ရသင့်သလောက်ဒဏ်ရာလဲ ရခဲ့ပြီးပြီပဲ နာတတ်ဖို့သင့်ပါပြီ

ရသင့်သလောက်ဒဏ်ရာလဲ ရခဲ့ပြီးပြီပဲ နာတတ်ဖို့သင့်ပါပြီ

တချို့လက်တွေက ကိုယ်တွေးထားသလိုမဖြူတတ်ကြဘူး သူတို့လိုချင်တာတွေရှိလာမှသာ ကိုယ့်ဆီကို ကမ်းတတ်တာလေ .. တချို့ခြေထောက်တွေကလဲ အဲ့လိုပဲ ကိုယ့်ဆီသတိရလို့အလည်လာမဟုတ်ပဲ အကူအညီလိုမှသာ ချောင်းပေါက်မတတ်လာတတ်ကြတာပါ …

ပထမတစ်ခါ ဒုတိယတစ်ခါတွေ မပြောတော့ဘူး ကိုယ်ရခဲ့တဲ့ဒဏ်ရာတွေဟာ ရေတွက်လို့မရအောင် များလှပြီလေ ဒါပေမယ့် ကိုယ်ညံ့ခဲ့တာမဟုတ်ပဲ သနားတတ်ခဲ့ရုံပါ အားနာတတ်ခဲ့ရုံပါ ဒီလူမကောင်းမှန်းသိရင်တောင် မျက်နှာလွဲပြီး မနေနိုင်တဲ့သူပေါ့ …

ဒါပေမယ့် ဒီတိုင်းဆက်ပြီးနေသွားလို့မရတော့ဘူးဆိုတာ တဖြေးဖြေး ကိုယ်ရိပ်မိလာခဲ့တယ် … ဒီတိုင်းဆက်ပြီး ခေါင်းငုံ့ထားမယ်ဆိုရင် ကိုယ့်ကို နင်းရင်းနင်းရင်းက ကိုယ်မသိခင် ကိုယ်က နင်းပြားဖြစ်သွားရတတ်တယ်လေ သနားတတ်တယ်ဆိုပေမယ့် အခွင့်အရေးယူတတ်တဲ့သူကို မသနားသင့်တော့ဘူး

အားနာတတ်တယ်ဆိုပေမယ့်လဲ အနိုင်ကျင့်တဲ့သူတွေအပေါ် အားမနာသင့်တော့ဘူး ပြတ်သားသင့်သလောက် ပြတ်သားမှပဲ ကိုယ် အဆင်ပြေသင့်သလောက် ပြေလာမှာပါ … ရသင့်သလောက် ဒဏ်ရာတွေလဲရခဲ့ပြီးပြီလေ သင်ခန်းစာတွေလဲ ရသင့်ပြီဖြစ်သလို နာသင့်သလောက်လဲ နာတတ်သင့်ပြီ …

ဒီနေ့ခေတ်မှာ လူတော်များများ သူ့ဖက်ကိုယ့်ဖက် မကြည့်တတ်ကြဘူး သူတို့သိတာ ဘယ်သူ့ကို ဘယ်လိုဖျံကျရမလဲဆိုတာလောက်နဲ့ ငြိမ်ခံနေတဲ့သူကို အ လိုက်တာဆိုပြီး အနိုင်ယူဖို့လောက်ပဲ သိတတ်ကြတော့တာလေ …

ငုံ့ထားတဲ့ ခေါင်းကို ပြန်မော့လိုက်တော့ ချထားတဲ့မာနလေး ခေါင်းပေါ်ပြန်တင်လိုက်တော့ ဒဏ်ရာတွေလဲ ထပ်လှနေပြီ တစ်ပါးသူကို ကူရင်း ကိုယ့်ကိုယ်ကို ဒုက္ခတောထဲ နစ်မသွားသေးခင် သင်ခန်းစာတွေ ယူသင့်နေပြီလေ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ရသင့္သေလာက္ဒဏ္ရာလဲ ရခဲ့ျပီးျပီပဲ နာတတ္ဖို့သင့္ပါျပီ

