မိသားစုအပေါ် ပိုပြီးတွယ်တတ်တဲ့သူက ပိုပြီးပင်ပန်းရတာပါ …

မိသားစုအပေါ် ပိုပြီးတွယ်တတ်တဲ့သူက ပိုပြီးပင်ပန်းရတာပါ …

အကြီးဆုံးမို့ အငယ်ဆုံးမို့ အလတ်မို့ မိသားစုမှာ ပိုပြီး တာဝန်ယူရတယ်လို့ မရှိပါဘူး တချို့ အကြီးဆုံးဖြစ်ပြီး ကိုယ့်မိသားစုကို ပစ်ထားတဲ့သူတွေလဲ တစ်ပုံကြီးပါ အငယ်ဆုံးဖြစ်ပြီး ကိုယ့်မိသားစုကို ပြန်ငဲ့မကြည့်တဲ့သူတွေလဲ အများကြီးပါပဲ အလတ်ဖြစ်ပြီး ကိုယ့်မိသားစုကို မငဲ့ကွက်တဲ့လူတွေလဲ ရှိတာပဲလေ …

မိသားစုတစ်ခုမှာ မိသားစုစိတ်ဓာတ်ရှိတဲ့သူ မိသားစုကို ပိုပြီးတွယ်တာတတ်တဲ့သူကသာ မိသားစုအတွက် ပိုပြီးပင်ပန်းရတာပါ … မိသားစုကို သိပ်ကို တွယ်တာလွန်းတဲ့လူတွေက တစ်ခုခုမလုပ်ခင်မှာ ကိုယ့်မိသားစုအတွက်ကို အရင်တွေးတယ် …

ကိုယ်တစ်ယောက်တည်း ကောင်းစားရမယ့်အရေးဆို မျက်နှာလွဲပြီး မိသားစုနဲ့အတူပဲ ဒုက္ခခံဖို့ပဲရွေးတယ် .. နောက်ဆုံး သူ့အိပ်မက်တွေနဲ့ မိသားစုယဉ်လာတဲ့အခါ ကိုယ့်မိသားစုအတွက် ကိုယ့်အိပ်မက်တွေကို ရင်နာနာနဲ့ မေ့ပစ်လိုက်ရတာတွေလဲ အများကြီးပဲ

ကိုယ်အဆင်မပြေနေရင် အားလုံး အဆင်မပြေဖြစ်နေလိမ့်မယ်ဆိုတဲ့အတွေးကြောင့် မြိုသိပ်ပစ်ရတာတွေလဲ အများကြီးပါ … မိသားစုကို တွယ်တာတတ်တဲ့သူတွေက အဝေးကို မသွားတတ်ကြဘူး အိမ်မှာနေရင်း လိုနေတဲ့ ကွက်လပ်တွေကို ဖြည့်ရင်း ပတ်ဝန်းကျင်ကတော့ လူပိုကြီးလို့ထင်တတ်ကြတယ်

အိပ်မက်တွေမရှိတော့တာမဟုတ်ပဲ အိပ်မက်တွေထက် ကိုယ့်မိသားစုလေးကို ပိုပြီးတွယ်တာပစ်ခဲ့တာလေ ရည်မှန်းချက်တွေ မထားခဲ့တာမဟုတ်ပဲ မိသားစုနဲ့ကိုယ့်ရည်မှန်းချက်ကို လဲပစ်ခဲ့တာပါ ဒါတွေကို ဘယ်သူမှ မမြင်တတ်ပါဘူး

တစ်ခါတစ်လေကျတော့ ငါကဘာလဲဆိုတဲ့အတွေးနဲ့ သိမ်ငယ်နေတတ်တာကို ဘယ်သူမှ မမြင်တတ်ကြဘူး လူပါ အဝေးကို ရောက်နေခဲ့ရင်တောင် အိမ်အတွက်ဆိုတဲ့ စိတ်လေးတစ်ခုပဲ ရှိတဲ့သူမှာ ဘယ်လောက်ပင်ပန်းနေမလဲ ဆိုပြီး စာနာကြည့်ပေးတတ်ကြရင်ကောင်းမယ်

မိသားစုတစ်ခုမှာ အကြီးမို့ပိုပင်ပန်းရတယ် အငယ်မို့ပိုပင်ပန်းရတယ် ဆိုပြီး မရှိပါဘူး မိသားစုကို ပိုတွယ်တာတတ်တဲ့သူကသာ ပိုပင်ပန်းရတာပါ ပြီးတော့ မြိုသိပ်ပစ်ရတာလဲ များတယ်လေ …

