ကောင်းအောင်နေတဲ့ကြားက မကောင်းမြင်ခံရတဲ့အခါ

ကျွန်မ ကောင်းအောင်နေတဲ့ကြားက မကောင်းမြင်ခံရတဲ့အခါ အရင်လို ကပ်ကပ်လန်ရန်တွေ့မနေတော့ဘူး ငါတော့ ဝဋ်ကြွေးတစ်ခု ဆပ်ပြီးပြီလို့ တဖြေးဖြေး ဖြေသိမ့်တတ်လာခဲ့ပြီ .. အရင်ကစိတ်နဲ့ဆိုရင်တော့ ကိုယ်ကောင်းအောင်နေတဲ့အကြောင်းကို ဖြေရှင်းချင် ဖြေရှင်းနေမိမှာပါ …

ဒါပေမယ့် နေရာတကာ လိုက်ပြီးဖြေရှင်းချင်နေလို့မရသလို လူတွေက ကိုယ်ကောင်းနေတာကို လက်ခံချင်ကြမှာလဲ မဟုတ်ပါဘူး … တချို့က ကိုယ်အဆင်ပြေနေတာထက် ကိုယ်ဘယ်အချိန် အဆင်မပြေဖြစ်မလဲဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်တာလေ …

တစ်ခါတစ်လေကျတော့ ဖြေရှင်းချင်တဲ့စိတ်ကို ထိန်းရမယ် ငါမှန်နေတာပဲဆိုပေမယ့်လဲ ကိုယ်အမှန်ကနေ ကိုယ့်အလွန်တွေ ဖြစ်သွားတတ်တာကို သိထားဖို့လိုတယ် လူကြီးနဲ့လူငယ် ဇာတ်လမ်းတွေမှာ အများနဲ့တစ်ယောက် ဇာတ်လမ်းတွေမှာ ကိုယ့်အလွန်တွေ ဖြစ်မသွားဖို့လိုတယ်

မှန်မှန်မှားမှား ခေါင်းငုံ့ခံနေရမယ်လို့ ပြောတာမဟုတ်ဘူး … လူကြီးနဲ့လူငယ်ဖြစ်လာတဲ့အခါ ကိုယ်မှန်နေပေမယ့် ကိုယ့်အလွန်ဖြစ်သွားဖို့ များတယ် အများနဲ့တစ်ယောက်ဖြစ်တိုင်း ကြောက်လို့ ပါးစပ်ပိတ်နေခိုင်းတာ မဟုတ်ဘူးနော် တစ်ခါတစ်လေ အချိန်ကောင်းဆိုတာ ရှိတတ်တယ်လေ စိတ်ရှည်တတ်ဖို့နဲ့ အခြေအနေကြည့်တတ်ဖို့တော့ လိုမယ်

ကိုယ်ကောင်းအောင်နေပေမယ့်လဲ မကောင်းမြင်ခံရတဲ့အခါ အရင်လို ကပ်ကပ်လန် ရန်တွေ့မနေတော့ဘူး ကိုယ်ဆပ်ရမယ့် ဝဋ်ကြွေးတစ်ခုတော့ ဆပ်ပြီးပြီလို့ဖြေသိမ့်တတ်လာပြီ ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြ်န္မ ေကာင္းေအာင္ေနတဲ့ၾကားက မေကာင္းျမင္ခံရတဲ့အခါ အရင္လို ကပ္ကပ္လန္ရန္ေတြ့မေနေတာ့ဘူး ငါေတာ့ ၀ဋ္ေၾကြးတစ္ခု ဆပ္ျပီးျပီလို့ တေျဖးေျဖး ေျဖသိမ့္တတ္လာခဲ့ျပီ .. အရင္ကစိတ္နဲ႕ဆိုရင္ေတာ့ ကုိယ္ေကာင္းေအာင္ေနတဲ့အေၾကာင္းကို ေျဖရွင္းခ်င္ ေျဖရွင္းေနမိမွာပါ …

ဒါေပမယ့္ ေနရာတကာ လုိက္ျပီးေျဖရွင္းခ်င္ေနလို့မရသလို လူေတြက ကိုယ္ေကာင္းေနတာကို လက္ခံခ်င္ၾကမွာလဲ မဟုတ္ပါဘူး … တခ်ိဳ႕က ကိုုယ္အဆင္ေျပေနတာထက္ ကုိယ္ဘယ္အခ်ိန္ အဆင္မေျပျဖစ္မလဲဆုိတဲ့ မ်က္လံုးေတြနဲ႕ ၾကည့္ေနတတ္တာေလ …

တစ္ခါတစ္ေလက်ေတာ့ ေျဖရွင္းခ်င္တဲ့စိတ္ကို ထိန္းရမယ္ ငါမွန္ေနတာပဲဆုိေပမယ့္လဲ ကိုယ္အမွန္ကေန ကုိယ့္အလြန္ေတြ ျဖစ္သြားတတ္တာကို သိထားဖို့လိုတယ္ လူၾကီးနဲ႕လူငယ္ ဇာတ္လမ္းေတြမွာ အမ်ားနဲ႕တစ္ေယာက္ ဇာတ္လမ္းေတြမွာ ကိုယ့္အလြန္ေတြ ျဖစ္မသြားဖို့လိုတယ္

မွန္မွန္မွားမွား ေခါင္းငံု႕ခံေနရမယ္လို့ ေျပာတာမဟုတ္ဘူး … လူၾကီးနဲ႔လူငယ္ျဖစ္လာတဲ့အခါ ကိုယ္မွန္ေနေပမယ့့္ ကိုယ့္အလြန္ျဖစ္သြားဖုိ့ မ်ားတယ္ အမ်ားနဲ႕တစ္ေယာက္ျဖစ္တိုင္း ေၾကာက္လို့ ပါးစပ္ပိတ္ေနခိုင္းတာ မဟုတ္ဘူးေနာ္ တစ္ခါတစ္ေလ အခ်ိန္ေကာင္းဆိုတာ ရွိတတ္တယ္ေလ စိတ္ရွည္တတ္ဖို့နဲ႕ အေျခအေနၾကည့္တတ္ဖို့ေတာ့ လုိမယ္

ကိုယ္ေကာင္းေအာင္ေနေပမယ့္လဲ မေကာင္းျမင္ခံရတဲ့အခါ အရင္လို ကပ္ကပ္လန္ ရန္ေတြ့မေနေတာ့ဘူး ကိုယ္ဆပ္ရမယ့္ ၀ဋ္ေၾကြးတစ္ခုေတာ့ ဆပ္ျပီးျပီလို ့ေျဖသိမ့္တတ္လာျပီ ….

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း