တခ်ိဳ႕လက္ေတြက ကိုယ္ေတြးထားသလုိမျဖဴတတ္ၾကဘူး သူတို့လိုခ်င္တာေတြရွိလာမွသာ ကုိယ့္ဆီကို ကမ္းတတ္တာေလ .. တခ်ိဳ႕ေျခေထာက္ေတြကလဲ အဲ့လိုပဲ ကိုယ့္ဆီသတိရလုိ ့အလည္လာမဟုတ္ပဲ အကူအညီလုိမွသာ ေခ်ာင္းေပါက္မတတ္လာတတ္ၾကတာပါ …

ပထမတစ္ခါ ဒုတိယတစ္ခါေတြ မေျပာေတာ့ဘူး ကိုယ္ရခဲ့တဲ့ဒဏ္ရာေတြဟာ ေရတြက္လုိ့မရေအာင္ မ်ားလွျပီေလ ဒါေပမယ့္ ကိုယ္ညံ့ခဲ့တာမဟုတ္ပဲ သနားတတ္ခဲ့ရံုပါ အားနာတတ္ခဲ့ရံုပါ ဒီလူမေကာင္းမွန္းသိရင္ေတာင္ မ်က္နွာလြဲျပီး မေနနိုင္တဲ့သူေပါ့ …

ဒါေပမယ့္ ဒီတုိင္းဆက္ျပီးေနသြားလုိ့မရေတာ့ဘူးဆိုတာ တေျဖးေျဖး ကုိယ္ရိပ္မိလာခဲ့တယ္ … ဒီတုိင္းဆက္ျပီး ေခါင္းငံု႕ထားမယ္ဆိုရင္ ကုိယ့္ကို နင္းရင္းနင္းရင္းက ကိုယ္မသိခင္ ကုိယ္က နင္းျပားျဖစ္သြားရတတ္တယ္ေလ သနားတတ္တယ္ဆိုေပမယ့္ အခြင့္အေရးယူတတ္တဲ့သူကို မသနားသင့္ေတာ့ဘူး

အားနာတတ္တယ္ဆုိေပမယ့္လဲ အနိုင္က်င့္တဲ့သူေတြအေပၚ အားမနာသင့္ေတာ့ဘူး ျပတ္သားသင့္သေလာက္ ျပတ္သားမွပဲ ကိုယ္ အဆင္ေျပသင့္သေလာက္ ေျပလာမွာပါ … ရသင့္သေလာက္ ဒဏ္ရာေတြလဲရခဲ့ျပီးျပီေလ သင္ခန္းစာေတြလဲ ရသင့္ျပီျဖစ္သလုိ နာသင့္သေလာက္လဲ နာတတ္သင့္ျပီ …

ဒီေန့ေခတ္မွာ လူေတာ္မ်ားမ်ား သူ့ဖက္ကိုယ့္ဖက္ မၾကည့္တတ္ၾကဘူး သူတို့သိတာ ဘယ္သူ့ကုိ ဘယ္လုိဖ်ံက်ရမလဲဆုိုတာေလာက္နဲ့ ျငိမ္ခံေနတဲ့သူကို အ လုိက္တာဆိုျပီး အနို္င္ယူဖို့ေလာက္ပဲ သိတတ္ၾကေတာ့တာေလ …

ငံု႔ထားတဲ့ ေခါင္းကို ျပန္ေမာ့လုိက္ေတာ့ ခ်ထားတဲ့မာနေလး ေခါင္းေပၚျပန္္တင္လုိက္ေတာ့ ဒဏ္ရာေတြလဲ ထပ္လွေနျပီ တစ္ပါးသူကို ကူရင္း ကိုယ့္ကုိယ္ကိုိ ဒုကၡေတာထဲ နစ္မသြားေသးခင္ သင္ခန္းစာေတြ ယူသင့္ေနျပီေလ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း