သျှင်ယွန်း

မိသားစုအေပၚ ပိုျပီးတြယ္တတ္တဲ့သူက ပုိျပီးပင္ပန္းရတာပါ …

အၾကီးဆံုးမို့ အငယ္ဆံုးမို့ အလတ္မို့ မိသားစုမွာ ပိုျပီး တာ၀န္ယူရတယ္လုိ့ မရွိပါဘူး တခ်ိဳ႕ အၾကီးဆံုးျဖစ္ျပီး ကိုယ့္မိသားစုကို ပစ္ထားတဲ့သူေတြလဲ တစ္ပံုၾကီးပါ အငယ္ဆံုးျဖစ္ျပီး ကုိယ့္မိသားစုကို ျပန္ငဲ့မၾကည့္တဲ့သူေတြလဲ အမ်ားၾကီးပါပဲ အလတ္ျဖစ္ျပီး ကိုယ့္မိသားစုကို မငဲ့ကြက္တဲ့လူေတြလဲ ရွိတာပဲေလ …

မိသားစုတစ္ခုမွာ မိသားစုစိတ္ဓာတ္ရွိတဲ့သူ မိသားစုကို ပိုျပီးတြယ္တာတတ္တဲ့သူကသာ မိသားစုအတြက္ ပိုျပီးပင္ပန္းရတာပါ … မိသားစုကို သိပ္ကို တြယ္တာလြန္းတဲ့လူေတြက တစ္ခုခုမလုပ္ခင္မွာ ကုိယ့္မိသားစုအတြက္ကို အရင္ေတြးတယ္ …

ကုိယ္တစ္ေယာက္တည္း ေကာင္းစားရမယ့္္အေရးဆို မ်က္ႏွာလဲြျပီး မိသားစုနဲ႕အတူပဲ ဒုကၡခံဖုိ့ပဲေရြးတယ္ .. ေနာက္ဆံုး သူ့အိပ္မက္ေတြနဲ႕ မိသားစုယဥ္လာတဲ့အခါ ကိုယ့္မိသားစုအတြက္ ကို္ယ့္အိပ္မက္ေတြကို ရင္နာနာနဲ႕ ေမ့ပစ္လုိက္ရတာေတြလဲ အမ်ားၾကီးပဲ

ကုိယ္အဆင္မေျပေနရင္ အားလံုး အဆင္မေျပျဖစ္ေနလိမ့္မယ္ဆိုတဲ့အေတြးေၾကာင့္ ျမိဳသိပ္ပစ္ရတာေတြလဲ အမ်ားၾကီးပါ … မိသားစုကို တြယ္တာတတ္တဲ့သူေတြက အေ၀းကို မသြားတတ္ၾကဘူး အိမ္မွာေနရင္း လုိေနတဲ့ ကြက္လပ္ေတြကို ျဖည့္ရင္း ပတ္၀န္္းက်င္ကေတာ့ လူပိုၾကီးလုို့ထင္တတ္ၾကတယ္

အိပ္မက္ေတြမရွိေတာ့တာမဟုတ္ပဲ အိပ္မက္ေတြထက္ ကိုယ့္မိသားစုေလးကို ပိုျပီးတြယ္တာပစ္ခဲ့တာေလ ရည္မွန္းခ်က္ေတြ မထားခဲ့တာမဟုတ္ပဲ မိသားစုနဲ႕ကုိယ့္ရည္မွန္းခ်က္ကို လဲပစ္ခဲ့တာပါ ဒါေတြကို ဘယ္သူမွ မျမင္တတ္ပါဘူး

တစ္ခါတစ္ေလက်ေတာ့ ငါကဘာလဲဆုိတဲ့အေတြးနဲ႕ သိမ္ငယ္ေနတတ္တာကို ဘယ္သူမွ မျမင္တတ္ၾကဘူး လူပါ အေ၀းကို ေရာက္ေနခဲ့ရင္ေတာင္ အိမ္အတြက္ဆိုတဲ့ စိတ္ေလးတစ္ခုပဲ ရွိတဲ့သူမွာ ဘယ္ေလာက္ပင္ပန္းေနမလဲ ဆိုျပီး စာနာၾကည့္ေပးတတ္ၾကရင္ေကာင္းမယ္

မိသားစုတစ္ခုမွာ အၾကီးမုိ့ပိုပင္ပန္းရတယ္ အငယ္မို့ပုိပင္ပန္းရတယ္ ဆုိျပီး မရွိပါဘူး မိသားစုကို ပိုတြယ္တာတတ္တဲ့သူကသာ ပုိပင္ပန္းရတာပါ ျပီးေတာ့ ျမိဳသိပ္ပစ္ရတာလဲ မ်ားတယ္ေလ …

သွ်င္ယြန္း