အပေါ်ယံတွေကို တကယ်ထင်ခဲ့မိတာ …

အပေါ်ယံတွေကို တကယ်ထင်ခဲ့မိတာ …

ဘယ်နေရာမှာမဆို ပွင့်လင်းတတ်တဲ့ ကျွန်မ သိပ်ကို တုံးအခဲ့ဖူူးပါတယ် ကိုယ့်ကို အပေါ်ယံလေးဆက်ဆံခဲ့ကြတာကို ကျွန်မ တကယ်ကြီးပျော်ခဲ့မိတာလေ ပြီးတော့ တကယ်ကြီးတွယ်တာခဲ့မိတာပေါ့ အချိန်တန်ရင် ပုံစံအမှန်တွေမြင်ရမယ်လို့ဘယ်တုန်းကမှ မထင်ခဲ့ဘူး

ကိုယ့်ကို ဖက်ထားတဲ့လက်က ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတဲ့အခါ ပိုပြီးနာရတတ်တယ်တဲ့ သေချာတာပေါ့ ကိုယ်ဘာဖြစ်နေလဲဆိုပြီး စာနာတဲ့ပုံစံနဲ့ မေးကြတယ် ကိုယ်ဖြစ်နေတဲ့အရာတွေကို ပြောပြမိတဲ့အခါ ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကို ပြောစရာတွေ ရသွားအောင် ကိုယ်ကိုယ်တိုင်ပဲ ပေးလိုက်မိတာပေါ့ ….

တချို့က ကြင်နာချင်ယောင်ဆောင်ကြတယ် ငိုနေတဲ့မျက်ရည်တွေကို သုတ်ပြီး တစ်ဘဝလုံးစာပဲ ကြင်နာတော့မလို ပုံစံမျိုးနဲ့ ကိုယ့်ဘဝထဲ ဝင်လာတတ်ကြတာလေ… ကိုယ်တကယ်ချစ်မိသွားတဲ့အခါမှပဲ မဖြစ်နိုင်လို့ပါဆိုတဲ့ စကားလုံးတွေ မချစ်နိုင်တော့လို့ပါဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ်ကို ပိုပြီးငိုစေခဲ့တာ …

အပေါ်ယံတွေကို အမှန်ထင်ခဲ့တဲ့ကိုယ်ပဲ သေရာပါ ထပ်ပြီး နာကျင်ရတာပေါ့ … အဲ့လို ခဏခဏဖြစ်ပြီးသွားတဲ့အခါ ယုံကြည်ချင်တာတောင် အလုံးစုံ မယုံရဲတော့ဘူး … ဘာကြောင့်လဲမေးရင် ကျွန်မ လုံလုံလောက်လောက် နာကျင်ခဲ့ရပြီးပြီ… ထပ်ပြီးနာကျင်ရမှာကို ကြောက်တတ်လာပြီလေ …

ယုံကြည်ရမှာကို ကြောက်တတ်လာပြီ … အပေါ်လေးတွေနဲ့ ကိုယ့်အပေါ် ကောင်းပြပြီး နက်နက်နဲနဲနာကျင်ရမယ့် ဒဏ်ရာတွေကို ကျွန်မ ကြောက်နေခဲ့ပြီ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

အေပၚယံေတြကို တကယ္ထင္ခဲ့မိတာ …

ဘယ္ေနရာမွာမဆို ပြင့္လင္းတတ္တဲ့ ကြ်န္မ သိပ္ကို တံုးအခဲ့ဖူူးပါတယ္ ကိုယ့္ကို အေပၚယံေလးဆက္ဆံခဲ့ၾကတာကို ကြ်န္မ တကယ္ၾကီးေပ်ာ္ခဲ့မိတာေလ ျပီးေတာ့ တကယ္ၾကီးတြယ္တာခဲ့မိတာေပါ့ အခ်ိန္တန္ရင္ ပံုစံအမွန္ေတြျမင္ရမယ္လို ့ဘယ္တုန္းကမွ မထင္ခဲ့ဘူး

ကိုယ့္ကိို ဖက္ထားတဲ့လက္က ကိုယ့္ေနာက္ေက်ာကို ဓားနဲ့ထိုးတဲ့အခါ ပုိျပီးနာရတတ္တယ္တဲ့ ေသခ်ာတာေပါ့ ကုိယ္ဘာျဖစ္ေနလဲဆုိျပီး စာနာတဲ့ပံုစံနဲ႕ ေမးၾကတယ္ ကုိယ္ျဖစ္ေနတဲ့အရာေတြကို ေျပာျပမိတဲ့အခါ ကိုယ့္ေနာက္ကြယ္မွာ ကိုယ့္ကို ေျပာစရာေတြ ရသြားေအာင္ ကိုယ္ကုိယ္တိုင္ပဲ ေပးလုိက္မိတာေပါ့ ….

တခ်ိဳ႔က ၾကင္နာခ်င္ေယာင္ေဆာင္ၾကတယ္ ငုိေနတဲ့မ်က္ရည္ေတြကုိ သုတ္ျပီး တစ္ဘ၀လံုးစာပဲ ၾကင္နာေတာ့မလို ပံုစံမ်ိဳးနဲ႕ ကုိယ့္ဘ၀ထဲ ၀င္လာတတ္ၾကတာေလ… ကုိယ္တကယ္ခ်စ္မိသြားတဲ့အခါမွပဲ မျဖစ္နုိင္လုိ့ပါဆိုတဲ့ စကားလံုးေတြ မခ်စ္နုိင္ေတာ့လုိ့ပါဆုိတဲ့ စကားလံုးေတြနဲ႕ ကုိယ္ကို ပိုျပီးငိုေစခဲ့တာ …

အေပၚယံေတြကို အမွန္ထင္ခဲ့တဲ့ကိုယ္ပဲ ေသရာပါ ထပ္ျပီး နာက်င္ရတာေပါ့ … အဲ့လို ခဏခဏျဖစ္ျပီးသြားတဲ့အခါ ယံုၾကည္ခ်င္တာေတာင္ အလံုးစံု မယံုရဲေတာ့ဘူး … ဘာေၾကာင့္လဲေမးရင္ ကြ်န္္မ လံုလံုေလာက္ေလာက္ နာက်င္ခဲ့ရျပီးျပီ… ထပ္ျပီးနာက်င္ရမွာကို ေၾကာက္တတ္လာျပီေလ …

ယံုၾကည္ရမွာကို ေၾကာက္တတ္လာျပီ … အေပၚေလးေတြနဲ႕ ကိုယ့္အေပၚ ေကာင္းျပျပီး နက္နက္နဲနဲနာက်င္ရမယ့္ ဒဏ္ရာေတြကို ကြ်န္မ ေၾကာက္ေနခဲ့ျပီ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း