ပြတ်သွားတဲ့ ကြိုးလေးတစ်ချောင်းကို ပြန်ပြီးဆက်တဲ့အခါ …

ပြတ်သွားတဲ့ကြိုးလေးတွေကို ပြန်ဆက်တဲ့အခါ …

ပြတ်သွားတဲ့ကြိုးလေးတွေကို ပြန်ဆက်တဲ့အခါ ဆက်ထုံးဆိုတဲ့အရာလေးတွေ ကျန်တတ်တယ် ဘယ်လောက်ပဲခိုင်တယ်ပြောပြော အရင်လိုတော့ မချော့မွေ့တတ်တော့ဘူးပေါ့ပြီးတော့ အဖုအထစ်လေးတွေများလာတဲ့အခါ ကြိုးလေးတစ်ချောင်းနဲ့တူတဲ့ ဆက်ဆံရေးတွေဟာလဲ မလှပတတ်ဘူး

သံယောဇဉ်ကြိုးတဲ့ ရစ်နှောင်ခံတဲ့ကိုယ်အတွက်ပဲ ခိုင်လွန်းတာပါ ဘာဓားနဲ့ဖြတ်ဖြတ် မပြတ်ဘူးဆိုတဲ့ ကြိုးတွေဟာ သစ္စာဖောက်ခြင်းတွေကြောင့်နဲ့တော့ တိကနဲပြတ်တတ်တယ် ချစ်တဲ့စိတ်လေးကြောင့် ခွင့်လွှတ်လိုက်ရင်တောင် ပြန်ဆက်လိုက်တဲ့ကြိုးလေးကြောင့် နှလုံးသားမှာ ဆက်ထုံးလေး ထင်သွားတတ်တယ်လေ

ကိုယ်က ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေးလိုက်ပေမယ့်လဲ အတိတ်ကို ပြန်သတိရတဲ့အခါတိုင်းတော့ အဲ့ဒီတုန်းက နာကျင်မှုတွေက ပြန်ပြီး နှိပ်စက်တတ်တယ် သူ့ကို ပိုင်ဆိုင်ပြီးသွားရင်တောင် နောက်တစ်ကြိမ်ပြန်ဆုံးရှုံးခဲ့ရင်ဆိုတဲ့ စိတ်က နှိပ်စက်နေတတ်တယ်

ဒါကို အများစုက သတ်မှတ်ကြတာ သံသယတဲ့ တကယ်တမ်းကျတော့ ကျွန်မကိုယ်တိုင်ကလဲ ယုံကြည်ချင်နေတာပါ ဒါပေမယ့် ဆက်ထုံးတွေသိပ်များနေတဲ့ နှလုံးသားက အရင်လို အလုံးစုံကြီး ယုံကြည်ပေးနိုင်ဖို့ ခက်နေတတ်တာကိုတော့ နားလည်ပါ အတိတ်ကို ပြန်တွေးတဲ့အခါတိုင်း အဲ့တုန်းက နာကျင်ခဲ့သလို ပြန်ပြီး နာကျင်ရတယ်

ပြတ်သွားတဲ့ ကြိုးလေးတစ်ချောင်းကို ပြန်ပြီးဆက်တဲ့အခါ … ရင်ဘတ်ထဲမှာ ဆက်ထုံးတွေထင်လာတတ်တယ် ဆက်ထုံးတွေများလာတာနဲ့အမျှ ယုံကြည်ရလဲ ခက်လာတယ်လေ

မိန်းမသားတို့အတွက်
သျှင်ယွန်း

ျပတ္သြားတဲ့ၾကိဳးေလးေတြကို ျပန္ဆက္တဲ့အခါ …

ျပတ္သြားတဲ့ၾကိဳးေလးေတြကို ျပန္ဆက္တဲ့အခါ ဆက္ထံုးဆိုုတဲ့အရာေလးေတြ က်န္တတ္တယ္ ဘယ္ေလာက္ပဲခိုင္တယ္ေျပာေျပာ အရင္လိုေတာ့ မေခ်ာ့ေမြ့တတ္ေတာ့ဘူးေပါ ့ျပီးေတာ့ အဖုအထစ္ေလးေတြမ်ားလာတဲ့အခါ ၾကိဳးေလးတစ္ေခ်ာင္းနဲ႕တူတဲ့ ဆက္ဆံေရးေတြဟာလဲ မလွပတတ္ဘူး

သံေယာဇဥ္ၾကိဳးတဲ့ ရစ္ေနွာင္ခံတဲ့ကိုယ္အတြက္ပဲ ခုိင္လြန္းတာပါ ဘာဓားနဲ႔ျဖတ္ျဖတ္ မျပတ္ဘူးဆိုတဲ့ ၾကိဳးေတြဟာ သစၥာေဖာက္ျခင္းေတြေၾကာင့္နဲ႕ေတာ့ တိကနဲျပတ္တတ္တယ္ ခ်စ္တဲ့စိတ္ေလးေၾကာင့္ ခြင့္လႊတ္လို္က္ရင္ေတာင္ ျပန္္ဆက္လုိက္တဲ့ၾကိဳးေလးေၾကာင့္ နွလံုးသားမွာ ဆက္ထံုးေလး ထင္သြားတတ္တယ္ေလ

ကိုယ္က ခ်စ္တဲ့စိတ္နဲ႕ ခြင့္လႊတ္ေပးလိုက္ေပမယ့္လဲ အတိတ္ကို ျပန္သတိရတဲ့အခါတိုင္းေတာ့ အဲ့ဒီတုန္းက နာက်င္မႈေတြက ျပန္ျပီး နွိပ္စက္တတ္တယ္ သူ့ကို ပုိင္ဆိုင္ျပီးသြားရင္ေတာင္ ေနာက္တစ္ၾကိမ္ျပန္ဆံုးရံႈးခဲ့ရင္ဆိုတဲ့ စိတ္က နွိပ္စက္ေနတတ္တယ္

ဒါကို အမ်ားစုက သတ္မွတ္ၾကတာ သံသယတဲ့ တကယ္တမ္းက်ေတာ့ ကြ်န္မကိုယ္တိုင္ကလဲ ယံုၾကည္ခ်င္ေနတာပါ ဒါေပမယ့္ ဆက္ထံုးေတြသိပ္မ်ားေနတဲ့ နွလံုးသားက အရင္လို အလံုးစံုၾကီး ယံုၾကည္ေပးနုိင္ဖို့ ခက္ေနတတ္တာကိုေတာ့ နားလည္ပါ အတိတ္ကို ျပန္ေတြးတဲ့အခါတိုင္း အဲ့တုန္းက နာက်င္ခဲ့သလုိ ျပန္ျပီး နာက်င္ရတယ္

ျပတ္သြားတဲ့ ၾကိဳးေလးတစ္ေခ်ာင္းကို ျပန္ျပီးဆက္တဲ့အခါ … ရင္ဘတ္ထဲမွာ ဆက္ထံုးေတြထင္လာတတ္တယ္ ဆက္ထံုးေတြမ်ားလာတာနဲ႕အမ်ွ ယံုၾကည္ရလဲ ခက္လာတယ္ေလ

မိန္းမသားတို့အတြက္
သွ်င္ယြန္း