ကျွန်မသူနဲ့ဆုံခဲ့တာ ဝဋ်ကြွေးကြောင့်ပါ …

ကျွန်မသူနဲ့ဆုံခဲ့တာ ဝဋ်ကြွေးကြောင့်ပါ …

လူနှစ်ယောက်ဟာ ဘယ်တော့မှ မတော်တဆမဆုံတတ်ဘူးတဲ့ ဟုတ်ပါတယ် ကျွန်မ သူနဲ့ဆုံခဲ့တာဟာ ရေစက်တွေကြောင့်မဟုတ်ပဲ ကိုယ်ဆပ်ရမယ့် ဝဋ်ကြွေးတွေကြောင့်ပါ .. ဘာကြောင့်ဆို သူနဲ့ပတ်သက်ခဲ့ပြီးမှပဲ ကျွန်မ မျက်ရည်တွေ ခမ်းခဲ့ရတာလေ …

ငိုရတဲ့ရက်တွေဟာ မရေမတွက်နိုင်အောင်ပါပဲ … ငိုပြီး အိပ်ရတဲ့ညတွေရယ် ငိုပြီးမှပြောရတဲ့ စကားတွေရယ် အရင်က ပျော်စေချင်ပါတယ်ဆိုတဲ့စကားဟာ လေထဲပဲပျောက်သွားခဲ့ပါပြီ ကျွန်မ သူ့ကြောင့် မပျော်ရတော့ဘူး ကိုယ့်မျက်ရည်တွေကျမှပဲ သူပျော်ရတယ် ထင်ပါတယ်

မျက်နှာတစ်ချက်ညှိုးတာနဲ့ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်မယ်ဆိုတဲ့ ဟာသလေး ကြားနေမိတယ် ကျွန်မ မမှားခဲ့တာတွေအတွက်တောင် သူက ကျွန်မကို အပြစ်တင်ပုံချတတ်တယ်လေ ကိုယ့်အရှေ့ကနေ မားမားမတ်မတ်ရှိနေဖို့နေနေသာသာ ကိုယ့်ကို သူက ပိုပိုသာသာလေး အပြစ်ပြောတတ်သေးတာ

ဒီလိုလူတစ်ယောက်ကို ဘာကြောင့်မစွန့်လွှတ်နိုင်သေးတာလဲလို့မေးမယ်ဆိုရင်တော့ အစကပြောခဲ့သလိုပဲ ဝဋ်ကြွေးတွေကြောင့်ပေါ့ … သိပ်ချစ်မိသွားတယ်ဆိုတဲ့ စကားလုံးတွေမသုံးတော့ဘူး ဆပ်စရာဝဋ်ကြွေးတွေ မကုန်ခဲ့သေးလို့ကျွန်မစိတ်တွေလဲ မနာတတ်ခဲ့ဘူးလေ …

ကိုယ်ငိုမှ ပျော်မယ့်လူတစ်ယောက် ရှိနေသရွေ့တော့ ကျွန်မ ငိုနေရဦးမှာပါပဲ ကိုယ့်ကို ပစ်ထားမှ အဆင်ပြေမယ့်လူတစ်ယောက်အတွက်တော့ ကျွန်မ ပစ်ထားခံနေရဦးမှာပဲ ကျွန်မ သူနဲ့ဆုံခဲ့တာ ရေစက်ကြောင့်မှ မဟုတ်ပဲလေ ဝဋ်ကြွေးတွေကြောင့်ပါ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြ်န္္မသူနဲ႕ဆံုခဲ့တာ ၀ဋ္ေၾကြးေၾကာင့္ပါ …

လူနွစ္ေယာက္ဟာ ဘယ္ေတာ့မွ မေတာ္တဆမဆံုတတ္ဘူးတဲ့ ဟုတ္ပါတယ္ ကြ်န္္မ သူနဲ႕ဆံုခဲ့တာဟာ ေရစက္ေတြေၾကာင့္မဟုတ္ပဲ ကိုယ္ဆပ္ရမယ့္ ၀ဋ္ေၾကြးေတြေၾကာင့္ပါ .. ဘာေၾကာင့္ဆုိ သူနဲ႕ပတ္သက္ခဲ့ျပီးမွပဲ ကြ်န္မ မ်က္ရည္ေတြ ခမ္းခဲ့ရတာေလ …

ငိုရတဲ့ရက္ေတြဟာ မေရမတြက္နုိင္ေအာင္ပါပဲ … ငုိျပီး အိပ္ရတဲ့ညေတြရယ္ ငိုျပီးမွေျပာရတဲ့ စကားေတြရယ္ အရင္က ေပ်ာ္ေစခ်င္ပါတယ္ဆုိတဲ့စကားဟာ ေလထဲပဲေပ်ာက္သြားခဲ့ပါျပီ ကြ်န္မ သူ့ေၾကာင့္ မေပ်ာ္ရေတာ့ဘူး ကိုယ့္မ်က္ရည္ေတြက်မွပဲ သူေပ်ာ္ရတယ္ ထင္ပါတယ္္

မ်က္ႏွာတစ္ခ်က္ညွိဳးတာနဲ႕ ကမၻာၾကီးကို ေျပာင္းျပန္္လွန္ပစ္မယ္ဆိုတဲ့ ဟာသေလး ၾကားေနမိတယ္ ကြ်န္မ မမွားခဲ့တာေတြအတြက္ေတာင္ သူက ကြ်န္မကို အျပစ္တင္ပံုခ်တတ္တယ္ေလ ကိုယ့္အေရွ႕ကေန မားမားမတ္မတ္ရွိေနဖုိ့ေနေနသာသာ ကုိယ့္ကုိ သူက ပုိပိုသာသာေလး အျပစ္ေျပာတတ္ေသးတာ

ဒီလုိလူတစ္ေယာက္ကို ဘာေၾကာင့္မစြန့္လႊတ္နုိင္ေသးတာလဲလို့ေမးမယ္ဆိုရင္ေတာ့ အစကေျပာခဲ့သလုိပဲ ၀ဋ္ေၾကြးေတြေၾကာင့္ေပါ့ … သိပ္ခ်စ္မိသြားတယ္ဆိုတဲ့ စကားလံုးေတြမသံုးေတာ့ဘူး ဆပ္စရာ၀ဋ္ေၾကြးေတြ မကုန္ခဲ့ေသးလုိ ့ကြ်န္မစိတ္ေတြလဲ မနာတတ္ခဲ့ဘူးေလ …

ကိုယ္ငိုမွ ေပ်ာ္မယ့္လူတစ္ေယာက္ ရွိေနသေရြ႔ေတာ့ ကြ်န္မ ငိုေနရဦးမွာပါပဲ ကုိယ့္ကို ပစ္ထားမွ အဆင္ေျပမယ့္လူတစ္ေယာက္အတြက္ေတာ့ ကြ်န္မ ပစ္ထားခံေနရဦးမွာပဲ ကြ်န္မ သူနဲ႕ဆံုခဲ့တာ ေရစက္ေၾကာင့္မွ မဟုတ္ပဲေလ ၀ဋ္ေၾကြးေတြေၾကာင့္ပါ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း