ချစ်ခဲ့တုန်းကလဲ အတတ်နိုင်ဆုံးချစ်ခဲ့သလို ကျန်ခဲ့ချိန်မှာလဲ ပြုံးပြုံးလေးပါပဲ …

ချစ်ခဲ့တုန်းကလဲ အတတ်နိုင်ဆုံးချစ်ခဲ့သလို ကျန်ခဲ့ချိန်မှာလဲ ပြုံးပြုံးလေးပါပဲ …

ချစ်ခဲ့မိတဲ့အတွက် နောင်တရလားလို့မေးမယ်ဆိုရင်တော့ ကျွန်မ နောင်တမရဘူးလို့ပဲဖြေမယ် ကျန်ခဲ့ရတဲ့အတွက်ကော နာကျင်ရလားဆိုရင် နည်းနည်းတော့ နာကျင်ရတာပေါ့ ဒါပေမယ့်လဲ ပြုံးပြုံးလေးပဲ ကျန်ခဲ့ချင်ပါတယ် ဒီပတ်သက်ခြင်းတွေမှာ ကျွန်မ လိပ်ပြာ ကျွန်မလုံတယ်

သူနဲ့ချစ်ခဲ့တုန်းက သူ့ကို ချစ်နေဖို့အတွေးပဲရှိနေခဲ့သလို ကျွန်မ မဖောက်ပြားခဲ့ဘူး သူ့အပေါ် စကားလုံးနဲ့ကအစ သစ္စာတွေမမဲ့ခဲ့ဘူး ကိုယ်ချစ်ပေးနိုင်သမျှ ကိုယ်အတတ်နိုင်ဆုံးချစ်ပေးခဲ့တာပဲလေ ဒါတွေကြောင့်တော့ ကျွန်မ နောင်တမရဘူး တန်ဖိုးမထားခံရခြင်းတွေအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်

မပျော်တော့ဘူးတဲ့ သိပ်ချစ်တာပဲဆိုပြီး ဆွဲထားလိုက်ဖို့တွေးကြည့်သေးတယ် ဘာကြောင့်မပျော်တော့တာလဲဆိုတဲ့ အဖြေရှာဖို့ ကြိုးစားကြည့်သေးတယ် ဒါပေမယ့် အဆင်ပြေမှာမဟုတ်ပါဘူး ကိုယ်ဆွဲထားမှသာ မြဲမယ်ဆိုရင် သေချာတယ် သူအနားရှိနေလဲ ကိုယ်ပျော်ရတော့မှာ မဟုတ်တော့ဘူးလေ

ထွက်သွားချင်တယ်ဆိုရင် ပြုံးပြုံးလေးပဲ ကျန်ခဲ့ဖို့ပဲရွေးလိုက်တယ် ဆွဲမထားတော့ဘူး မထားခဲ့ပါနဲ့ဆိုပြီ တောင်းပန်မနေတော့ဘူး ဒါပေမယ့် တစ်ခုတော့ မှာလိုက်ပါတယ် ထွက်သွားပြီးရင်တော့ ပြန်လာချင်လို့မရဘူးဆိုတဲ့စကားလေး ကျွန်မ မှာလိုက်တယ်

သူ့ကို အတတ်နိုင်ဆုံးချစ်ပေးခဲ့ပြီးပြီ အရိုးသားဆုံးလဲ ချစ်ခဲ့ပြီးပြီ ကျွန်မဘက်က မှားခဲ့တာတွေတော့ မရှိဘူးလေ သူတန်ဖိုးမထားခဲ့ခြင်းတွေပဲ ရှိတာပါ ဒါတွေကြောင့် ကျွန်မမှာနောင်တတွေရှိမနေခဲ့သလို ပြန်ပြီးတမ်းတရတာတွေရှိမနေတော့ပါဘူး လွမ်းမှလွမ်း သူတောင် ကျွန်မကိုလွမ်းနေရဦးမယ်

စချစ်တဲ့အချိန်ကစလို လမ်းခွဲတဲ့အချိန်အထိ ကျွန်မ လိပ်ပြာ ကျွန်မ လုံပါတယ်

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခ်စ္ခဲ့တုန္းကလဲ အတတ္နိုင္ဆံုးခ်စ္ခဲ့သလုိ က်န္ခဲ့ခ်ိန္မွာလဲ ျပံဳးျပံဳးေလးပါပဲ …

