မျက်နှာများတဲ့ … မောင်

မျက်နှာများတဲ့ … မောင်

သူက အငယ်ပဲလေဆိုတဲ့အတွေးနဲ့ ဆိုးခဲ့တာတွေကိုလဲ သည်းခံပေးခဲ့သလို … အနိုင်လိုချင်တဲ့ အကျင့်တွေကိုလဲ နားလည်ပေးခဲ့မိတယ် ။မိဘတွေက ဆိုးတဲ့သားသမီးကိုမှ ဘာကြောင့်ပိုချစ်သလဲလို့မေးရင် … အရင်က အဖြေတွေ မသိခဲ့ဘူး ။ မောင်ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးနဲ့တွေ့မှ နားလည်လာခဲ့တယ် ။

အမြဲတမ်းစိတ်ပူနေရသလို အမြဲတမ်း နားလည်ပေးနေရတယ်လေ ။ ပင်ပန်းလာလို့မေးရင် ကျွန်မ ပျော်ပါတယ် ။ ချစ်သူသက်တမ်းတစ်လျှောက်မှာ … ကျွန်မ စိတ်ကောက်တဲ့အရေအတွက်ထက် သူစိတ်ကောက်လို့ ချော့ရတဲ့ အရေအတွက်တွေကတော့ … ပိုပြီးများတယ် ။

သူ့မှာ ကျွန်မ မကြိုက်ဆုံးတစ်ချက်ရှိတယ် ။ မျက်နှာသိပ်များတာပေါ့ ။ ဒီလူနဲ့တွေ့တဲ့အခါ ဒီလူကို သည်းသည်းလှုပ်ချစ်ပြတတ်သလို ကျွန်မ အနားရောက်တဲ့အခါ ကျွန်မကို အရိပ်တကြည့်ကြည့်ချစ်တတ်တယ် ။ နောက်လူနဲ့ ဆိုရင်လဲ သူ ဖူးဖူးမှုတ် ချစ်ပြနေဦးမှာပဲလေ ။

ကျွန်မကို ချစ်ရင်ဆိုပြီး …တားကြည့်ခဲ့ဖူးတယ် ။ ခဏပါပဲ ထပ်ပြီး ရှုပ်တာက ရှုပ်တာပါပဲလေ ။ ကိုယ်အရှေ့မှာ ရှိနေတဲ့အခါ ဖြူစင်ချင်ယောင်ဆောင်သလောက် ကိုယ်မရှိတဲ့အခါ ကိုယ့်ကို မေ့ထားဖို့ ၀န်မလေးဘူး ။ တွေ့တဲ့အခါမှသာ သေအောင် လွမ်းပြတတ်တာမျိုးပေါ့ ။

ဒီဇာတ်လမ်းမှာ … အစကတည်းက မကောင်းခဲ့မှတော့ အဆုံးသတ်တွေဟာလဲ … မကောင်းနိုင်ခဲ့မှန်းကြိုတော့သိပြီးသားပါ ။ သူ ဆိုးတာ သည်းခံနိုင်တယ် သူမှားတာ ခွင့်လွှတ်ပေးနိုင်တယ် ။ ဒါပေမယ့် မောင်ရယ် မျက်နှာများတာတော့ ဘယ်လို နားလည်ပေးလို့ရမှာလဲ ။

မိန်းကလေးဆိုတာမျိုးကလေ တစ်ယောက်တည်းကို သေတဖန်သက်တစ်ဆုံး ချစ်ချင်ကြသလို ကိုယ်ချစ်တဲ့သူကိုလဲ ကိုယ်တစ်ယောက်တည်းပဲ ပိုင်ချင်တယ် ။ မောင်သာ မျက်နှာသာ မများခဲ့ရင် … ကျွန်မတို့ဇာတ်သိမ်းလေးဟာ လှချင် လှနေလိမ့်မယ် … ခုတော့ မျက်နှာများတာကို နားလည်မပေးနိုင်တဲ့ ကျွန်မ မောင့်အနားက လှည့်ထွက်လာဖို့ တွေးနေမိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မ်က္ႏွာမ်ားတဲ့ … ေမာင္

