ကျေးဇူးပြုပြီးတော့ဆိုတဲ့ စကားမျက်ရည်တွေနဲ့ တားထားတဲ့ကြားက သူ ထွက်သွားခဲ့တယ် …

သေကွဲ …သူကျွန်မကို သိပ်ချစ်တာလို့ သူငယ်ချင်းတွေကြား ကြွားလို့မှမဆုံးသေးခင် သူကျွန်မ ထားသွားခဲ့ပြီ … 

သူ့အပြုံးလေးကို မြင်လို့မှ မဝသေးခင် ကျွန်မကို တစ်ယောက်တည်းရှင်သန်ပါဆိုတဲ့ အမိန့််ပေးခဲ့ပြီ … ကျွန်မ သူ့ကို သိပ်မုန်းတာပဲ အတူတူဆိုတဲ့ကတိတွေပေးပြီးမှ ကျွန်မကို တစ်ယောက်တည်း ချန်ခဲ့တယ် …

အဲ့ဒီနေ့…ပေါ့ သိပ်လွမ်းတာပဲလို့ ကိုယ်ပြောလိုက်ရုံနဲ့ ကိုယ့်အနားအပြေးလေးလာခဲ့တဲ့သူ အိမ်ပြန်ချိန်တွေမှာ ကံဆိုးမိုးမှောင်တွေကျတယ် … ကံတရားကို အပြစ်တင်ရတော့မလား ကျွန်မကို ကျွန်မကို အပြစ်တင်ရတော့မလား ဆေးရုံမှာဆိုတဲ့ စကားတွေကြားတဲ့အခါ ရုပ်ရှင်ထဲကအတိုင်း ဖုန်းတွေတကယ် လွတ်ကျခဲ့တယ် …

ကျွန်မရှေ့မှာ အခုမှ ပြုံးပြီး ပြန်သွားခဲ့တာလေ … ကျေးဇူးပြုပြီးတော့ဆိုတဲ့ စကားမျက်ရည်တွေနဲ့ တားထားတဲ့ကြားက သူ ထွက်သွားခဲ့တယ် … ကျွန်မ ဖြေမဆည်နိုင်ရုံကလွဲလို့ကျွန်မငိုနေရုံက လွဲလို့ဘာများတတ်နိုင်ဦးမှာလဲ နောက်ဆုံးအချိန်တွေထိတောင် ကျေးဇူးပြုပြီးတော့ ကို့အတွက်ရှင်သန်ပါတဲ့ တကယ်ကို ကျိန်စာပါပဲ …

ရှင်ကွဲဆိုရင်တောင် ဖြေသာပါသေးတယ် … ခုတော့ သူသိပ်ချစ်ခဲ့တာဆိုတာကို ကိုယ်သိနေခဲ့ပြီးမှ မရယ်မပြုံးတဲ့ အသက်မဲ့ ခန္ဓာကို ကြည့်ရင်း ငိုနိုင်စွမ်းတွေဟာလဲ တကယ်ကို မဲ့ပါတယ် စကားတွေပြောချင်ပေမယ့်လဲ ကိုယ်ပြောနိုင်တဲ့ အင်အားတွေလဲ မဲ့တယ် … ကို့အတွက် ရှင်သန်ပါလို့ မပြောခဲ့ရင် ကျွန်မ ရပ်မနေဖြစ်တော့ဘူးထင်ပါတယ်

သိပ်ချစ်တဲ့သူကို ခွဲသွားခဲ့တာက ခေါင်းစဉ်တပ်မယ်ဆိုရင် သေကွဲပေါ့ … နောက်ဆုံးအချိန်ထိတောင် ကိုယ့်အတွက် စိတ်ပူပေးခဲ့တဲ့သူကို ကြည့့်ရင်း ကိုယ်ကျန်နေခဲ့ရတယ် …နောင်ဘဝတွေသာရှိရင် အရင်ဆုံးလက်ပြရတဲ့သူဟာ ကျွန်မ ဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းမိတယ် အတ္တကြီးတယ်လို့ပဲ ဆိုချင်ဆိုပါစေ လွမ်းပြီး မကျန်ရစ်ချင်ဘူး …

ဒီဘဝတော့ ဒီမျှပဲပေ့ါ ကိုရေ … ရောက်ရာ ဘုံဘဝမှာ ကောင်းကောင်းရှင်သန်ပါ .. ကျွန်မကို ချစ်ခဲ့ပေးခဲ့တာတွေအတွက် တကယ်ကို ကျေးဇူးတင်သလို သံသယတစ်ကွေ့မှာ ပြန်ဆုံချင်တယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သေကွဲ …သူကျွန်မကို သိပ်ချစ်တာလို့ သူငယ်ချင်းတွေကြား ကြွားလို့မှမဆုံးသေးခင် သူကျွန်မ ထားသွားခဲ့ပြီ … သူ့အပြုံးလေးကို မြင်လို့မှ မ၀သေးခင် ကျွန်မကို တစ်ယောက်တည်းရှင်သန်ပါဆိုတဲ့ အမိန့်ပေးခဲ့ပြီ … ကျွန်မ သူ့ကို သိပ်မုန်းတာပဲ အတူတူဆိုတဲ့ကတိတွေပေးပြီးမှ ကျွန်မကို တစ်ယောက်တည်း ချန်ခဲ့တယ် …




သိပ်ချစ်တဲ့သူကို ခွဲသွားခဲ့တာက ခေါင်းစဉ်တပ်မယ်ဆိုရင် သေကွဲပေါ့ … နောက်ဆုံးအချိန်ထိတောင် ကိုယ့်အတွက် စိတ်ပူပေးခဲ့တဲ့သူကို ကြည့်ရင်း ကိုယ်ကျန်နေခဲ့ရတယ် …နောင်ဘ၀တွေသာရှိရင် အရင်ဆုံးလက်ပြရတဲ့သူဟာ ကျွန်မ ဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းမိတယ် အတ္တကြီးတယ်လို့ပဲ ဆိုချင်ဆိုပါစေ လွမ်းပြီး မကျန်ရစ်ချင်ဘူး …

ဒီဘ၀တော့ ဒီမျှပဲပေါ့ ကိုရေ … ရောက်ရာ ဘုံဘ၀မှာ ကောင်းကောင်းရှင်သန်ပါ .. ကျွန်မကို ချစ်ခဲ့ပေးခဲ့တာတွေအတွက် တကယ်ကို ကျေးဇူးတင်သလို သံသယတစ်ကွေ့မှာ ပြန်ဆုံချင်တယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း