သူ့ကို ကျွန်မ မေ့ချင်ပြီ …

သူ့ကို ကျွန်မ မေ့ချင်ပြီ …

သူနဲ့ဝေးသွားတာ ဘယ်နှစ်ရက်တောင်ရှိပြီဆိုပြီး လက်ချိုးရေတွက်နေရခြင်းတွေကို မလုပ်ချင်တော့ဘူး ဒါပေမယ့် လုပ်ဖြစ်နေတုန်းပဲ လူတချို့က ပြောကြတယ် အချိန်တန်ရင်တော့ မေ့သွားမှာပါတဲ့ ဒီနေ့နဲ့ဆို ကျွန်မတို့ဝေးခဲ့တာ တစ်နှစ်ရှိခဲ့ပြီလေ ကျွန်မကတော့ လွမ်းနေတုန်းပဲ

ပြန်လာမလားဆိုပြီး မျှော်လင့်နေတာမဟုတ်တော့ပဲ သူနဲ့ပတ်သက်သမျှကို ကျွန်မမေ့လို့မရသေးတာပါ ပြန်တော့မလိုချင်တော့ဘူး ဒီအချိန် သူဘာလုပ်နေမလဲဆိုတဲ့အတွေးနဲ့ ကျွန်မကိုယ်ကျွန်မ ပူစေမိတယ် ကိုယ့်ကိုထားပြီး ပျော်နေတဲ့သူကို ကျွန်မ မေ့ချင်ပြီ ..

ဘုရားတရားတွေလုပ်တယ် … မေတ္တာပို့ချိန်တိုင်းမှာ သူ့နာမည်ပါတာပဲ … အလုပ်မအားအောင် လုပ်တယ် နဲနဲလေးအားလိုက်တာနဲ့ သူ့အကြောင်းကို တွေးမိတာပဲ သူနဲ့ပတ်သက်တဲ့ပုံတွေဖျက်ပြီးထားတယ် ဒါပေမယ့် ကျွန်မ ဦးနှောက်ထဲကနေတော့ အမှတ်ရနေမိသေးတာပဲလေ

အကောင့်တွေကို Blockထားပေမယ့်လဲ နှလုံးသားထဲကမှ မမေ့နိုင်သေးတာ ကျွန်မပြေးပြေးကြည့်မိနေတုန်းပဲ သူအဆင်ပြေနေပါလားဆိုတဲ့အတွေးနဲ့ ကိုယ်ပျော်အောင်နေလိုက်တဲ့ရက်တွေရှိသလိုပါပဲ သူအဆင်မပြေလားဆိုတဲ့အသိနဲ့ ကိုယ်ကပိုပြီး အဆင်မပြေဖြစ်သွားတဲ့ရက်တွေလဲ ရှိပါသေးတယ်

ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မ သူ့ကိုမေ့ချင်ပြီ သူနဲ့ပတ်သက်သမျှ အရာရာတိုင်းကို မေ့ချင်ပြီ သူနဲ့ဝေးခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီဆိုပြီး ရေတွက်ရတဲ့ရက်တွေက ဝေးချင်ပြီ

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

သူ့ကို ကြ်န္မ ေမ့ခ်င္ျပီ …

သူနဲ႕ေ၀းသြားတာ ဘယ္နွစ္ရက္ေတာင္ရွိျပီဆိုျပီး လက္ခ်ိဳးေရတြက္ေနရျခင္းေတြကို မလုပ္ခ်င္ေတာ့ဘူး ဒါေပမယ့္ လုပ္ျဖစ္ေနတုန္းပဲ လူတခ်ိဳ႕က ေျပာၾကတယ္ အခ်ိန္တန္ရင္ေတာ့ ေမ့သြားမွာပါတဲ့ ဒီေန့နဲ႕ဆို ကြ်န္မတို့ေ၀းခဲ့တာ တစ္နွစ္ရွိခဲ့ျပီေလ ကြ်န္မကေတာ့ လြမ္းေနတုန္းပဲ

ျပန္လာမလားဆိုျပီး ေမွ်ာ္လင့္ေနတာမဟုတ္ေတာ့ပဲ သူနဲ႔ပတ္သက္သမွ်ကို ကြ်န္မေမ့လုိ့မရေသးတာပါ ျပန္ေတာ့မလုိခ်င္ေတာ့ဘူး ဒီအခ်ိန္ သူဘာလုပ္ေနမလဲဆိုတဲ့အေတြးနဲ႕ ကြ်န္မကုိယ္ကြ်န္မ ပူေစမိတယ္ ကိုယ့္ကိုထားျပီး ေပ်ာ္ေနတဲ့သူကို ကြ်န္္မ ေမ့ခ်င္ျပီ ..

ဘုရားတရားေတြလုပ္တယ္ … ေမတၱာပို့ခ်ိန္တုိင္းမွာ သူ့နာမည္ပါတာပဲ … အလုပ္မအားေအာင္ လုပ္တယ္ နဲနဲေလးအားလုိက္တာနဲ႕ သူ့အေၾကာင္းကို ေတြးမိတာပဲ သူနဲ႕ပတ္သက္တဲ့ပံုေတြဖ်က္ျပီးထားတယ္ ဒါေပမယ့္ ကြ်န္မ ဦးေႏွာက္ထဲကေနေတာ့ အမွတ္ရေနမိေသးတာပဲေလ

အေကာင့္ေတြကို Blockထားေပမယ့္လဲ နွလံုးသားထဲကမွ မေမ့နိုင္ေသးတာ ကြ်န္မေျပးေျပးၾကည့္မိေနတုန္းပဲ သူအဆင္ေျပေနပါလားဆိုတဲ့အေတြးနဲ႕ ကိုယ္ေပ်ာ္ေအာင္ေနလုိက္တဲ့ရက္ေတြရွိသလိုပါပဲ သူအဆင္မေျပလားဆုိတဲ့အသိနဲ႕ ကုိယ္ကပုိျပီး အဆင္မေျပျဖစ္သြားတဲ့ရက္ေတြလဲ ရွိပါေသးတယ္

ျဖစ္နုိင္မယ္ဆုိရင္ေတာ့ ကြ်န္မ သူ့ကိုေမ့ခ်င္ျပီ သူနဲ့ပတ္သက္သမွ် အရာရာတုိင္းကို ေမ့ခ်င္ျပီ သူနဲ႕ေ၀းခဲ့တာ ဘယ္ေလာက္ေတာင္ၾကာခဲ့ျပီဆုိျပီး ေရတြက္ရတဲ့ရက္ေတြက ေ၀းခ်င္ျပီ

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း