ကိုယ့်ကို အဆင်ပြေရဲ့လားလို့တောင် မေးဖော်မရတဲ့လူတွေအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေတာတွေ ရပ်သင့်ပြီ …

ကိုယ့်ကို အဆင်ပြေရဲ့လားလို့တောင် မေးဖော်မရတဲ့လူတွေအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေတာတွေ ရပ်သင့်ပြီ …

လူတချို့က ကိုယ့်ဆီ လိုမှာသာလာတာပါ လိုချင်တာရပြီးသွားတဲ့အခါ ပြန်သွားတတ်တာပဲ ကိုယ့်ကိုအဆင်ပြေရဲ့လားတစ်ချက်မေးဖော်တောင် မရကြဘူးလေ .. သူ့တို့ဒဏ်ရာမှ ပိုကြီးတတ်တဲ့ လူတွေက ကိုယ်လဲ နာကျင်တတ်တယ်ဆိုတာ မေ့နေကြတယ်ထင်ပါတယ်

တစ်ခါတစ်လေကျတော့ ကိုယ်ပေးတဲ့အတိုင်း ပြန်ရချင်တာမဟုတ်ပဲ ကိုယ့်ကို လိုသုံးမလုပ်စေချင်တာပါ ကိုယ့်ကြောင့်အဆင်ပြေသွားရင် ပျော်ပါတယ်ဆိုပေမယ့်လေ ကူညီရင်းက ခက်ခဲ့သွားတဲ့ကိုယ့်အတွက် နဲနဲလောက်ဖြစ်ဖြစ် ပြန်ငဲ့ကြည့်စေချင်မိတယ်

ဖြူသောလက်တွေက ပေးပဲပေးတတ်တယ် ပြန်ပြီးမမျှော်လင့်တတ်ဘူးတဲ့ ကျွန်မ ပေးခဲ့တုန်းကတော့ ပြန်ပြီး ရပါစေဆိုတဲ့ မျှော်လင့်ချက်တွေ မပါခဲ့ဘူးလေ … ဒါပေမယ့် ကျွန်မပေးတဲ့လက်တွေက သိပ်ပြီးမဖြူဘူး ယူတဲ့လူတွေပေးသွားတဲ့ ဒဏ်ရာတွေနဲ့ သွေးစို့နေတယ်လေ …

လူတိုင်းမှာ အဆင်မပြေမှုကိုယ်စီနဲ့ပါ ဒါပေမယ့် တချို့လူတွေကတော့ အဲ့လိုမတွေးဘူး သူတို့အဆင်မပြေမှုဟာပဲ လူတိုင်းထက် ပိုပြီးခက်ခဲတယ်လို့ထင်တတ်ကြတယ် ကိုယ်ကော အဆင်ပြေနေပါ့မလားဆိုတဲ့ အတွေးတွေ မရှိဘူး သူတို့အဆင်မပြေတာတွေပဲ ဖေးမပါလို့ပြောတယ်

ကိုယ့်ကို အဆင်ပြေရဲ့လားလို့ မေးဖော်မရတဲ့လူတွေအတွက် အမြဲတမ်းအသင့်ဖြစ်နေတာတွေကို ရပ်သင့်ပြီထင်ပါတယ် ကိုယ်ကူညီ ကိုယ် ခက်ခဲသွားတဲ့အခါ အဲ့တာ ကိုယ်နဲ့ပဲ ဆိုင်တယ်ဆိုတဲ့ ခေါင်းစဉ်တွေပဲပေးတယ် ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေနေရဲ့သားနဲ့ သူတစ်ပါးနေရာ ဝင်ပူမိတဲ့ ကိုယ်ကပဲ မှားနေတယ် တဲ့ …

အဆင်မပြေမှုဆိုတာ လူတိုင်းမှာ ရှိနေတတ်ပါတယ် … ကိုယ့်ကို ကူပေးဖူးတဲ့လူတစ်ယောက်ကို အနည်းဆုံးတော့ အဆင်ပြေရဲ့လားလို့မေးဖို့မမေ့ပါနဲ့ ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္ကို အဆင္ေျပရဲ႕လားလုိ့ေတာင္ ေမးေဖာ္မရတဲ့လူေတြအတြက္္ အျမဲတမ္းအဆင္သင့္ျဖစ္ေနတာေတြ ရပ္သင့္ျပီ …

