တစ်ပင်မလဲခင်ကတည်း နောက်တစ်ပင်ထူနေခဲ့တဲ့ သူ …

တစ်ပင်မလဲခင်ကတည်း နောက်တစ်ပင်ထူနေခဲ့တဲ့ သူ …

တစ်ပင်လဲမူ တစ်ပင်ထူတဲ့ … လွန်ခဲ့တဲ့ နှစ်တွေများစွာကတည်းက ရှိနေခဲ့တဲ့အဆိုလေးပေါ့ ဒါပေမယ့်သူကတော့ နောက်တစ်ပင်ထူဖို့ ကျွန်မတို့ရဲ့ ပတ်သက်မှုတွေကို ရပ်တန့်ပစ်ခဲ့တဲ့သူပါ … ဖောက်ပြန်တယ်ဆိုတဲ့စကားလုံးကြီးက ကြမ်းတမ်းတယ် ကျွန်မကတော့ သူ့ကို တစ်ပင်မလဲခင်ကတည်းက နောက်တစ်ပင်ထူခဲ့တဲ့ သူဆိုပြီးပဲ ခေါင်းစဉ်တပ်ခဲ့ပါတယ်

အစကတော့ ကျွန်မ မသိအောင် ခိုးပြီးတော့ စာတွေပို့ကြတယ် ပြောပြီးတာနဲ့ချက်ချင်းဖျက်တယ် ကျွန်မလစ်တဲ့အခါမှသာ ဖုန်းတွေဆက်တယ် .. ပြီးတော့ Call History တွေ တစ်ခုမကျန်ပြန်ဖျက်တော့ ပြီးတော့ မှတ်ထားတဲ့ နာမည်လေးကလဲ ဆန်းတယ် ဒါတော့ မပြောတော့ပါဘူး

မူတွေ ပျက်လာတာနဲ့အမျှ ကျွန်မမှာလဲ မေးခွန်းတွေအများကြီးရှိလာခဲ့တာပေါ့ … မေးခွန်းတိုင်းမှာ အဖြေတစ်ခုပဲ ရှိတယ် ငါ့ကိုယ်ကျင့်တရားကို မစော်ကားနဲ့ ထင်ရာမြင်ရာတွေ လျှောက်မပြောနဲ့ သက်သေတွေ မရှိပဲ လာမစွပ်စွဲနဲ့တဲ့ ကိုယ့်မှာ လက်ဆုတ်လက်ကိုင်ပြစရာရှိမနေတဲ့အခါ … ကိုယ် ငြိမ်ခံလိုက်ရတာပါပဲ

နောက်ပိုင်းမှာ တဖြေးဖြေးသိလာတယ် ပြီးတော့ ပိုပြီးတော့ သိလာခဲ့ရတယ် … လက်ပူးလက်ကြပ်ကို မိတဲ့အခါကျတော့မှ တစ်ခွန်းပဲပြောတယ် ဟုတ်တယ်ကွာ မင်းဘာလုပ်ချင်လဲတဲ့ သိပ်ကို တရားဖို့ကောင်းတယ် … ဘာလုပ်ရမလဲ မျက်နှာဖုံးတွေ ဝတ်ထားတဲ့မျက်နှာတွေ အလုံးစုံကွာကျခဲ့ပါပြီ

ကျွန်မ သိနေပြီပဲဆိုတဲ့ ပုံစံမျိုးနဲ့ အရင်လို ခိုးကြောင်းခိုးဝှက်တွေတောင်မဟုတ်တော့ပဲ ကိုယ့်အရှေ့မှာတင် မျက်နှာပြောင်တွေ တိုက်တတ်လာခဲ့ပြီ … တစ်ပင်မလဲခင်ကနေ နောက်တစ်ပင်ကို ထူဖို့ မြေစမ်းခရမ်းပျိုးရုံတင်မက သေကိုသေချာနေခဲ့ပြီလေ …

အဲ့ဒီအချိန် ကျွန်မ အနားမှာ ဘယ်သူမှရှိမနေခဲ့ဘူး ဘယ်သူ့ကိုမှ ပြောပြလို့မရခဲ့သလို ဘယ်သူ့ကိုမှ တိုင်ပင်လို့မရခဲ့ဘူးလေ .. နောက်ဆုံးတော့လဲ ကိုယ့်လမ်းကို ဆက်လျှောက်ပြီး ရေစက်ချ အမျှဝေပေးလိုက်ရုံပေါ့ သိပ်ကို အဖြစ်သည်းပြလာတဲ့အခါ ကျွန်မရဲ့ ခံနိုင်ရည်အားတွေ ရှိမနေခဲ့တော့ဘူး

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ပင္မလဲခင္ကတည္း ေနာက္တစ္ပင္ထူေနခဲ့တဲ့ သူ …

