ဒီတစ်ခါငိုဖြစ်ခဲ့ရင် မှန်ကြည့်ပြီးပဲ ငိုမယ်

ဒီတစ်ခါငိုဖြစ်ခဲ့ရင် မှန်ကြည့်ပြီးပဲ ငိုမယ်

အရင်ကတော့ ထစ်ကနဲရှိ မျက်ရည်ကျခဲ့ဖူးတယ် တစ်ခုခုဖြစ်ရင် ခံစားရရင် အရင်ဆုံးကိုယ့်ကို အဖော်ပြုတာက ကိုယ့်မျက်ရည်လေ မငိုပါနဲ့လို့ဘယ်လောက်ပဲတားနေပါစေ တစ်ခုခုကြောင့် နာကျင်ရတဲ့အခါမှာတော့ ပထမဆုံး မျက်ရည်တွေကျတယ်

ဒါပေမယ့် ခုတော့ အဲ့လောက်အသည်းမနုတော့ပါဘူး ငိုချင်နေတာတောင် မျက်ရည်ပဲဝိုင်းတယ် မျက်ရည်တွေကျမလာတော့ဘူး ရင့်ကျက်သွားတာလားတဲ့ ဘယ်ကသာ ရင့်ကျက်ရမှာလဲ ရှက်တတ်လာရုံပါ ကိုယ်ကျတဲ့မျက်ရည်တွေကို ခဏခဏ လှောင်ခံရတဲ့အခါ ကိုယ်မျက်ရည်ကျရမှာ ရှက်တတ်လာတာ

ကိုယ့်အနီးနားကလူတွေတောင် အရင်က နားလည်ပေးမယ်ထင်ခဲ့မိတာပေါ့ ဒါပေမယ့် ကိုယ်ကျတဲ့မျက်ရည်တွေဟာ သူတို့အတွက်တော့ ဟားစရာသက်သက်ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်လေ မျက်ရည်တွေဟာ ကိုယ့်ရဲ့အားနည်းချက်တွေ ဖြစ်လာတဲ့အခါ အတတ်နိုင်ဆုံးမငိုဖြစ်အောင် ထိန်းတယ်

ဘာကြောင့်မျက်ရည်ကျတာလဲလို့မမေးပါပဲ မျက်ရည်လွယ်လိုက်တာဆိုတဲ့စကား ကိုယ့်ကိုနားလည်စေချင်သူရဲ့ နှုတ်ကထွက်လာတဲ့အခါ ကျွန်မ နာကျင်ရတယ် နောက်တစ်ခါ သူ့ရဲ့ရှေ့မှာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ ဆုံးဖြတ်ချက်လေးပါ တစ်ခါတည်းချလိုက်မိတယ်

ဒီတစ်ခါ ငိုဖြစ်ခဲ့ရင်တော့ မှန်ကြည့်ပြီးပဲငိုမယ် ချာလီချက်ပလင်ကပြောတယ် မှန်ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံးမိတ်ဆွေတဲ့ ကိုယ်ငိုနေတဲ့အခါ မှန်ထဲက လူက ဘယ်တော့မှ မရီဘူးတဲ့ ဟုတ်တယ် ကျွန်မ ငိုနေတဲ့အခါ အပြစ်မတင်တဲ့သူ ကျွန်မငိုနေတာကို လှောင်မရီတာဆိုလို့ မှန်ထဲကလူတစ်ယောက်ပဲ ရှိတယ်လေ

ဒီတစ်ခါ နာနာကျင်ကျင်ခံစားရလို့ ငိုဖြစ်ခဲ့ရင်တော့ ဘယ်သူမှမသိအောင်ငိုမယ် ပြီးတော့ မှန်ကြည့်ပြီးပဲ ငိုမယ်

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီတစ္ခါငိုျဖစ္ခဲ့ရင္ မွန္ၾကည့္ျပီးပဲ ငိုမယ္

