နောက်တစ်ယောက်နဲ့ဆုံးမယ့် ဇာတ်လမ်းတွေမှာ ကျွန်မကို ခုတုံးမလုပ်ပါနဲ့
နောက်တစ်ယောက်နဲ့ ဇာတ်လမ်းတွေဆုံးမယ့်အတူတူ ချစ်လု့ိပါဆိုတဲ့ စကားလုံးတွေနဲ့ ကျွန်မ နှလုံးသားကို ခုတုံးမလုပ်နဲ့ .. အလကားနေရင်းထိုင်ရင်းက ဒဏ်ရာတွေပဲတိုးတယ် မျက်ရည်တွေပဲ ရှုံးတယ် ပြီးတော့ ရှင်တို့တွေကတော့ ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေးသတည်းနဲ့ပဲ ပြီးမှာလေ …
ဘာကြောင့် နာမည်ဆိုးတွေ ကျွန်မကို တပ်ချင်ရတာလဲ … ရှင်ဘယ်လောက်လိမ်ညာခဲ့လဲဆိုတာ အလိမ်အညာခံခဲ့ရတဲ့ ကျွန်မကိုယ်တိုင်ပဲသိတာ ပတ်ဝန်းအမြင်မှာတော့ ကျွန်မကပဲတခြားတစ်ယောက်ရဲ့ လူကို လုယူခဲ့သလို အဖြစ်အပျက်မျိုးတွေလို့ပဲ ထင်မယ် ပြီးရင် ကျွန်မကို အပြစ်တင်မယ်
ကိုယ့်မှာ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတဲ့သူ ရှိပြီဆိုရင် ကျေးဇူးပြုပြီးတော့ ဘယ်မိန်းကလေးကိုမှ ခုတုံးမလုပ်ပါနဲ့ တချို့မိန်းကလေးတွေက သိပ်ကိုဖြူစင်ကြတယ် တစ်နည်းပြောရရင် သိပ်ကို တုံးအကြတယ် သူချစ်တာပဲလေဆိုတာကို မြင်ပြီး သူ့ကို သိပ်ချစ်တာပဲဆိုတာကိုပဲ သိတတ်ကြတယ်
နောက်ကွယ်မှာ ဖုံးထားတဲ့ မျက်နှာတွေကိုတော့ မမြင်တတ်ကြဘူးလေ … အချိုသာဆုံးစကားလုံးတွေကိုပဲ မြင်တယ် မုသားတွေသုံးနေမှန်းနားမလည်တတ်ကြဘူး … ချစ်တယ်ဆိုတာ သိပ်ကို ချိုမြိန်ပါတယ် အချစ်ကို အသုံးချပြီးတော့ လူတစ်ယောက်ရဲ့ ဘဝကို မပူလောင်စေပါနဲ့
နားလည်ရခက်တယ်ဆိုတာထက် ကျွန်မ ဘယ်လိုနားလည်ပေးရမယ်မှန်းမသိခဲ့တဲ့ အဖြစ်အပျက်ပါ တစ်ဖက်က လက်ကို ဆွဲထားရင်က ကျွန်မကို သိပ်ချစ်တယ်လို့ ပြောတယ်ဆိုတာ သိပ်ကို မျက်နှာပြောင်တိုက်လွန်းတဲ့အဖြစ်ပေါ့ နောက်ကျမှ သိခဲ့ရတာဟာ ကိုယ်သိပ်ညံ့ခဲ့တာဆိုပြီးပဲ ကိုယ့်ကိုယ်အပြစ်တင်မိတယ်
နောက်တစ်ယောက်နဲ့ဆုံးဖို့ အရင်ကတည်းက ရေးထားပြီးသားဇာတ်ညွှန်းတွေရှိထားခဲ့ပြီးပြီပဲလေ အချိန်ရင် ကျန်ရစ်ခဲ့ရမယ့်ကျွန်မကို အစကတည်း ဒီဇာတ်လမ်းထဲ ဆွဲမထည့်ခဲ့သင့်ဘူး ကျွန်မ နှလုံးသားကို ခုတုံးမလုပ်ခဲ့သင့်ဘူး ခုတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ နာကျည်းချက်တွေနဲ့ …
