မတော်တဆတောင် ပြန်မဆုံဖြစ်ကြတော့ဘူး …
ရေစက်တွေရှိရင် ဆုံရမယ် ရေစက်ကုန်သွားရင်တော့ တစ်ယောက်နဲ့တစ်ယောက် ခွဲခွါရဦးမှာဟာ သဘာဝပါပဲတဲ့ ကျွန်မတို့နှစ်ယောက် ရေစက်ကုန်ခဲ့ပုံကတော့ တစ်ယောက်နဲ့တစ်ယောက် တစ်မြို့တည်းနေရင်းတောင် မတော်တဆလေးတောင် မဆုံဖြစ်ကြတော့ဘူး …
တစ်ခါတစ်လေကျတော့ ပြန်လွမ်းတာမဟုတ်ပဲ တစ်ခါတစ်လေကျပြန်တော့ တစ်ခါလောက်ဖြစ်ဖြစ်ပြန်ဆုံချင်သေးတယ်ဆိုတဲ့အတွေးတော့ ရှိတတ်ကြတယ်လေ .. ဒါပေမယ့်လဲ မဆုံဖြစ်ကြတော့ပါဘူး လမ်းမှာသွားရင်တောင် အမှတ်တမဲ့လေး မတွေ့ဖြစ်ကြတော့ဘူး
လောကကြီးကလဲ ဆန်းတယ်နော် … တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ကြတုန်းကတော့ ရေစက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူစိမ်းနှစ်ယောက်ကို ဆုံပေးခဲ့တယ် ပြီးတော့ ချစ်စေခဲ့တယ် ချစ်ပြီးသွားတော့ ရေစက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ လူနှစ်ယောက်ကွဲရတယ်
ဘယ်အရာကိုမဆို ရှိနေတဲ့အချိန်လေးမှာ တန်ဖိုးထားပါ … ကိုယ့်အနာရှိနေတဲ့အရာတွေကို တန်ဖိုးကို သိအောင်ကြိုးစားပါ တစ်နေ့ ဘယ်နေ့မှန်းမသိပေမယ့်လဲ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခွင့်တွေ မရှိတော့တဲ့အခါ ကျွန်မတို့လိုပဲ မတော်တဆလေးတောင် ဆုံဖြစ်ကြဖို့မလွယ်တော့ဘူးလေ
ကျွန်မတို့နှစ်ယောက် ရေစက်ကုန်သွားပုံကတော့ တစ်ယောက်နဲ့တစ်ယောက် တစ်မြို့တည်းနေကြရင်တောင် မတော်တဆလေးတောင် မဆုံဖြစ်ကြတော့ဘူး
မိန်းမသားတို့အတွက်
သျှင်ယွန်း
မေတာ္တဆေတာင္ ျပန္မဆံုျဖစ္ၾကေတာ့ဘူး …
ေရစက္ေတြရွိရင္ ဆံုရမယ္ ေရစက္ကုန္သြားရင္ေတာ့ တစ္ေယာက္နဲ့တစ္ေယာက္ ခြဲခြါရဦးမွာဟာ သဘာ၀ပါပဲတဲ့ ကြ်န္မတို့နွစ္ေယာက္ ေရစက္ကုန္္ခဲ့ပံုကေတာ့ တစ္ေယာက္နဲ့တစ္ေယာက္ တစ္ျမိဳ့တည္းေနရင္းေတာင္ မေတာ္တဆေလးေတာင္ မဆံုျဖစ္ၾကေတာ့ဘူး …
တစ္ခါတစ္ေလက်ေတာ့ ျပန္လြမ္းတာမဟုုတ္ပဲ တစ္ခါတစ္ေလက်ျပန္ေတာ့ တစ္ခါေလာက္ျဖစ္ျဖစ္ျပန္ဆံုခ်င္ေသးတယ္ဆိုတဲ့အေတြးေတာ့ ရွိတတ္ၾကတယ္ေလ .. ဒါေပမယ့္လဲ မဆံုျဖစ္ၾကေတာ့ပါဘူး လမ္းမွာသြားရင္ေတာင္ အမွတ္တမဲ့ေလး မေတြ့ျဖစ္ၾကေတာ့ဘူး
ေလာကၾကီးကလဲ ဆန္းတယ္ေနာ္ … တစ္ေယာက္နဲ႕တစ္ေယာက္ မသိခဲ့ၾကတုန္းကေတာ့ ေရစက္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ သူစိမ္းနွစ္ေယာက္ကို ဆံုေပးခဲ့တယ္ ျပီးေတာ့ ခ်စ္ေစခဲ့တယ္ ခ်စ္ျပီးသြားေတာ့ ေရစက္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာပဲ လူနွစ္ေယာက္ကြဲရတယ္
ဘယ္အရာကိုမဆုိ ရွိေနတဲ့အခ်ိန္ေလးမွာ တန္ဖိုးထားပါ … ကိုယ့္အနာရွိေနတဲ့အရာေတြကို တန္ဖိုးကို သိေအာင္ၾကိဳးစားပါ တစ္ေန့ ဘယ္ေန့မွန္းမသိေပမယ့္လဲ တစ္ေယာက္နဲ႕တစ္ေယာက္ ေတြ့ဆံုခြင့္ေတြ မရွိေတာ့တဲ့အခါ ကြ်န္မတို့လုိပဲ မေတာ္တဆေလးေတာင္ ဆံုျဖစ္ၾကဖို့မလြယ္ေတာ့ဘူးေလ
ကြ်န္မတို့နွစ္ေယာက္ ေရစက္ကုန္သြားပံုကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ တစ္ျမိဳ႔တည္းေနၾကရင္ေတာင္ မေတာ္တဆေလးေတာင္ မဆံုျဖစ္ၾကေတာ့ဘူး
မိန္းမသားတို့အတြက္
သွ်င္ယြန္း