ကိုယ့့််အနားက ထွက်မသွားဖို့ မျက်ရည်တွေနဲ့ချည်ခဲ့ဖူးတယ်

ကိုယ့့််အနားက ထွက်မသွားဖို့ မျက်ရည်တွေနဲ့ချည်ခဲ့ဖူးတယ်

ကိုယ့်မျက်ရည်တွေကိုမြင်ရင် သူပြန်လှည့်ကြည့်ကောင်းလှည့်ကြည့်မှာပဲထင်ပြီး ကိုယ့်အနားကထွက်သွားချင်ပါပြီဆိုတဲ့သူကို ထွက်မသွားပါနဲ့ဆိုပြီး မျက်ရည်တွေနဲ့ ချည်ဖို့ကြိုးစားခဲ့ဖူးတယ် အဖြေက သိပ်ချစ်လွန်းလို့နဲ့ ထွက်သွားမှာစိုးလို့ ဒီနှစ်ခုတည်းပဲ

အရင်ကလိုများ ကိုယ်နာကျင်နေရင် သူလဲမနေတတ်လောက်ဘူးလို့တစ်ထစ်ချကြီးယုံကြည်နေခဲ့မိတာ ကိုယ့်မျက်ရည်တွေပဲကိုမြင်ရင် သူအထိုက်အလျောက်တော့ အတိတ်ကိုပြန်တွေးပြီး ကိုယ့်အနားမှာ ရှိနေဦးမှာလို့ ထင်နေခဲ့မိတာ

တကယ်တမ်းကျတော့ … ကိုယ်မျက်ရည်တွေပဲရှုံးပါတယ် မနေချင်တော့ဘူးဆိုတဲ့လူမှာ ကိုယ့်အနားက ထွက်သွားဖို့ အကြောင်းပြချက်တွေ အများကြီးရှိနေနိုင်တယ်လေ ပြီးတော့ ကိုယ့်မျက်ရည်တွေဟာလဲ သူ့အတွက် အပိုလို့ပဲမြင်တယ် ပြီးတော့ စိတ်ပျက်စရာပေါ့

လူတစ်ယောက်ကို ဘယ်တော့မှမျက်ရည်တွေနဲ့ချည်ဖို့ မကြိုးစားနဲ့တော့ မျက်ရည်နဲ့ချည်လို့မြဲမယ်ဆိုရင်လဲ နောက်ထပ် ကိုယ်ငိုရတာပဲ အဖတ်တင်လိမ့်မယ် ဒါမှမဟုတ် တစ်သက်လုံးငိုနေရတာလဲ ဖြစ်ချင်ဖြစ်သွားတတ်တယ်လေ … သူသာတကယ်ချစ်ရင် ကိုယ်နဲ့ ဝေးရမယ့်လမ်းကို ဘယ်တော့မှ ရွေးမှာမဟုတ်သလို

ကိုယ့်ကို မျက်ရည်ကျအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး … ကိုယ့်အနားမနေချင်တဲ့သူမှာ ကိုယ်ဘာပဲဖြစ်နေဖြစ်နေ … ထွက်သွားမှာပဲလေ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့့္္အနားက ထြက္မသြားဖို့ မ်က္ရည္ေတြနဲ႕ခ်ည္ခဲ့ဖူးတယ္

ကိုယ့္မ်က္ရည္ေတြကိုျမင္ရင္ သူျပန္လွည့္ၾကည့္ေကာင္းလွည့္ၾကည့္မွာပဲထင္ျပီး ကိုယ့္အနားကထြက္သြားခ်င္ပါျပီဆိုတဲ့သူကို ထြက္မသြားပါနဲ႔ဆုိျပီး မ်က္ရည္ေတြနဲ႔ ခ်ည္ဖို့ၾကိဳးစားခဲ့ဖူးတယ္ အေျဖက သိပ္ခ်စ္လြန္းလို့နဲ႔ ထြက္သြားမွာစိုးလုိ့ ဒီနွစ္ခုတည္းပဲ

အရင္ကလိုမ်ား ကုိယ္နာက်င္ေနရင္ သူလဲမေနတတ္ေလာက္ဘူးလို့တစ္ထစ္ခ်ၾကီးယံုၾကည္ေနခဲ့မိတာ ကုိယ့္မ်က္ရည္ေတြပဲကိုျမင္ရင္ သူအထိုက္အေလ်ာက္ေတာ့ အတိတ္ကိုျပန္ေတြးျပီး ကုိယ့္အနားမွာ ရွိေနဦးမွာလုိ့ ထင္ေနခဲ့မိတာ

တကယ္တမ္းက်ေတာ့ … ကိုယ္မ်က္ရည္ေတြပဲရံႈးပါတယ္ မေနခ်င္ေတာ့ဘူးဆိုတဲ့လူမွာ ကိုယ့္အနားက ထြက္သြားဖုိ့ အေၾကာင္းျပခ်က္ေတြ အမ်ားၾကီးရွိေနနိုင္တယ္ေလ ျပီးေတာ့ ကိုုယ့္မ်က္ရည္ေတြဟာလဲ သူ့အတြက္ အပိုလုိ့ပဲျမင္တယ္ ျပီးေတာ့ စိတ္ပ်က္စရာေပါ့

လူတစ္ေယာက္ကို ဘယ္ေတာ့မွမ်က္ရည္ေတြနဲ႔ခ်ည္ဖို့ မၾကိဳးစားနဲ႔ေတာ့ မ်က္ရည္နဲ႔ခ်ည္လုိ့ျမဲမယ္ဆုိရင္လဲ ေနာက္ထပ္ ကုိယ္ငိုရတာပဲ အဖတ္တင္လိမ့္မယ္ ဒါမွမဟုတ္ တစ္သက္လံုးငိုေနရတာလဲ ျဖစ္ခ်င္ျဖစ္သြားတတ္တယ္ေလ … သူသာတကယ္ခ်စ္ရင္ ကုိယ္နဲ႔ ေ၀းရမယ့္လမ္းကို ဘယ္ေတာ့မွ ေရြးမွာမဟုတ္သလို

ကိုယ့္ကို မ်က္ရည္က်ေအာင္ ဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘူး … ကိုယ့္အနားမေနခ်င္တဲ့သူမွာ ကိုယ္ဘာပဲျဖစ္ေနျဖစ္ေန … ထြက္သြားမွာပဲေလ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း