ခ်စ္ခဲ့မိတဲ့အတြက္ ေနာင္တရလားလုိ့ေမးမယ္ဆိုရင္ေတာ့ ကြ်န္္မ ေနာင္တမရဘူးလို့ပဲေျဖမယ္ က်န္ခဲ့ရတဲ့အတြက္ေကာ နာက်င္ရလားဆိုရင္ နည္းနည္းေတာ့ နာက်င္ရတာေပါ့ ဒါေပမယ့္လဲ ျပံဳးျပံဳးေလးပဲ က်န္ခဲ့ခ်င္ပါတယ္ ဒီပတ္သက္ျခင္းေတြမွာ ကြ်န္မ လိပ္ျပာ ကြ်န္မလံုတယ္

သူနဲ႔ခ်စ္ခဲ့တုန္းက သူ့ကို ခ်စ္ေနဖို့အေတြးပဲရွိေနခဲ့သလုိ ကြ်န္မ မေဖာက္ျပားခဲ့ဘူး သူ့အေပၚ စကားလံုးနဲ႕ကအစ သစၥာေတြမမဲ့ခဲ့ဘူး ကိုယ္ခ်စ္ေပးနုိင္သမွ် ကုိယ္အတတ္နိုင္ဆံုးခ်စ္ေပးခဲ့တာပဲေလ ဒါေတြေၾကာင့္ေတာ့ ကြ်န္မ ေနာင္တမရဘူး တန္ဖိုးမထားခံရျခင္းေတြအတြက္ေတာ့ စိတ္မေကာင္းျဖစ္မိတယ္

မေပ်ာ္ေတာ့ဘူးတဲ့ သိပ္ခ်စ္တာပဲဆိုျပီး ဆြဲထားလုိက္ဖုိ့ေတြးၾကည့္ေသးတယ္ ဘာေၾကာင့္မေပ်ာ္ေတာ့တာလဲဆိုတဲ့ အေျဖရွာဖုိ့ ၾကိဳးစားၾကည့္ေသးတယ္ ဒါေပမယ့္ အဆင္ေျပမွာမဟုတ္ပါဘူး ကိုယ္ဆြဲထားမွသာ ျမဲမယ္ဆိုရင္ ေသခ်ာတယ္ သူအနားရွိေနလဲ ကုိယ္ေပ်ာ္ရေတာ့မွာ မဟုတ္ေတာ့ဘူးေလ

ထြက္သြားခ်င္တယ္ဆုိရင္ ျပံဳးျပံဳးေလးပဲ က်န္ခဲ့ဖို့ပဲေရြးလုိက္တယ္ ဆြဲမထားေတာ့ဘူး မထားခဲ့ပါနဲ႕ဆိုျပီ ေတာင္းပန္မေနေတာ့ဘူး ဒါေပမယ့္ တစ္ခုေတာ့ မွာလုိက္ပါတယ္ ထြက္သြားျပီးရင္ေတာ့ ျပန္လာခ်င္လို့မရဘူးဆိုတဲ့စကားေလး ကြ်န္မ မွာလုိက္တယ္

သူ့ကို အတတ္နိုင္ဆံုးခ်စ္ေပးခဲ့ျပီးျပီ အရိုးသားဆံုးလဲ ခ်စ္ခဲ့ျပီးျပီ ကြ်န္္မဘက္က မွားခဲ့တာေတြေတာ့ မရွိဘူးေလ သူတန္ဖိုးမထားခဲ့ျခင္းေတြပဲ ရွိိတာပါ ဒါေတြေၾကာင့္ ကြ်န္မမွာေနာင္တေတြရွိမေနခဲ့သလုိ ျပန္ျပီးတမ္းတရတာေတြရွိမေနေတာ့ပါဘူး လြမ္းမွလြမ္း သူေတာင္ ကြ်န္မကိုလြမ္းေနရဦးမယ္

စခ်စ္တဲ့အခ်ိန္ကစလုိ လမ္းခြဲတဲ့အခ်ိန္အထိ ကြ်န္္မ လိပ္ျပာ ကြ်န္မ လံုပါတယ္

မိန္းမသားတို့အတြက္
သွ်င္ယြန္း