အရင္ကေတာ့ ထစ္ကနဲရွိ မ်က္ရည္က်ခဲ့ဖူးတယ္ တစ္ခုခုျဖစ္ရင္ ခံစားရရင္ အရင္ဆံုးကိုယ့္ကို အေဖာ္ျပဳတာက ကုိယ့္မ်က္ရည္ေလ မငိုပါနဲ႕လုိ ့ဘယ္ေလာက္ပဲတားေနပါေစ တစ္ခုခုေၾကာင့္ နာက်င္ရတဲ့အခါမွာေတာ့ ပထမဆံုး မ်က္ရည္ေတြက်တယ္

ဒါေပမယ့္ ခုေတာ့ အဲ့ေလာက္အသည္းမနုေတာ့ပါဘူး ငိုခ်င္ေနတာေတာင္ မ်က္ရည္ပဲ၀ိုင္းတယ္ မ်က္ရည္ေတြက်မလာေတာ့ဘူး ရင့္က်က္သြားတာလားတဲ့ ဘယ္ကသာ ရင့္က်က္ရမွာလဲ ရွက္တတ္လာရံုပါ ကိုယ္က်တဲ့မ်က္ရည္ေတြကို ခဏခဏ ေလွာင္ခံရတဲ့အခါ ကိုယ္မ်က္ရည္က်ရမွာ ရွက္တတ္လာတာ

ကိုယ့္အနီးနားကလူေတြေတာင္ အရင္က နားလည္ေပးမယ္ထင္ခဲ့မိတာေပါ့ ဒါေပမယ့္ ကုိယ္က်တဲ့မ်က္ရည္ေတြဟာ သူတုိ့အတြက္ေတာ့ ဟားစရာသက္သက္ျဖစ္မွန္းမသိ ျဖစ္ခဲ့ရတယ္ေလ မ်က္ရည္ေတြဟာ ကိုယ့္ရဲ႕အားနည္းခ်က္ေတြ ျဖစ္လာတဲ့အခါ အတတ္နိုင္ဆံုးမငိုျဖစ္ေအာင္ ထိန္းတယ္

ဘာေၾကာင့္မ်က္ရည္က်တာလဲလုိ ့မေမးပါပဲ မ်က္ရည္လြယ္လုိက္တာဆိုတဲ့စကား ကိုယ့္ကိုနားလည္ေစခ်င္သူရဲ့ နႈတ္ကထြက္လာတဲ့အခါ ကြ်န္မ နာက်င္ရတယ္ ေနာက္တစ္ခါ သူ႕ရဲ႕ေရွ့မွာ ဘယ္ေတာ့မွ မငိုဘူးဆိုတဲ့ ဆံုးျဖတ္ခ်က္ေလးပါ တစ္ခါတည္းခ်လုိက္မိတယ္

ဒီတစ္ခါ ငိုျဖစ္ခဲ့ရင္ေတာ့ မွန္ၾကည့္ျပီးပဲငိုမယ္ ခ်ာလီခ်က္ပလင္ကေျပာတယ္ မွန္ဆိုတာ ကိုယ့္ရဲ႕အေကာင္းဆံုးမိတ္ေဆြတဲ့ ကုိယ္ငိုေနတဲ့အခါ မွန္ထဲက လူက ဘယ္ေတာ့မွ မရီဘူးတဲ့ ဟုတ္တယ္ ကြ်န္မ ငိုေနတဲ့အခါ အျပစ္မတင္တဲ့သူ ကြ်န္မငိုေနတာကို ေလွာင္မရီတာဆုိလို့ မွန္ထဲကလူတစ္ေယာက္ပဲ ရွိတယ္ေလ

ဒီတစ္ခါ နာနာက်င္က်င္ခံစားရလို့ ငိုျဖစ္ခဲ့ရင္ေတာ့ ဘယ္သူမွမသိေအာင္ငိုမယ္ ျပီးေတာ့ မွန္ၾကည့္ျပီးပဲ ငိုမယ္

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း