ကျွန်မမလှဘူးတဲ့ အမှန်ပဲ စိတ်ဓာတ်လေးတော့ လှအောင်ထားတယ်

ကျွန်မမလှဘူးတဲ့ အမှန်ပဲ စိတ်ဓာတ်လေးတော့ လှအောင်ထားတယ်

ကျွန်မကို လှအောင်မမွေးပေးတဲ့အမေ့ကို အပြစ်မတင်ဘူး ဒါပေမယ့် ကျွန်မ စိတ်ဓာတ်လေးကို ဘယ်လိုလှအောင်ထားရမလဲဆိုတာ သင်ပေးတဲ့အမေ့ကို ကျေးဇူးသိပ်တင်တယ် မိန်းကလေးပဲ လှချင်တာပေါ့ ဒါပေမယ့် အလှစစ်နဲ့ ခဏတာအလှ ခွဲခြားတတ်ဖို့တော့ လိုတယ် …

သူက လှလိုက်တာဆိုတဲ့စကား မိန်းကလေးတိုင်းမက်ကြတယ် … ဒါပေမယ့် ရုပ်လေးလှသလောက် စိတ်ဓာတ်ကကွာဆိုတဲ့ စကားတွေက ပိုပြီးတော့ အကျည်းတန်လွန်းတယ်နော် ရုပ်လေးနဲ့မှ မလိုက်တဲ့ ရုပ်လှဖို့ထက် စိတ်ဓာတ်လေး လှအောင်ထားပါ

ရုပ်လှတယ်ဆိုတာ ခဏတော့ လူရာဝင်လိမ့်မယ် ဒါပေမယ့် စိတ်ဓာတ်မကောင်းရင် ဘယ်သူမှ ကြာကြာမပေါင်းတတ်ကြဘူးလေ စိတ်ဓာတ်ကောင်းမှသာ လူရာဝင်တာပါ .. မိတ်ကပ်တွေ ဘယ်လောက်ဖုံးထားဖုံးထား Brand တွေ ဘယ်လောက်ဝတ်ဝတ် စိတ်ဓာတ်မကောင်းတဲ့သူက အရောင်မထွက်တတ်ဘူး

ဘယ်လောက်ကောင်းတဲ့ ရေမွှေးကိုသုံးသုံး ကိုယ်ကျင့်တရားမကောင်းတဲ့သူက အနံ့အသက်မကောင်းဘူး ရုပ်ကိုလဲ ပြင်ပါ စိတ်ကိုလဲ ပြင်ပါ ကျွန်မမလှဘူူးလို့ပြောရင် အရင်ကတော့ စိတ်ထဲမကောင်းဖြစ်မိတယ် ဒါပေမယ့် ခုတော့ ဘာမဖြစ်တော့ဘူး ကျွန်မ မလှဘူးပြော ဟုတ်တယ် ကျွန်မ မလှဘူး အရှိကိုအရှိတိုင်း လက်ခံတတ်လာပြီလေ ..

လူတစ်ယောက်ရဲ့ အပေါ်ယံအလှတရားဆိုတာ အလွန်ဆုံးခံနှစ်နှစ်ဆယ်ပေါ့ ဒါပေမယ့် ကိုယ့်နှလုံးသားလေးလှရင်တော့ အဲ့ဒီအလှတရားဟာ တစ်သက်လုံးခံတတ်တယ် အလှအပမက်ပါ … ဒါပေမယ့် ရုပ်လေးပြင် နှလုံးသားလဲ လှအောင် ပြင်ပေါ့

မိန်းမသားတို့အတွက်
သျှင်ယွန်း





ဘယ်လောက်ကောင်းတဲ့ ရေမွှေးကိုသုံးသုံး ကိုယ်ကျင့်တရားမကောင်းတဲ့သူက အနံ့အသက်မကောင်းဘူး ရုပ်ကိုလဲ ပြင်ပါ စိတ်ကိုလဲ ပြင်ပါ ကျွန်မမလှဘူးလို့ပြောရင် အရင်ကတော့ စိတ်ထဲမကောင်းဖြစ်မိတယ် ဒါပေမယ့် ခုတော့ ဘာမဖြစ်တော့ဘူး ကျွန်မ မလှဘူးပြော ဟုတ်တယ် ကျွန်မ မလှဘူး အရှိကိုအရှိတိုင်း လက်ခံတတ်လာပြီလေ ..


မိန်းမသားတို့အတွက်
သျှင်ယွန်း