ့ Data package ေတြ အမ်ားၾကီး ၀ယ္ထားေပမယ့္ သူက ကုိယ့္ကို ျပန္ေျပာဖို့ Imm … Aww … ဆိုတဲ့ စကားလံုးေတြပဲ ရွိတယ္ …

တစ္ခ်ိန္က အဲ့ဒီလက္ေခ်ာင္းေလးေတြက ကြ်န္မအတြက္ သိပ္ကို Reply ျပန္ခဲ့ဖူးတယ္ အခုခ်ိန္မွာ စာရိုက္တာ သိပ္ျမန္တဲ့လက္ေခ်ာင္ေလးေတြ ကြ်န္မအတြက္ ေလျဖတ္ေနခဲ့ျပီထင္တယ္ ကြ်န္မ နဲ႕ သူ Active Now ခ်င္းတူေနေပမယ့္လဲ သူက ကို္ယ္မဟုတ္တဲ့ တစ္ေယာက္သူေတြအတြက္ စာျပန္တာျမန္ေတာ့တယ္

တခ်ိဳ႕ရက္ေတြမွာ မေနနိုင္လို့ စကားေတြ သြားေျပာေနမိတဲ့ကိုယ့္အျဖစ္ေတြကလဲ ရွက္စရာ …ဆယ္ေၾကာင္းေလာက္ေရာက္ျပီးမွ အင္းတစ္လံုးျပန္ေရာက္လာတဲ့အျဖစ္ေလ …ေနာက္မွ ေနာင္တရရင္ ငါ ဘာမွ မပို့ျဖစ္ မေျပာျဖစ္လုိက္ရင္အေကာင္းသား ဆိုတဲ့ေနာင္တမ်ိဳးေပါ့

ကိုယ့္ဘက္ကမွ စျပီးမပို့ရင္ ဒီ Messenger က သခၤ်ိဳင္းလုိပါပဲ ေျခာက္ကပ္တယ္ သိပ္တိတ္ဆိတ္တယ္ ျပီးေတာ့ ကုိယ္စေခၚေတာ့လဲ အင္း နဲ႕ ေအာ္နဲ႕ ဒီနွစ္လံုးကလြဲရင္ ကိုယ့္အတြက္ တျခားစကားလံုးေတြက မရွိေတာ့ဘူးေလ မေျပာျဖစ္ေအာင္ေနတယ္ မပို့ျဖစ္ေအာင္ကိုယ့္ကိုယ္ကို တားတယ္

Messenger ကိုယ္က သူနဲ႕ ဆက္သြယ္ဖုိ့သံုးေပမယ့္လဲ သူကေတာ့ ကုိယ္မဟုတ္တဲ့ တစ္ေလာကလံုးနဲ႕ ဆက္သြယ္ဖုိ့ကို သံုးတယ္ တစ္ေယာက္နဲ႕တစ္ေယာက္ တန္ဖိုးထားပံုခ်င္းကြာတယ္ေလ ..

မိန္းမသားတို့အတြက္
သွ်င္ယြန္း