နေနိုင်အောင်နေပြီးတဲ့အခါမှ ပြန်ပေါ်မလာပါနဲ့တော့ …

နေနိုင်အောင်နေပြီးတဲ့အခါမှ ပြန်ပေါ်မလာပါနဲ့တော့ …

ဝေးမယ်ဆိုရင်လဲ တစ်သက်လုံး ဘယ်တော့မှမဆုံအောင် ဝေးကြတာပဲကောင်းပါတယ် မဟုတ်ရင် အသားကျအောင်နေခဲ့တဲ့ အချိန်တွေပြီးမှ ပြန်ပြီးပေါ်လာခဲ့ရင် ဒဏ်ရာတွေ အသစ်ပြန်ဖြစ်တာပဲ ပိုပါတယ် အရင်လိုပြန်မဖြစ်နိုင်တော့တဲ့အခါ အရင်လိုပြန်ပြီး ယုံကြည်ဖို့ရာက မလွယ်လှဘူးလေ ….

ကိုယ့်အနားက မပျော်လို့ထွက်သွားခဲ့တာပဲလေ …ရောက်လေရာမှာ ပျော်ပျော်မပျော်ပျော် အဆင်ပြေအောင်နေတာကောင်းပါတယ် ချန်ထားခဲ့တုန်းကလဲ နာကျင်ခဲ့ရပြီးပြီ ထားမသွားပါနဲ့ဆိုပြီးလဲ မာနတွေလဲချခဲ့ပြီးပြီ နေနိုင်အောင် ကြိုးစားခဲ့ပြီးမှတော့ ပြန်ပေါ်မလာစေချင်တော့ဘူး

ချန်ထားခံရမယ့်ကံဟာလဲ တစ်ခါဆိုလုံလောက်သင့်ပြီထင်ပါတယ် … နောက်တစ်ခေါက်ပြန်လာပြီးရင် ကိုယ့်ထက်သာတဲ့သူ ထပ်ရှိရင် နောက်တစ်ခေါက်ထပ်ပြီး ကျန်ခဲ့ဦးမှာပဲလေ ဘယ်အချိန် ကျန်ခဲ့ရမလဲ တွေးကြောက်နေရတာထက်စာရင် ထပ်ပြီး မနီးစပ်တော့တာဟာ အစွဲအလမ်းကြီးတတ်တဲ့ကိုယ့်အတွက် အကောင်းဆုံးသော အဖြေဖြစ်မှာပါ …

အဆင်ပြေမယ်ထင်လို့ ဒီရင်ဘတ်ကို နင်းချေခဲ့ဲပြီးပြီပဲ တခြားအရပ်မှာ ပျော်သည်ဖြစ်စေ မပျော်တော့ဘူူးဖြစ်စေ အဆင်ပြေသည်ဖြစ်စေ မပြေဘူးဖြစ်စေ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လို့သာ ဖြေပါ ကိုယ်ရှိတဲ့အရပ်ကိုတော့ ဘယ်တော့မှ ပြန်လည့်မလာခြင်းဖြင့်ပဲ ကူညီပေးတာကောင်းပါတယ် လုံလောက်တာထက်ပိုပြီး နာကျင်ခဲ့ရပြီးသလို

တစ်ခါသေးဖူးတဲ့ကိုယ့်မှာ ပျဉ်ဖိုးကောင်းကောင်းနားလည်နေပါပြီ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေနနိုင္ေအာင္ေနျပီးတဲ့အခါမွ ျပန္ေပၚမလာပါနဲ႔ေတာ့ …

ေ၀းမယ္ဆိုရင္လဲ တစ္သက္လံုး ဘယ္ေတာ့မွမဆံုေအာင္ ေ၀းၾကတာပဲေကာင္းပါတယ္ မဟုတ္ရင္ အသားက်ေအာင္ေနခဲ့တဲ့ အခ်ိန္ေတြျပီးမွ ျပန္ျပီးေပၚလာခဲ့ရင္ ဒဏ္ရာေတြ အသစ္ျပန္ျဖစ္တာပဲ ပိုပါတယ္ အရင္လိုျပန္မျဖစ္နိုင္ေတာ့တဲ့အခါ အရင္လုိျပန္ျပီး ယံုၾကည္ဖို့ရာက မလြယ္လွဘူးေလ ….

ကိုယ့္အနားက မေပ်ာ္လို့ထြက္သြားခဲ့တာပဲေလ …ေရာက္ေလရာမွာ ေပ်ာ္ေပ်ာ္မေပ်ာ္ေပ်ာ္ အဆင္ေျပေအာင္ေနတာေကာင္းပါတယ္ ခ်န္ထားခဲ့တုန္းကလဲ နာက်င္ခဲ့ရျပီးျပီ ထားမသြားပါနဲ႔ဆုိျပီးလဲ မာနေတြလဲခ်ခဲ့ျပီးျပီ ေနနိုင္ေအာင္ ၾကိဳးစားခဲ့ျပီးမွေတာ့ ျပန္ေပၚမလာေစခ်င္ေတာ့ဘူး

ခ်န္ထားခံရမယ့္ကံဟာလဲ တစ္ခါဆိုလံုေလာက္သင့္ျပီထင္ပါတယ္ … ေနာက္တစ္ေခါက္ျပန္လာျပီးရင္ ကိုယ့္ထက္သာတဲ့သူ ထပ္ရွိရင္ ေနာက္တစ္ေခါက္ထပ္ျပီး က်န္ခဲ့ဦးမွာပဲေလ ဘယ္အခ်ိန္ က်န္ခဲ့ရမလဲ ေတြးေၾကာက္ေနရတာထက္စာရင္ ထပ္ျပီး မနီးစပ္ေတာ့တာဟာ အစြဲအလမ္းၾကီးတတ္တဲ့ကိုယ့္အတြက္ အေကာင္းဆံုးေသာ အေျဖျဖစ္မွာပါ …

အဆင္ေျပမယ္ထင္လုိ့ ဒီရင္ဘတ္ကို နင္းေခ်ခဲ့ဲျပီးျပီပဲ တျခားအရပ္မွာ ေပ်ာ္သည္ျဖစ္ေစ မေပ်ာ္ေတာ့ဘူူးျဖစ္ေစ အဆင္ေျပသည္ျဖစ္ေစ မေျပဘူးျဖစ္ေစ ကိုယ့္ေရြးခ်ယ္မႈနဲ႔ကိုယ္လို့သာ ေျဖပါ ကိုယ္ရွိတဲ့အရပ္ကိုေတာ့ ဘယ္ေတာ့မွ ျပန္လည့္မလာျခင္းျဖင့္ပဲ ကူညီေပးတာေကာင္းပါတယ္ လံုေလာက္တာထက္ပုိုျပီး နာက်င္ခဲ့ရျပီးသလို

တစ္ခါေသးဖူးတဲ့ကိုယ့္မွာ ပ်ဥ္ဖိုးေကာင္းေကာင္းနားလည္ေနပါျပီ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း