မိန်းမသားတို့အတွက်
သျှင်ယွန်း
ေနာက္တစ္ေယာက္နဲ႕ဆံုးမယ့္ ဇာတ္လမ္းေတြမွာ ကြ်န္္မကုိ ခုတံုးမလုပ္ပါနဲ႔
ေနာက္တစ္ေယာက္နဲ႕ ဇာတ္လမ္းေတြဆံုးမယ့္အတူတူ ခ်စ္လု့ိပါဆိုတဲ့ စကားလံုးေတြနဲ႕ ကြ်န္္မ နွလံုးသားကို ခုတံုးမလုပ္နဲ႕ .. အလကားေနရင္းထိုင္ရင္းက ဒဏ္ရာေတြပဲတိုးတယ္ မ်က္ရည္ေတြပဲ ရံႈးတယ္ ျပီးေတာ့ ရွင္တို့ေတြကေတာ့ ေပ်ာ္ရႊင္စြာ ဇာတ္သိမ္းၾကေလးသတည္းနဲ႔ပဲ ျပီးမွာေလ …
ဘာေၾကာင့္ နာမည္ဆိုးေတြ ကြ်န္မကို တပ္ခ်င္ရတာလဲ … ရွင္ဘယ္ေလာက္လိမ္ညာခဲ့လဲဆိုတာ အလိမ္အညာခံခဲ့ရတဲ့ ကြ်န္မကိုယ္တိုင္ပဲသိတာ ပတ္၀န္းအျမင္မွာေတာ့ ကြ်န္မကပဲတျခားတစ္ေယာက္ရဲ႕ လူကို လုယူခဲ့သလုိ အျဖစ္အပ်က္မ်ိဳးေတြလို့ပဲ ထင္မယ္ ျပီးရင္ ကြ်န္္မကို အျပစ္တင္မယ္
ကိုယ့္မွာ တစ္ဘ၀လံုးစာအတြက္ ရည္ရြယ္ထားတဲ့သူ ရွိျပီဆိုရင္ ေက်းဇူးျပဳျပီးေတာ့ ဘယ္မိန္းကေလးကိုမွ ခုတံုးမလုပ္ပါနဲ႕ တခ်ိဳ႕မိန္းကေလးေတြက သိပ္ကိုျဖဴစင္ၾကတယ္ တစ္နည္းေျပာရရင္ သိပ္ကို တံုးအၾကတယ္ သူခ်စ္တာပဲေလဆုိတာကို ျမင္ျပီး သူ့ကုိ သိပ္ခ်စ္တာပဲဆုိတာကိုပဲ သိတတ္ၾကတယ္
ေနာက္ကြယ္မွာ ဖံုးထားတဲ့ မ်က္နွာေတြကိုေတာ့ မျမင္တတ္ၾကဘူးေလ … အခ်ိဳသာဆံုးစကားလံုးေတြကိုပဲ ျမင္တယ္ မုသားေတြသံုးေနမွန္းနားမလည္တတ္ၾကဘူး … ခ်စ္တယ္ဆိုတာ သိပ္ကို ခ်ိဳျမိန္ပါတယ္ အခ်စ္ကို အသံုးခ်ျပီးေတာ့ လူတစ္ေယာက္ရဲ႕ ဘ၀ကို မပူေလာင္ေစပါနဲ႕
နားလည္ရခက္တယ္ဆိုတာထက္ ကြ်န္မ ဘယ္လိုနားလည္ေပးရမယ္မွန္းမသိခဲ့တဲ့ အျဖစ္အပ်က္ပါ တစ္ဖက္က လက္ကုိ ဆြဲထားရင္က ကြ်န္္မကုိ သိပ္ခ်စ္တယ္လို့ ေျပာတယ္ဆိုတာ သိပ္ကိုိ မ်က္နွာေျပာင္တုိက္လြန္းတဲ့အျဖစ္ေပါ့ ေနာက္က်မွ သိခဲ့ရတာဟာ ကုိယ္သိပ္ညံ့ခဲ့တာဆိုျပီးပဲ ကိုယ့္ကိုယ္အျပစ္တင္မိတယ္
ေနာက္တစ္ေယာက္နဲ႕ဆံုးဖုိ့ အရင္ကတည္းက ေရးထားျပီးသားဇာတ္ညႊန္းေတြရွိထားခဲ့ျပီးျပီပဲေလ အခ်ိန္ရင္ က်န္ရစ္ခဲ့ရမယ့္ကြ်န္မကို အစကတည္း ဒီဇာတ္လမ္းထဲ ဆြဲမထည့္ခဲ့သင့္ဘူး ကြ်န္မ နွလံုးသားကုိ ခုတံုးမလုပ္ခဲ့သင့္ဘူး ခုေတာ့ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႕ နာက်ည္းခ်က္ေတြနဲ႕ …
မိန္းမသားတိုု့အတြက္
သွ်င္ယြန္း