တခြားတစ်ယောက်ကို ချစ်ရင်းပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိရပါ …

တခြားတစ်ယောက်ကို ချစ်ရင်းပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိရပါ …

တခြားသူကို ဂရုစိုက်လွန်းတဲ့သူတွေက ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်လေ … သူအဆင်ပြေရဲ့လို့မေးရင်းက ငါကော အဆင်ပြေရဲ့လားလို့မေးဖို့မေ့နေတတ်ကြတယ် သူပျော်ရဲ့လားလို့ ကြည့်ရင်းက ငါကော ပျော်ရဲ့လားဆိုပြီးမေးဖို့မေ့နေတတ်ကြတယ်

တခြားတစ်ယောက်ကို ချစ်နေရင်းကလဲ ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့ မေ့နေတတ်ကြသေးတယ် … လူဆိုတာ ကိုယ့်ရှင်သန်မှုနဲ့ကိုယ်ပါ … သိပ်ချစ်တဲ့သူပဲ ဖြစ်ဖြစ် သိပ်မုန်းတဲ့သူပဲဖြစ်ဖြစ် ဘယ်သူမဆို သူတို့ရှင်သန်မှုနဲ့ သူတို့ရှိကြတယ် … လူတစ်ယောက်အတွက်ဆိုပြီး ကိုယ့်ရှင်သန်မှုကို မေ့ထားလိုက်လို့တော့မရဘူး ..

တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခြင်းတွေနောက်မှာ ခွဲခွါခြင်းတွေ ကပ်ပါလာတတ်တယ် … လူတစ်ယောက်ကို ချစ်ပါ ဒါပေမယ့် အဲ့ဒီလူကိုချစ်နေရင်းက ကိုယ့်ကိုယ်ကို မေ့မသွားပါစေနဲ့ တချို့က သိပ်ချစ်တတ်တယ် ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့ သတိမရတော့တဲ့အခါ ကိုယ့်ဘဝကိုယ် နှစ်လိုက်သလိုပါပဲ …

ချစ်တတ်တဲ့ နှလုံးသားရှိတဲ့သူပဲလေ ချစ်မိကြတာမဆန်းပေမယ့် တခြားသူကို ချစ်ရင်း ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့တော့ သတိရပါ … သူမချစ်တော့ရုံနဲ့ ကိုယ့်ဘဝကိုယ် ရေစုန်မြောလိုက်ဖို့တွေးနေတဲ့အတွေးရှိနေတယ် သူမရှိတော့ရုံနဲ့ ကိုယ်လဲမရှိချင်တော့တဲ့ စိတ်တွေ ရှိတယ် ..

ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကို ချစ်တတ်စေချင်တယ်

မိန်းမသားတို့အတွက်
သျှင်ယွန်း

တျခားတစ္ေယာက္ကို ခ်စ္ရင္းပင္ပန္းလာတဲ့အခါ ကုိယ့္ကိုယ္ကို ခ်စ္ဖို့ သတိရပါ …

တျခားသူကို ဂရုစိုက္လြန္းတဲ့သူေတြက ကိုုယ့္ကိုယ္ကို ဂရုစိုက္ဖို့ ေမ့ေနတတ္ၾကတယ္ေလ … သူအဆင္ေျပရဲ႔လုိ့ေမးရင္းက ငါေကာ အဆင္ေျပရဲ႔လားလုိ ့ေမးဖို့ေမ့ေနတတ္ၾကတယ္ သူေပ်ာ္ရဲ႔လားလုိ့ ၾကည့္ရင္းက ငါေကာ ေပ်ာ္ရဲ႔လားဆိုျပီးေမးဖုိ့ေမ့ေနတတ္ၾကတယ္

တျခားတစ္ေယာက္ကို ခ်စ္ေနရင္းကလဲ ကုိယ့္ကိုယ္ကို ျပန္ခ်စ္ဖို့ ေမ့ေနတတ္ၾကေသးတယ္ … လူဆိုတာ ကိုယ့္ရွင္သန္မႈနဲ႔ကိုယ္ပါ … သိပ္ခ်စ္တဲ့သူပဲ ျဖစ္ျဖစ္ သိပ္မုန္းတဲ့သူပဲျဖစ္ျဖစ္ ဘယ္သူမဆုိ သူတို့ရွင္သန္မႈနဲ႔ သူတို့ရွိၾကတယ္ … လူတစ္ေယာက္အတြက္ဆိုျပီး ကုိယ့္ရွင္သန္မႈကို ေမ့ထားလုိက္လို့ေတာ့မရဘူး ..

တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ့ဆံုျခင္းေတြေနာက္မွာ ခြဲခြါျခင္းေတြ ကပ္ပါလာတတ္တယ္ … လူတစ္ေယာက္ကို ခ်စ္ပါ ဒါေပမယ့္ အဲ့ဒီလူကိုခ်စ္ေနရင္းက ကိုယ့္ကိုယ္ကို ေမ့မသြားပါေစနဲ့ တခ်ိဳ႔က သိပ္ခ်စ္တတ္တယ္ ဒါေပမယ့္ ကုိယ့္ကိုယ္ကို ျပန္ခ်စ္ဖို့ သတိမရေတာ့တဲ့အခါ ကိုယ့္ဘ၀ကိုယ္ နွစ္လိုက္သလုိပါပဲ …

ခ်စ္တတ္တဲ့ နွလံုးသားရွိတဲ့သူပဲေလ ခ်စ္္မိၾကတာမဆန္းေပမယ့္ တျခားသူကို ခ်စ္ရင္း ပင္ပန္းလာတဲ့အခါ ကိုယ့္ကိုယ္ကို ျပန္ခ်စ္ဖို့ေတာ့ သတိရပါ … သူမခ်စ္ေတာ့ရံုနဲ႔ ကိုယ့္ဘ၀ကိုယ္ ေရစုန္ေျမာလုိက္ဖိုု့ေတြးေနတဲ့အေတြးရွိေနတယ္ သူမရွိေတာ့ရံုနဲ့ ကိုယ္လဲမရွိခ်င္ေတာ့တဲ့ စိတ္ေတြ ရွိတယ္ ..

ျဖစ္နုိင္ရင္ ကိုယ့္ကိုယ္ကို ခ်စ္တတ္ေစခ်င္တယ္

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း