တစ္ပင္လဲမူ တစ္ပင္ထူတဲ့ … လြန္ခဲ့တဲ့ နွစ္ေတြမ်ားစြာကတည္းက ရွိေနခဲ့တဲ့အဆိုေလးေပါ့ ဒါေပမယ္ ့သူကေတာ့ ေနာက္တစ္ပင္ထူဖုိ့ ကြ်န္မတို့ရဲ႕ ပတ္သက္မႈေတြကိုိ ရပ္တန့္ပစ္ခဲ့တဲ့သူပါ … ေဖာက္ျပန္တယ္ဆိုတဲ့စကားလံုးၾကီးက ၾကမ္းတမ္းတယ္ ကြ်န္မကေတာ့ သူ့ကုိ တစ္ပင္မလဲခင္ကတည္းက ေနာက္တစ္ပင္ထူခဲ့တဲ့ သူဆိုျပီးပဲ ေခါင္းစဥ္တပ္ခဲ့ပါတယ္

အစကေတာ့ ကြ်န္မ မသိေအာင္ ခိုးျပီးေတာ့ စာေတြပို့ၾကတယ္ ေျပာျပီးတာနဲ႕ခ်က္ခ်င္းဖ်က္တယ္ ကြ်န္မလစ္တဲ့အခါမွသာ ဖုန္းေတြဆက္တယ္ .. ျပီးေတာ့ Call History ေတြ တစ္ခုမက်န္ျပန္ဖ်က္ေတာ့ ျပီးေတာ့ မွတ္ထားတဲ့ နာမည္ေလးကလဲ ဆန္းတယ္ ဒါေတာ့ မေျပာေတာ့ပါဘူး

မူေတြ ပ်က္လာတာနဲ႕အမွ် ကြ်န္မမွာလဲ ေမးခြန္းေတြအမ်ားၾကီးရွိလာခဲ့တာေပါ့ … ေမးခြန္းတိုင္းမွာ အေျဖတစ္ခုပဲ ရွိတယ္ ငါ့ကိုယ္က်င့္တရားကို မေစာ္ကားနဲ႕ ထင္ရာျမင္ရာေတြ ေလွ်ာက္မေျပာနဲ႕ သက္ေသေတြ မရွိ္ပဲ လာမစြပ္စြဲနဲ႕တဲ့ ကိုယ့္မွာ လက္ဆုတ္လက္ကိုင္ျပစရာရွိမေနတဲ့အခါ … ကုိယ္ ျငိမ္ခံလုိက္ရတာပါပဲ

ေနာက္ပုိင္းမွာ တေျဖးေျဖးသိလာတယ္ ျပီးေတာ့ ပိုျပီးေတာ့ သိလာခဲ့ရတယ္ … လက္ပူးလက္ၾကပ္ကို မိတဲ့အခါက်ေတာ့မွ တစ္ခြန္းပဲေျပာတယ္ ဟုတ္တယ္ကြာ မင္းဘာလုပ္ခ်င္လဲတဲ့ သိပ္ကို တရားဖို့ေကာင္းတယ္ … ဘာလုပ္ရမလဲ မ်က္ႏွာဖံုးေတြ ၀တ္္ထားတဲ့မ်က္ႏွာေတြ အလံုးစံုကြာက်ခဲ့ပါျပီ

ကြ်န္မ သိေနျပီပဲဆိုတဲ့ ပံုစံမ်ိဳးနဲ႕ အရင္လို ခိုးေၾကာင္းခိုး၀ွက္ေတြေတာင္မဟုတ္ေတာ့ပဲ ကုိယ့္အေရွ႕မွာတင္ မ်က္နွာေျပာင္ေတြ တိုက္တတ္လာခဲ့ျပီ … တစ္ပင္မလဲခင္ကေန ေနာက္တစ္ပင္ကို ထူဖို့ ေျမစမ္းခရမ္းပ်ိဳးရံုတင္မက ေသကိုေသခ်ာေနခဲ့ျပီေလ …

အဲ့ဒီအခ်ိန္ ကြ်န္မ အနားမွာ ဘယ္သူမွရွိမေနခဲ့ဘူး ဘယ္သူ့ကိုမွ ေျပာျပလုိ့မရခဲ့သလို ဘယ္သူ့ကိုမွ တိုင္ပင္လို့မရခဲ့ဘူးေလ .. ေနာက္ဆံုးေတာ့လဲ ကိုယ့္လမ္းကို ဆက္ေလွ်ာက္ျပီး ေရစက္ခ် အမွ်ေ၀ေပးလုိက္ရံုုေပါ့ သိပ္ကို အျဖစ္သည္းျပလာတဲ့အခါ ကြ်န္မရဲ႕ ခံနုိင္ရည္အားေတြ ရွိမေနခဲ့ေတာ့ဘူး

မိန္းမသားတို့အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00