လူတခ်ိဳ႕က ကုိယ့္ဆီ လုိမွာသာလာတာပါ လုိခ်င္တာရျပီးသြားတဲ့အခါ ျပန္သြားတတ္တာပဲ ကုိယ့္ကိုအဆင္ေျပရဲ႕လားတစ္ခ်က္ေမးေဖာ္ေတာင္ မရၾကဘူးေလ .. သူ့တို့ဒဏ္ရာမွ ပိုၾကီးတတ္တဲ့ လူေတြက ကုိယ္လဲ နာက်င္တတ္တယ္ဆိုတာ ေမ့ေနၾကတယ္ထင္ပါတယ္

တစ္ခါတစ္ေလက်ေတာ့ ကုိယ္ေပးတဲ့အတိုင္း ျပန္ရခ်င္တာမဟုတ္ပဲ ကုိယ့္ကိို လုိသံုးမလုပ္ေစခ်င္တာပါ ကိုယ့္ေၾကာင့္အဆင္ေျပသြားရင္ ေပ်ာ္ပါတယ္ဆိုေပမယ့္္ေလ ကူညီရင္းက ခက္ခဲ့သြားတဲ့ကိုယ့္အတြက္ နဲနဲေလာက္ျဖစ္ျဖစ္ ျပန္ငဲ့ၾကည့္ေစခ်င္မိတယ္

ျဖဴေသာလက္ေတြက ေပးပဲေပးတတ္တယ္ ျပန္ျပီးမေမွ်ာ္လင့္တတ္ဘူးတဲ့ ကြ်န္မ ေပးခဲ့တုန္းကေတာ့ ျပန္ျပီး ရပါေစဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ မပါခဲ့ဘူးေလ … ဒါေပမယ့္ ကြ်န္မေပးတဲ့လက္ေတြက သိပ္ျပီးမျဖဴဘူး ယူတဲ့လူေတြေပးသြားတဲ့ ဒဏ္ရာေတြနဲ႕ ေသြးစို့ေနတယ္ေလ …

လူတိုင္းမွာ အဆင္မေျပမႈကိုုယ္စီနဲ႕ပါ ဒါေပမယ့္ တခ်ိဳ႕လူေတြကေတာ့ အဲ့လုိမေတြးဘူး သူတို့အဆင္မေျပမႈဟာပဲ လူတိုင္းထက္ ပုိျပီးခက္ခဲတယ္လုိ ့ထင္တတ္ၾကတယ္ ကိုယ္ေကာ အဆင္ေျပေနပါ့မလားဆိုတဲ့ အေတြးေတြ မရွိဘူး သူတို့အဆင္မေျပတာေတြပဲ ေဖးမပါလုိ ့ေျပာတယ္

ကိုုယ့္ကို အဆင္ေျပရဲ႕လားလုိ့ ေမးေဖာ္မရတဲ့လူေတြအတြက္ အျမဲတမ္းအသင့္ျဖစ္ေနတာေတြကို ရပ္သင့္ျပီထင္ပါတယ္ ကိုယ္ကူညီ ကိုယ္ ခက္ခဲသြားတဲ့အခါ အဲ့တာ ကုိယ္နဲ့ပဲ ဆုိင္တယ္ဆိုတဲ့ ေခါင္းစဥ္ေတြပဲေပးတယ္ ကို္ယ့္ဟာနဲ့ကုိယ္ အဆင္ေျပေနရဲ႕သားနဲ႕ သူတစ္ပါးေနရာ ၀င္ပူမိတဲ့ ကုိယ္ကပဲ မွားေနတယ္ တဲ့ …

အဆင္မေျပမႈဆိုတာ လူတိုင္းမွာ ရွိေနတတ္ပါတယ္ … ကိုယ့္ကို ကူေပးဖူးတဲ့လူတစ္ေယာက္ကို အနည္းဆံုးေတာ့ အဆင္ေျပရဲ႕လားလုိ ့ေမးဖို့မေမ့ပါနဲ႕ ….

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00