နာကျင်နေပေမယ့်လဲ အပြုံးမပျက်ခဲ့ဘူး
အမြဲတမ်းပြုံးနေတာပဲနော်တဲ့ ငိုနေလို့မထူးတော့တဲ့ဘဝမှာ ပြုံးပြီးပဲနေလိုက်ဖို့ပဲ ရွေးခဲ့လိုက်တာပါ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဒီနေ့အတွက်တော့ ကိုယ်မရှုံးတော့ဘူးလေ ဒါကြောင့် ကျွန်မ ပြုံးနေတဲ့အခါတိုင်းတော့ ပျော်နေတယ်လို့ တစ်ထစ်ချကြီးမသတ်မှတ်ပါနဲ့
တချို့ရက်တွေမှာ တကယ်ကို ပြိုလဲကျချင်နေတဲ့စိတ်တွေလဲ ရှိပါတယ် ဒါပေမယ့် ကိုယ်လျှောက်နေတဲ့လမ်း ကိုယ်ကိုယ်တိုင်မှ မလျှောက်ရင် မရောက်တော့ဘူးလေဆိုတဲ့ စိတ်နဲ့ ကိုယ့်ညာဘက်လက်လေးပေါ် ကိုယ့်ဘယ်ဘက်လက်လေးတင်းပြီး အားပြန်တင်းရတာပါပဲ
တစ်ခါတစ်လေမှာ သိပ်ကိုအထီးကျန်ရတဲ့ ရက်တွေလဲရှိတယ် … အရှေ့ကိုကြည့်ပြန်တော့လဲ မှောင်လို့မဲလို့ အနောက်ကိုကြည့်ပြန်တော့လဲ ယုံကြည်တဲ့သူတွေထိုးထားတဲ့ နောက်ကျောက ဓားဒဏ်ရာတွေနဲ့ ဘေးဘက်မှာလဲ ကိုယ့်ကို ဘယ်အချိန်ပြိုလဲကျမလဲဆိုတဲ့ မျက်လုံးတွေပဲလေ …
ငါ့ကျမှ ဘာကြောင့်များ ဒီလိုဖြစ်ရတာလဲဆိုတဲ့အတွေးတွေ အရင်ကတော့ ရှိခဲ့ဖူးတယ် အခုချိန်မှာတော့ အဲ့လိုတွေမတွေးဖြစ်တော့ဘူး … တစ်ခါနာကျင်ရရင် နှစ်ခါပြန်ပြုံးတယ် နှစ်ခါနာကျင်ရတယ် လေးခါပြန်ပြုံးတယ် အနည်းဆုံးတော့ ကိုယ့်ကို ရှုံးစေချင်သူတွေရဲ့အရှေ့မှာ ကိုယ်မရှုံသေးဘူးလေ
အဲ့ဒီအကျင့်ကြောင့်ပဲ ဘယ်လောက်ပဲနာကျင်နေပါစေ ကျွန်မ ပြုံးတယ်… ကျွန်မပြုံးနေတာကြောင့် ကျွန်မ ပျော်နေတယ်လို့ထင်ရင်တော့ မှားသွားမှာပေါ့ ..
မိန်းမသားတို့အတွက်
သျှင်ယွန်း
နာက်င္ေနေပမယ့္လဲ အျပံဳးမပ်က္ခဲ့ဘူး
အျမဲတမ္းျပံဳးေနတာပဲေနာ္တဲ့ ငိုေနလို့မထူးေတာ့တဲ့ဘ၀မွာ ျပံဳးျပီးပဲေနလိုက္ဖို့ပဲ ေရြးခဲ့လုိက္တာပါ ဘာေၾကာင့္ပဲ ျဖစ္ျဖစ္ ဒီေန့အတြက္ေတာ့ ကိုယ္မရံႈးေတာ့ဘူးေလ ဒါေၾကာင့္ ကြ်န္မ ျပံဳးေနတဲ့အခါတိုင္းေတာ့ ေပ်ာ္ေနတယ္လို့ တစ္ထစ္ခ်ၾကီးမသတ္မွတ္ပါနဲ႕
တခ်ိဳ႕ရက္ေတြမွာ တကယ္ကိုု ျပိဳလဲက်ခ်င္ေနတဲ့စိတ္ေတြလဲ ရွိပါတယ္ ဒါေပမယ့္ ကုိယ္ေလွ်ာက္ေနတဲ့လမ္း ကုိယ္ကိုယ္တိုင္မွ မေလွ်ာက္ရင္ မေရာက္ေတာ့ဘူးေလဆိုတဲ့ စိတ္နဲ႕ ကုိယ့္ညာဘက္လက္ေလးေပၚ ကုိယ့္ဘယ္ဘက္လက္ေလးတင္းျပီး အားျပန္တင္းရတာပါပဲ
တစ္ခါတစ္ေလမွာ သိပ္ကိုအထီးက်န္ရတဲ့ ရက္ေတြလဲရွိတယ္ … အေရွ႕ကိုၾကည့္ျပန္ေတာ့လဲ ေမွာင္လုိ့မဲလုိ့ အေနာက္ကိုၾကည့္ျပန္ေတာ့လဲ ယံုၾကည္တဲ့သူေတြထိုးထားတဲ့ ေနာက္ေက်ာက ဓားဒဏ္ရာေတြနဲ႕ ေဘးဘက္မွာလဲ ကိုယ့္ကို ဘယ္အခ်ိန္ျပိဳလဲက်မလဲဆိုတဲ့ မ်က္လံုးေတြပဲေလ …
ငါ့က်မွ ဘာေၾကာင့္မ်ား ဒီလုိျဖစ္ရတာလဲဆုိတဲ့အေတြးေတြ အရင္ကေတာ့ ရွိခဲ့ဖူးတယ္ အခုခ်ိန္မွာေတာ့ အဲ့လုိေတြမေတြးျဖစ္ေတာ့ဘူး … တစ္ခါနာက်င္ရရင္ နွစ္ခါျပန္ျပံဳးတယ္ နွစ္ခါနာက်င္ရတယ္ ေလးခါျပန္ျပံဳးတယ္ အနည္းဆံုးေတာ့ ကိုယ့္ကို ရံႈးေစခ်င္သူေတြရဲ႕အေရွ့မွာ ကိုယ္မရံႈေသးဘူးေလ
အဲ့ဒီအက်င့္ေၾကာင့္ပဲ ဘယ္ေလာက္ပဲနာက်င္ေနပါေစ ကြ်န္မ ျပံဳးတယ္… ကြ်န္မျပံဳးေနတာေၾကာင့္ ကြ်န္မ ေပ်ာ္ေနတယ္လုိ့ထင္ရင္ေတာ့ မွားသြားမွာေပါ့ ..
မိန္းမသားတုိ့အတြက္
သွ်င္ယြန္း