အစ်ကိုသို့ပေးတဲ့ ရင်ဖွင့်စာ …

အစ်ကိုသို့ပေးတဲ့ ရင်ဖွင့်စာ …

အစ်ကို ကျွန်မတို့တွေ့ခဲ့ဆုံခဲ့ကြတယ် .. အစ်ကို့ရဲ့ ဂရုစိုက်မှုတွေ ကြင်နာမှုတွေကြားမှာ ကျွန်မ ပျော်ခဲ့ဖူးပါတယ် ကြည်နူးခဲ့မိပါတယ် ဒါပေမယ့် အစ်ကို ဘာကြောင့် ညီမကို မချစ်ပဲ လိမ်ညာခဲ့တာလဲ ဆိုတဲ့ အဖြေကို အခုချိန်ထိ သိချင်နေမိတယ် ဖြေလို့ရမယ်ဆိုရင်တော့ ဖြေပေးစေချင်ပါတယ်

ကျွန်မက အသက်ငယ်တယ် မရင့်ကျက်ဘူး ဒါပေမယ့် ကျွန်မရဲ့ပုံစံက အရင်ကတည်းက ဒီတိုင်းပဲလေ စတွေ့ကတည်းက ကလေးဆန်တာလေးကို ချစ်ခဲ့ပါတယ်ဆိုတဲ့အစ်ကိုက ရင့််ကျက်တဲ့ အစ်မ အစ်ကို့ဘေးနားရှိလာတော့ ကျွန်မကို စိတ်ပျက်တယ်တဲ့လား … အရင်က ဒါကိုပဲ ချစ်ခဲ့တာမဟုတ်ဘူးလား

ဆိုးပါ … အစ်ကို တစ်သက်လုံးအလိုလိုက်နေမှာတဲ့ အခုတော့ နားလည်ပေးတတ်တဲ့ အစ်မကို ပိုချစ်တယ်တဲ့လား ဘာကြောင့်လဲ မမေးတော့ဘူး ကျန်ရစ်ဖြစ်ရမယ့်ကံဟာ ကျွန်မမှာ ပါခဲ့ပြီးသားဖြစ်နေမှာပါ … အစ်ကိုနဲ့အစ်မ သက်ဆုံးတိုင် ပေါင်းနိုင်ပါစေဆိုတဲ့ ဆုတောင်းစကားကို စေတနာသန့်သန့်ပေးခဲ့ရုံပေါ့ …ဘယ်တတ်နိင်ပါ့မလဲ ..

ဒီစာဟာ အစ်ကို့အတွက်ရေးတဲ့နောက်ဆုံးစာပါ … ရင့်ဖွင့်စာပေါ့ မေးစရာအများကြီးရှိတဲ့ထဲမှာ ဘာကြောင့် ကျွန်မကို လိမ်ညာခဲ့ရတာလဲဆိုတဲ့ အဖြေရှာမရခဲ့ဘူး ကျွန်မက အစ်ကို့အတွက် သူငယ်နပ်စားလေးများဖြစ်နေခဲ့တာလား ဒါမှမဟုတ် ဘာကြောင့်မချစ်ပါပဲ ချစ်တယ်လို့ လိမ်ညာခဲ့ရတာလဲဖြေနိုင်မယ်ဆိုရင်တော့ ဖြေပေးစေချင်ပါတယ် …

သင်ခန်းစာတွေအတွက် ကျေးဇူးတင်မိသလို ကျွန်မကို အလိုလိုက်ခဲ့တဲ့အစ်ကို့ကို ကျေးဇူးတင်နေမိမှာပါ … မုန်းတယ် မမုန်းဘူးဆိုတာမပြောတော့ပါဘူး မချစ်သင့်တော့ဘူးဆိုတာ သိနေပြီပဲ အဆင်ပြေပါစေပေါ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း



ကျွန်မက အသက်ငယ်တယ် မရင့်ကျက်ဘူး ဒါပေမယ့် ကျွန်မရဲ့ပုံစံက အရင်ကတည်းက ဒီတိုင်းပဲလေ စတွေ့ကတည်းက ကလေးဆန်တာလေးကို ချစ်ခဲ့ပါတယ်ဆိုတဲ့အစ်ကိုက ရင့်ကျက်တဲ့ အစ်မ အစ်ကို့ဘေးနားရှိလာတော့ ကျွန်မကို စိတ်ပျက်တယ်တဲ့လား … အရင်က ဒါကိုပဲ ချစ်ခဲ့တာမဟုတ်ဘူးလား




မိန်းမသားတို့အတွက်
သျှင်ယွန်း