သစ္စာဆိုတာ ဘာမှန်း သူမသိခဲ့ဘူးလေ …

သစ္စာဆိုတာ ဘာမှန်း သူမသိခဲ့ဘူးလေ …

သံသယတွေထားရင် ဝေးတယ်ဆိုလို့ မဝေးချင်တဲ့ကိုယ်က သူ့ကို ယုံကြည်ပေးခဲ့ဖူးတယ် … မေးခွန်းတွေမမေးပဲ သူ့ကို ယုံကြည်ပေးခဲ့မိတာပေါ့ တစ်ဖက်က ဘယ်လိုတွေးလဲတော့ မသိပါဘူး သူဘာလုပ်လုပ် ဘာပြောပြော ကိုယ် ယုံကြည်နေလိမ့်မယ်လို့ပဲ တစ်ယူသန်မှတ်သွားခဲ့တယ်

ဒါပေမယ့်လဲ ကိုယ်ယုံကြည်ရလောက်တဲ့အထိ မထိုက်တန်ခဲ့ဘူးလေ သူငယ်ချင်းနဲ့ပြောနေတာပါဆိုတဲ့ ဖုန်းတွေက နောက်မှပြန်သိခဲ့ရတာက နောက်ထပ် ကောင်မလေးတစ်ယောက်ဆီ လှမ်းနေခဲ့တာကိုး ဒီနေ့နေမကောင်းလို့ လာမတွေ့တော့ဘူးဆိုတဲ့ရက်တွေမှာ အော် နောက်တစ်ယောက်နဲ့ချိန်းထားလို့ကိုယ့်ဆီလာဖို့ ပျက်ကွက်ခဲ့တာကိုး

သစ္စာဆိုတာ ဘာမှန်းမသိခဲ့တဲ့သူကိုမှ ကျွန်မက အချစ်တွေအကုန်ပေးပြီး ချစ်နေခဲ့မိတာ ကျွန်မမှားတယ် ဒါပေမယ့် ကျွန်မနောင်တတွေတော့ မရခဲ့ပါဘူး သစ္စာဆိုတာကို စာလုံးတောင် မပေါင်းတတ်ခဲ့တဲ့သူနဲ့မှ ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကိုတော့ အပြစ်တွေ တင်ချင်နေမိတယ်

သစ္စာဆိုတာ အဝေးမှာရောက်နေနေ အနီးမှာရှိနေနေ မဖောက်ပြားတာ ပြီးတော့ မလှည့်စားတာ … ကိုယ့်အရှေ့မှာ သေအောင်လွမ်းပြနေမှမဟုတ်ဘူး ကိုယ့်မျက်ကွယ်ရာရောက်သွားလဲ စိတ်ချလက်ချ ထားလို့ရမယ့် အရာပေါ့ … ကိုယ်မျက်နှာလွဲလိုက်တာနဲ့တွေးပူနေရမယ်ဆိုရင် အဲ့ဒီလူမှာ သစ္စာဆိုတာ မရှိဘူး

မယုံကြည်ပေးခဲ့မိရင် ဒီလောက်လေးတောင် မယုံကြည်ရကောင်းလဲဆိုတဲ့ အပြစ်တွေဖို့ ယုံကြည်ပေးလိုက်မိရင် အဲ့ဒီယုံကြည်မှုတွေကို အလွဲသုံးစားလုပ်တယ် … လူတွေကလဲ ခက်တယ် အချစ်မှာ သစ္စာတရားမှပါမလာရင် အဆုံးသတ်တွေက ဘယ်လှပါတော့မလဲ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သစၥာဆိုတာ ဘာမွန္း သူမသိခဲ့ဘူးေလ …

သံသယေတြထားရင္ ေ၀းတယ္ဆိုလို့ မေ၀းခ်င္တဲ့ကုိယ္က သူ့ကို ယံုၾကည္ေပးခဲ့ဖူးတယ္ … ေမးခြန္းေတြမေမးပဲ သူ့ကို ယံုၾကည္ေပးခဲ့မိတာေပါ့ တစ္ဖက္က ဘယ္လိုေတြးလဲေတာ့ မသိပါဘူး သူဘာလုပ္လုပ္ ဘာေျပာေျပာ ကိုယ္ ယံုၾကည္ေနလိမ့္မယ္လုိ့ပဲ တစ္ယူသန္မွတ္သြားခဲ့တယ္

ဒါေပမယ့္လဲ ကုိယ္ယံုၾကည္ရေလာက္တဲ့အထိ မထိုက္တန္္ခဲ့ဘူးေလ သူငယ္ခ်င္းနဲ႔ေျပာေနတာပါဆုိတဲ့ ဖုန္းေတြက ေနာက္မွျပန္သိခဲ့ရတာက ေနာက္္ထပ္ ေကာင္မေလးတစ္ေယာက္ဆီ လွမ္းေနခဲ့တာကိုး ဒီေန့ေနမေကာင္းလုိ့ လာမေတြ့ေတာ့ဘူးဆိုတဲ့ရက္ေတြမွာ ေအာ္ ေနာက္တစ္ေယာက္နဲ႔ခ်ိန္းထားလုိ ့ကိုယ့္ဆီလာဖို့ ပ်က္ကြက္ခဲ့တာကိုး

သစၥာဆိုတာ ဘာမွန္းမသိခဲ့တဲ့သူကိုမွ ကြ်န္မက အခ်စ္ေတြအကုန္ေပးျပီး ခ်စ္ေနခဲ့မိတာ ကြ်န္မမွားတယ္ ဒါေပမယ့္ ကြ်န္မေနာင္တေတြေတာ့ မရခဲ့ပါဘူး သစၥာဆိုတာကို စာလံုးေတာင္ မေပါင္းတတ္ခဲ့တဲ့သူနဲ႔မွ ဆံုေတြ႕ခြင့္ေပးခဲ့တဲ့ ကံၾကမၼာကိုေတာ့ အျပစ္ေတြ တင္ခ်င္ေနမိတယ္

သစၥာဆိုတာ အေ၀းမွာေရာက္ေနေန အနီးမွာရွိေနေန မေဖာက္ျပားတာ ျပီးေတာ့ မလွည့္စားတာ … ကိုယ့္အေရွ႕မွာ ေသေအာင္လြမ္းျပေနမွမဟုတ္ဘူး ကိုယ့္မ်က္ကြယ္ရာေရာက္သြားလဲ စိတ္္ခ်လက္ခ် ထားလို့ရမယ့္ အရာေပါ့ … ကိုယ္မ်က္ႏွာလြဲလိုက္တာနဲ႔ေတြးပူေနရမယ္ဆိုရင္ အဲ့ဒီလူမွာ သစၥာဆိုတာ မရွိဘူး

မယံုၾကည္ေပးခဲ့မိရင္ ဒီေလာက္ေလးေတာင္ မယံုၾကည္ရေကာင္းလဲဆိုတဲ့ အျပစ္ေတြဖုိ့ ယံုၾကည္ေပးလုိက္မိရင္ အဲ့ဒီယံုၾကည္မႈေတြကို အလြဲသံုးစားလုပ္တယ္ … လူေတြကလဲ ခက္တယ္ အခ်စ္မွာ သစၥာတရားမွပါမလာရင္ အဆံုးသတ္ေတြက ဘယ္လွပါေတာ့မလဲ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း