လူပို ဒါမှမဟုတ် ဘယ်တုန်းကမှ မလိုခဲ့တဲ့သူပေါ့

လူပို ဒါမှမဟုတ် ဘယ်တုန်းကမှ မလိုခဲ့တဲ့သူပေါ့

သူလိုလိုမလိုလို အမြဲတမ်းရှိချင်နေတဲ့ ကျွန်မက သူ့အတွက်တော့ အပိုပါ .. သူပျင်းတဲ့အခါ စကားတွေ ဖောင်ဖွဲ့ပြောတတ်သလောက် သူ အဆင်ပြေနေတဲ့အခါ ကျွန်မကို ရှိတယ်လို့တောင် မထင်တတ်ဘူး သူအဆင်မပြေတဲ့အခါတော့ ကိုယ့်ကို သတိရဖော်ရသေးတာကိုပဲ ကျေးဇူးတင်ပါတယ်

စကားပြောချင်တဲ့အခါမှပြောမယ် … စာပို့ချင်တဲ့အချိန်မှ ပို့မယ် ဒါပေမယ့် ကိုယ်က စခေါ်မိခဲ့ရင် အဲ့ဒီနေ့တွေဟာ ပြဿနာပါ … အပြစ်တွေအကြီးကြီးဖြစ်သွားတတ်သလို နားမလည်ရကောင်းလားဆိုတဲ့ ခေါင်းစဉ်တွေ တပ်ပစ်လိုက်တယ် ကိုယ့်ရဲ့လွမ်းတဲ့စိတ်က အဲ့လောက်ပဲ အပြစ်ကြီးသွားတယ်လား …

သူက အလုပ်အရမ်းများတာ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ရတယ် တစ်ခါတစ်လေ ဇာတ်ကားတွေ ကြည့်ရတယ် ကျွန်မကို ပေးနိုင်တဲ့အချိန်တွေတော့ မအားဘူးလေ … ကျွန်မ တကယ်အလုပ်များနေတဲ့အချိန် ဖုန်းလေးတစ်ခေါက်လောက်မကိုင်တာနဲ့ တကယ့်ရန်သူကြီးလိုဖြစ်သွားတတ်သေးတာ

ကျွန်မက သူ့အတွက်ဘာလဲဆိုတာကို အဖြေတွေရှာနေမိတယ် ချစ်သူဆိုတဲ့ခေါင်းစဉ်တွေ တပ်ထားပေမယ့်လဲ ကျွန်မကတော့ သူ့အတွက် အပိုပါ ဘယ်တော့ကမှ သူ့ဘက်က မလိုခဲ့ဘူးလေ … ကိုယ်ကသာ သူလိုလို မလိုလို အမြဲတမ်းရှိချင်နေမိရုံပါ …

တကယ်လို့ မလိုအပ်ဘူးဆိုရင်လဲ ထွက်သွားမှာပေါ့ ဆိုပေမယ့် စကားအရပါ တကယ်တမ်း ကိုယ်ကိုယ်တိုင်က အဲ့ဒီဝဋ်က ပြေးမလွတ်သေးဘူး ဒီတစ်ခါတော့ တော်ပြီဆိုပြီး ဆုံးဖြတ်ချက်တွေချခဲ့တာလဲ အကြိမ်ကြိမ်ပါ ဒါပေမယ့် အဲ့ဒီဆုံးဖြတ်ချက်တွေဟာ အခုထိ မပြတ်သားသေးဘူး ကိုယ်ကပဲ ဖက်တွယ်ထားရင်း မလိုတဲ့အရပ်မှာ ရပ်နေမိတာပါ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူပို ဒါမွမဟုတ္ ဘယ္တုန္းကမွ မလုိခဲ့တဲ့သူေပါ့

သူလုိလိုမလုိလုိ အျမဲတမ္းရွိခ်င္ေနတဲ့ ကြ်န္မက သူ့အတြက္ေတာ့ အပိုပါ .. သူပ်င္းတဲ့အခါ စကားေတြ ေဖာင္ဖြဲ့ေျပာတတ္သေလာက္ သူ အဆင္ေျပေနတဲ့အခါ ကြ်န္မကို ရွိတယ္လို့ေတာင္ မထင္တတ္ဘူး သူအဆင္မေျပတဲ့အခါေတာ့ ကုိယ့္ကို သတိရေဖာ္ရေသးတာကိုပဲ ေက်းဇူးတင္ပါတယ္

စကားေျပာခ်င္တဲ့အခါမွေျပာမယ္ … စာပို့ခ်င္တဲ့အခ်ိန္မွ ပို့မယ္ ဒါေပမယ့္ ကိုယ္က စေခၚမိခဲ့ရင္ အဲ့ဒီေန့ေတြဟာ ျပႆနာပါ … အျပစ္ေတြအၾကီးၾကီးျဖစ္သြားတတ္သလို နားမလည္ရေကာင္းလားဆိုတဲ့ ေခါင္းစဥ္ေတြ တပ္ပစ္လိုက္တယ္ ကိုယ့္ရဲ႕လြမ္းတဲ့စိတ္က အဲ့ေလာက္ပဲ အျပစ္ၾကီးသြားတယ္လား …

သူက အလုပ္အရမ္းမ်ားတာ တစ္ခါတစ္ေလ သူငယ္ခ်င္းေတြနဲ႕ ဂိမ္းေဆာ့ရတယ္ တစ္ခါတစ္ေလ ဇာတ္ကားေတြ ၾကည့္ရတယ္ ကြ်န္မကုိ ေပးနုိင္တဲ့အခ်ိန္ေတြေတာ့ မအားဘူးေလ … ကြ်န္မ တကယ္အလုပ္မ်ားေနတဲ့အခ်ိန္ ဖုန္းေလးတစ္ေခါက္ေလာက္မကိုင္တာနဲ႕ တကယ့္ရန္သူၾကီးလုိျဖစ္သြားတတ္ေသးတာ

ကြ်န္မက သူ့အတြက္ဘာလဲဆိုတာကို အေျဖေတြရွာေနမိတယ္ ခ်စ္သူဆိုတဲ့ေခါင္းစဥ္ေတြ တပ္ထားေပမယ့္လဲ ကြ်န္မကေတာ့ သူ့အတြက္ အပိုပါ ဘယ္ေတာ့ကမွ သူ့ဘက္က မလိုခဲ့ဘူးေလ … ကိုယ္ကသာ သူလုိလုိ မလိုလို အျမဲတမ္းရွိခ်င္ေနမိရံုပါ …

တကယ္လုိ့ မလိုအပ္ဘူးဆုိရင္လဲ ထြက္သြားမွာေပါ့ ဆိုေပမယ့္ စကားအရပါ တကယ္တမ္း ကုိယ္ကုိယ္တိုင္က အဲ့ဒီ၀ဋ္က ေျပးမလြတ္ေသးဘူး ဒီတစ္ခါေတာ့ ေတာ္ျပီဆိုျပီး ဆံုးျဖတ္ခ်က္ေတြခ်ခဲ့တာလဲ အၾကိမ္ၾကိမ္ပါ ဒါေပမယ့္ အဲ့ဒီဆံုးျဖတ္ခ်က္ေတြဟာ အခုထိ မျပတ္သားေသးဘူး ကုိယ္ကပဲ ဖက္တြယ္ထားရင္း မလိုတဲ့အရပ္မွာ ရပ္ေနမိတာပါ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00