သူက အငယ္ပဲေလဆိုတဲ့အေတြးနဲ႔ ဆိုးခဲ့တာေတြကိုလဲ သည္းခံေပးခဲ့သလို … အႏိုင္လိုခ်င္တဲ့ အက်င့္ေတြကိုလဲ နားလည္ေပးခဲ့မိတယ္ ။မိဘေတြက ဆိုးတဲ့သားသမီးကိုမွ ဘာေၾကာင့္ပိုခ်စ္သလဲလို႔ေမးရင္ … အရင္က အေျဖေတြ မသိခဲ့ဘူး ။ ေမာင္ဆိုတဲ့ ခပ္ဆိုးဆိုးေကာင္ေလးနဲ႔ေတြ႕မွ နားလည္လာခဲ့တယ္ ။

အၿမဲတမ္းစိတ္ပူေနရသလို အၿမဲတမ္း နားလည္ေပးေနရတယ္ေလ ။ ပင္ပန္းလာလို႔ေမးရင္ ကြၽန္မ ေပ်ာ္ပါတယ္ ။ ခ်စ္သူသက္တမ္းတစ္ေလွ်ာက္မွာ … ကြၽန္မ စိတ္ေကာက္တဲ့အေရအတြက္ထက္ သူစိတ္ေကာက္လို႔ ေခ်ာ့ရတဲ့ အေရအတြက္ေတြကေတာ့ … ပိုၿပီးမ်ားတယ္ ။

သူ႔မွာ ကြၽန္မ မႀကိဳက္ဆုံးတစ္ခ်က္ရွိတယ္ ။ မ်က္ႏွာသိပ္မ်ားတာေပါ့ ။ ဒီလူနဲ႔ေတြ႕တဲ့အခါ ဒီလူကို သည္းသည္းလႈပ္ခ်စ္ျပတတ္သလို ကြၽန္မ အနားေရာက္တဲ့အခါ ကြၽန္မကို အရိပ္တၾကည့္ၾကည့္ခ်စ္တတ္တယ္ ။ ေနာက္လူနဲ႔ ဆိုရင္လဲ သူ ဖူးဖူးမႈတ္ ခ်စ္ျပေနဦးမွာပဲေလ ။

ကြၽန္မကို ခ်စ္ရင္ဆိုၿပီး …တားၾကည့္ခဲ့ဖူးတယ္ ။ ခဏပါပဲ ထပ္ၿပီး ရႈပ္တာက ရႈပ္တာပါပဲေလ ။ ကိုယ္အေရွ႕မွာ ရွိေနတဲ့အခါ ျဖဴစင္ခ်င္ေယာင္ေဆာင္သေလာက္ ကိုယ္မရွိတဲ့အခါ ကိုယ့္ကို ေမ့ထားဖို႔ ၀န္မေလးဘူး ။ ေတြ႕တဲ့အခါမွသာ ေသေအာင္ လြမ္းျပတတ္တာမ်ိဳးေပါ့ ။

ဒီဇာတ္လမ္းမွာ … အစကတည္းက မေကာင္းခဲ့မွေတာ့ အဆုံးသတ္ေတြဟာလဲ … မေကာင္းႏိုင္ခဲ့မွန္းႀကိဳေတာ့သိၿပီးသားပါ ။ သူ ဆိုးတာ သည္းခံႏိုင္တယ္ သူမွားတာ ခြင့္လႊတ္ေပးႏိုင္တယ္ ။ ဒါေပမယ့္ ေမာင္ရယ္ မ်က္ႏွာမ်ားတာေတာ့ ဘယ္လို နားလည္ေပးလို႔ရမွာလဲ ။

မိန္းကေလးဆိုတာမ်ိဳးကေလ တစ္ေယာက္တည္းကို ေသတဖန္သက္တစ္ဆုံး ခ်စ္ခ်င္ၾကသလို ကိုယ္ခ်စ္တဲ့သူကိုလဲ ကိုယ္တစ္ေယာက္တည္းပဲ ပိုင္ခ်င္တယ္ ။ ေမာင္သာ မ်က္ႏွာသာ မမ်ားခဲ့ရင္ … ကြၽန္မတို႔ဇာတ္သိမ္းေလးဟာ လွခ်င္ လွေနလိမ့္မယ္ … ခုေတာ့ မ်က္ႏွာမ်ားတာကို နားလည္မေပးႏိုင္တဲ့ ကြၽန္မ ေမာင့္အနားက လွည့္ထြက္လာဖို႔ ေတြးေနမိတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း