သူချစ်တတ်လာတဲ့တစ်နေ့ကျရင် ….

သူချစ်တတ်လာတဲ့တစ်နေ့ကျရင် ကျွန်မ ဘယ်လောက်ထိနာကျင်ခဲ့ရလဲဆိုတာ သူစာနာလိမ့်မယ်

မချစ်တတ်တဲ့သူတစ်ယောက်က ချစ်တတ်သူတစ်ယောက်ရဲ့ ဒဏ်ရာတွေကို မစာနာနိုင်သလိုပါပဲ ကျွန်မဘာကြောင့် နာကျင်နေရလဲဆိုတာ သူအခုချိန်ထိတော့ နားလည်နိုင်ဦးမှာမဟုတ်ပါဘူး ချစ်တယ်ဆိုတဲ့စကားပြောတတ်ပေမယ့်လဲ တကယ်မချစ်တတ်သေးဘူးလေ

တစ်နေ့ သူချစ်တတ်လာတဲ့တစ်နေ့ကျရင် ကျွန်မ ဘယ်လောက်ထိနာကျင်ခဲ့ရလဲဆိုတာ သူစာနာလိမ့်မယ် ဘာမှမဟုတ်ပဲနဲ့ ဘာလို့ဒီလောက်ဖြစ်နေတာလဲဆိုတဲ့ သူရဲ့မေးခွန်းတွေကို သူကိုယ်တိုင် အဖြေသိလာလိမ့်မယ် အကြောင်းတွေမရှိပဲနဲ့ ဘာကြောင့် ဖုန်းတွေခဏခဏဆက်နေတာလဲဆိုတဲ့ အဖြေကို သူသိလာလိမ့်မယ်

ဘာအကြောင်းပြချက်မှမရှိပဲ သူ့ကိုကြည့်ရင်း ဝမ်းနည်းသွားတဲ့ ရက်တွေရှိခဲ့ဖူးတယ် တစ်ခါတစ်လေ ပြေးတွေ့ချင်လောက်အောင်ကို လွမ်းလို့တစ်ခါတစ်လေ သူမရှိတော့ရင်ဆိုတဲ့ အတွေးလေးဝင်လာလို့တစ်နေ့ အကြောင်းပြချက်မရှိမျက်ရည်တွေကျနေရတဲ့အဖြေကို သူသိလာလိမ့်မယ်

ဘာမဟုတ်တာလေးနဲ့ ကိုယ်က နေရာတကာကို ရင်ဘတ်နဲ့ရင်းထားမိတော့ ဘာမဟုတ်တာလေးကအစ ရင်တွေနာရတယ်လေ စတာပါဆိုပေမယ့် တကယ်ကြီးများဖြစ်သွားရင်ဆိုတဲ့အတွေးတွေးတတ်တာကို သူမသိခဲ့ဘူး ပြီးတော့ သူသိဖို့လဲ မကြိုးစားခဲ့ဘူး

တစ်နေ့ကျရင်တော့ ဘာကြောင့်ကျွန်မ ဒီလိုတွေဖြစ်နေတာလဲဆိုတာ သူ စာနာလာပါလိမ့်မယ် ခုချိန်မှာ ရှင်းပြလို့လဲ အပိုဖြစ်ရုံကလွဲလို့ ကိုယ်မောသွားတာကလွဲလို့ ဘာမှမထူးဘူးလေ … သူတကယ်ချစ်တတ်လာတဲ့တစ်နေ့ကျရင် ကျွန်မ ဘယ်လောက်ချစ်ခဲ့မိတဲ့အကြောင်း သူစာနာလာလိမ့်မယ်

ပြီးတော့ ကျွန်မ ဘယ်လောက်နာကျင်ခဲ့တဲ့အကြောင်းကို သူ သိလာပါလိမ့်မယ် ခုတော့ ချစ်မိသူကိုယ်ကပဲ ဘယ်သူမှမသိအောင် ငိုရုံပေါ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူခ်စ္တတ္လာတဲ့တစ္ေန့က်ရင္ ကြ်န္မ ဘယ္ေလာက္ထိနာက်င္ခဲ့ရလဲဆုိတာ သူစာနာလိမ့္မယ္

