သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်ပဲ နေဖို့တွေးပါတယ်

ကျွန်မ ကံ ကံ၏အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်တယ် ဒါကြောင့်ပဲ ကိုယ့်အပေါ်မကောင်းရင်တောင် ပြန်ပြီး ယုတ်မာလိုက်ဖို့မတွေးဘူး သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်ပဲ နေဖို့တွေးပါတယ် လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးရတာလေ

တစ်ချိန်ချိန် ကိုယ့်အကြောင်းတွေကို ပြန်ပြောပြတဲ့အခါ လိပ်ပြာလုံချင်တယ် ဒါမှမဟုတ်လဲ ကိုယ့်စိတ်လုံချင်တယ် လောကမှာ လူဆိုတာချင်းတူကြပေမယ့်လဲ တစ်ယောက်နဲ့တစ်ယောက် မြင်ပုံချင်း တွေးပုံချင်း ခံယူထားပုံချင်း မတူညီကြဘူး တစ်နည်းအားဖြင့် စိတ်တွေမတူကြဘူး

တချို့က သူတစ်ပါးဘဝတွေကို နင်းတက်ပြီးမှ အမြင့်ရောက်မယ်လို့ထင်တတ်ကြသလို တချို့တွေကတော့ သူများခြေထောက်တွေကိုချိုးမှ ကိုယ့်ခရီးပိုတွင်မယ်လို့အထင်ရောက်နေတဲ့လူတွေလဲ ရှိကြသေးတယ် ကျွန်မရဲ့ သီအိုရီကတော့ ရှင်းပါတယ်

ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေမယ် … ကိုယ်ကောင်းနေပါတယ်ဆိုတာ တခြားဘယ်သူမှ မသိရင်နေပါစေ ကိုယ်ကိုယ်တိုင်သိနေဖို့ပဲ လိုအပ်တယ်ဆိုတာမျိုးပဲတွေးတယ် ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်ကောင်းတာပေါ့ အဆုံးစွန်ထိ သည်းခံလိုက်ဖို့ကျပြန်တော့လဲ လူထဲကလူဆိုတော့လဲ မဖြစ်သေးဘူးလေ

ကျွန်မ အပေါ် မကောင်းတာတွေလုပ်ရင်တောင် ကျွန်မ ပြန်ပြီးလက်စားချေနေမှာ မဟုတ်ဘူး သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေလိုက်ဖို့ပဲ တွေးပါတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြ်န္မ ကံ ကံ၏အက်ိဳးကို နွစ္ႏွစ္ကာကာ ယံုၾကည္တယ္ ဒါေၾကာင့္ပဲ ကုိယ့္အေပၚမေကာင္းရင္ေတာင္ ျပန္ျပီး ယုတ္မာလုိက္ဖို့မေတြးဘူး သူေကာင္းေကာင္းမေကာင္းေကာင္း ကုိယ္ေကာင္းေအာင္ပဲ ေနဖို့ေတြးပါတယ္ လူဆိုတာ ကိုယ့္သမို္င္းကိုယ္ေရးရတာေလ

တစ္ခ်ိန္ခ်ိန္ ကုိယ့္အေၾကာင္းေတြကို ျပန္ေျပာျပတဲ့အခါ လိပ္ျပာလံုခ်င္တယ္ ဒါမွမဟုတ္လဲ ကုိယ့္စိတ္လံုခ်င္တယ္ ေလာကမွာ လူဆိုတာခ်င္းတူၾကေပမယ့္လဲ တစ္ေယာက္နဲ႕တစ္ေယာက္ ျမင္ပံုခ်င္း ေတြးပံုခ်င္း ခံယူထားပံုခ်င္း မတူညီၾကဘူး တစ္နည္းအားျဖင့္ စိတ္ေတြမတူၾကဘူး

တခ်ိဳ႔က သူတစ္ပါးဘ၀ေတြကို နင္းတက္ျပီးမွ အျမင့္ေရာက္မယ္လုိ့ထင္တတ္ၾကသလုိ တခ်ိဳ႕ေတြကေတာ့ သူမ်ားေျခေထာက္ေတြကိုခ်ိဳးမွ ကိုယ့္ခရီးပိုတြင္မယ္လုိ ့အထင္ေရာက္ေနတဲ့လူေတြလဲ ရွိၾကေသးတယ္ ကြ်န္မရဲ႕ သီအိုရီကေတာ့ ရွင္းပါတယ္

ဘယ္သူေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ေကာင္းေအာင္ေနမယ္ … ကုိယ္ေကာင္းေနပါတယ္ဆိုတာ တျခားဘယ္သူမွ မသိရင္ေနပါေစ ကုိယ္ကိုယ္တိုင္သိေနဖို့ပဲ လုိအပ္တယ္ဆိုတာမ်ိဳးပဲေတြးတယ္ ကိုယ္တတ္နိုင္တဲ့ဘက္က ကိုယ္ေကာင္းတာေပါ့ အဆံုးစြန္ထိ သည္းခံလုိက္ဖို့က်ျပန္ေတာ့လဲ လူထဲကလူဆိုေတာ့လဲ မျဖစ္ေသးဘူးေလ

ကြ်န္မ အေပၚ မေကာင္းတာေတြလုပ္ရင္ေတာင္ ကြ်န္မ ျပန္ျပီးလက္စားေခ်ေနမွာ မဟုတ္ဘူး သူေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ေကာင္းေအာင္ေနလိုက္ဖို့ပဲ ေတြးပါတယ္ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း