မခ်စ္တတ္တဲ့သူတစ္ေယာက္က ခ်စ္တတ္သူတစ္ေယာက္ရဲ႕ ဒဏ္ရာေတြကိုု မစာနာနုိင္သလိုပါပဲ ကြ်န္မဘာေၾကာင့္ နာက်င္ေနရလဲဆုိတာ သူအခုခ်ိန္ထိေတာ့ နားလည္နိုင္ဦးမွာမဟုတ္ပါဘူး ခ်စ္တယ္ဆိုတဲ့စကားေျပာတတ္ေပမယ့္လဲ တကယ္မခ်စ္တတ္ေသးဘူးေလ

တစ္ေန့ သူခ်စ္တတ္လာတဲ့တစ္ေန့က်ရင္ ကြ်န္မ ဘယ္ေလာက္ထိနာက်င္ခဲ့ရလဲဆုိတာ သူစာနာလိမ့္မယ္ ဘာမွမဟုတ္ပဲနဲ႕ ဘာလို့ဒီေလာက္ျဖစ္ေနတာလဲဆုိတဲ့ သူရဲ႕ေမးခြန္းေတြကို သူကုိယ္တိုင္ အေျဖသိလာလိမ့္မယ္ အေၾကာင္းေတြမရွိပဲနဲ႕ ဘာေၾကာင့္ ဖုန္းေတြခဏခဏဆက္ေနတာလဲဆုိတဲ့ အေျဖကို သူသိလာလိမ့္မယ္

ဘာအေၾကာင္းျပခ်က္မွမရွိပဲ သူ့ကိုၾကည့္ရင္း ၀မ္းနည္းသြားတဲ့ ရက္ေတြရွိခဲ့ဖူးတယ္ တစ္ခါတစ္ေလ ေျပးေတြ့ခ်င္ေလာက္ေအာင္ကို လြမ္းလို ့တစ္ခါတစ္ေလ သူမရွိေတာ့ရင္ဆိုတဲ့ အေတြးေလး၀င္လာလို ့တစ္ေန့ အေၾကာင္းျပခ်က္မရွိမ်က္ရည္ေတြက်ေနရတဲ့အေျဖကို သူသိလာလိမ့္မယ္

ဘာမဟုတ္တာေလးနဲ႕ ကိုယ္က ေနရာတကာကို ရင္ဘတ္နဲ႕ရင္းထားမိေတာ့ ဘာမဟုတ္တာေလးကအစ ရင္ေတြနာရတယ္ေလ စတာပါဆုိေပမယ့္ တကယ္ၾကီးမ်ားျဖစ္သြားရင္ဆုိတဲ့အေတြးေတြးတတ္တာကို သူမသိခဲ့ဘူး ျပီးေတာ့ သူသိဖို့လဲ မၾကိဳးစားခဲ့ဘူး

တစ္ေန့က်ရင္ေတာ့ ဘာေၾကာင့္ကြ်န္မ ဒီလုိေတြျဖစ္ေနတာလဲဆုိတာ သူ စာနာလာပါလိမ့္မယ္ ခုခ်ိန္မွာ ရွင္းျပလုိ့လဲ အပိုျဖစ္ရံုကလြဲလို့ ကိုယ္ေမာသြားတာကလြဲလို့ ဘာမွမထူးဘူးေလ … သူတကယ္ခ်စ္တတ္လာတဲ့တစ္ေန့က်ရင္ ကြ်န္မ ဘယ္ေလာက္ခ်စ္ခဲ့မိတဲ့အေၾကာင္း သူစာနာလာလိမ့္မယ္

ျပီးေတာ့ ကြ်န္မ ဘယ္ေလာက္နာက်င္ခဲ့တဲ့အေၾကာင္းကို သူ သိလာပါလိမ့္မယ္ ခုေတာ့ ခ်စ္မိသူကုိယ္ကပဲ ဘယ္သူမွမသိေအာင္ ငိုရံုေပါ့ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း