လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ …

လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ …

တစ်ခါတစ်လေမှာ လူတချို့က စိတ်ကစားတာကို အချစ်လို့ထင်တတ်ကြတယ် ခဏတာ သာယာတာကိုလဲ အချစ်ဆိုပြီး ခေါင်းစဉ်မှားတပ်လေ့ရှိတယ် အဲ့လိုအချစ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျင်းစရာကောင်းလာတယ် ငြီးငွေ့စရာကောင်းလာတယ် နောင်တရစရာတွေလို့ တွေးလာမိတယ်

လူတစ်ယောက်ကို တကယ်ချစ်မိတဲ့အခါ … သူ့အကြောင်းတွေးမိရုံနဲ့တင် ကိုယ်က ပြုံးမိလာတတ်တယ် … သူ့ရဲ့အကြောင်းတွေကို အလိုလိုနားစွင့်မိနေလိမ့်မယ် ကောင်းခြင်းတွေရှိလာတဲ့အခါ ပျော်မယ် အဆင်မပြေဘူးဆိုတဲ့အခါ ကိုယ်က သူ့ထက်ပိုပြီး နှစ်ဆ ပိုပြီး ပင်ပန်းရတတ်တယ်

သူနဲ့စကားပြောနေရတဲ့အခါ အရာရာကို မေ့ထားတတ်လာပြီး သူ့နဲ့ အတူရှိနေတဲ့အခါ လက်ဖျားခြေဖျားတွေက အလိုလိုအေးစက်လာလိမ့်မယ် … တစ်ခါတစ်လေမှာ ပြောစရာစကားတွေရှိရဲ့နဲ့ မပြောနိုင်တဲ့အချိန်တွေတောင် ကြုံရတတ်တယ်လေ … ငေးကြည့်နေရရုံနဲ့တင် အလိုလို ရင်ခုန်တတ်လာလိမ့်မယ်

တစ်ခါတစ်လေ စကားတွေပြောနေရင်း မျက်နှာကို ငေးနေရင်းက လွမ်းလို့ဆိုတဲ့စကားတွေပြောတတ်လာလိမ့်မယ် … အပိုမဟုတ်ဘူးနော် တကယ်ချစ်မိသွားတဲ့အခါ သိပ်ကို ထိရှလွယ်တယ် … နေရာတကာမှာ သူဟာ ပထမဦးစားပေးဖြစ်လာသလို သူရှိနေမှ ကိုယ်က ပြည့်စုံလာတာမျိုးပေါ့ …

ရေစက်တွေမဆုံလို့ ဝေးသွားခဲ့မယ်ဆိုရင်တောင် ကိုယ်တကယ်သိပ်ချစ်မိတဲ့သူကို မချစ်ပဲနေနိုင်ဖို့သိပ်ခက်တယ်

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူတစ္ေယာက္ကိုု တကယ္ခ်စ္မိသြားတဲ့အခါ …

တစ္ခါတစ္ေလမွာ လူတခ်ိဳ႔က စိတ္ကစားတာကို အခ်စ္လို့ထင္တတ္ၾကတယ္ ခဏတာ သာယာတာကိုလဲ အခ်စ္ဆိုျပီး ေခါင္းစဥ္မွားတပ္ေလ့ရွိတယ္ အဲ့လုိအခ်စ္ေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမ်ွ ပ်င္းစရာေကာင္းလာတယ္ ျငီးေငြ႔စရာေကာင္းလာတယ္ ေနာင္တရစရာေတြလုိ့ ေတြးလာမိတယ္

လူတစ္ေယာက္ကို တကယ္ခ်စ္မိတဲ့အခါ … သူ့အေၾကာင္းေတြးမိရံုနဲ႔တင္ ကုိယ္က ျပံဳးမိလာတတ္တယ္ … သူ့ရဲ႔အေၾကာင္းေတြကိို အလိုိလိုနားစြင့္မိေနလိမ့္မယ္ ေကာင္းျခင္းေတြရွိလာတဲ့အခါ ေပ်ာ္မယ္ အဆင္မေျပဘူးဆိုတဲ့အခါ ကုိယ္က သူ့ထက္ပုိျပီး နွစ္ဆ ပုိျပီး ပင္ပန္းရတတ္တယ္

သူနဲ႔စကားေျပာေနရတဲ့အခါ အရာရာကို ေမ့ထားတတ္လာျပီး သူ့နဲ႔ အတူရွိေနတဲ့အခါ လက္ဖ်ားေျခဖ်ားေတြက အလုိလိုေအးစက္လာလိမ့္မယ္ … တစ္ခါတစ္ေလမွာ ေျပာစရာစကားေတြရွိရဲ႔နဲ႔ မေျပာနိုင္တဲ့အခ်ိန္ေတြေတာင္ ၾကံဳရတတ္တယ္ေလ … ေငးၾကည့္ေနရရံုနဲ႔တင္ အလိုိလို ရင္ခုန္တတ္လာလိမ့္မယ္

တစ္ခါတစ္ေလ စကားေတြေျပာေနရင္း မ်က္ႏွာကို ေငးေနရင္းက လြမ္းလို့ဆိုတဲ့စကားေတြေျပာတတ္လာလိမ့္မယ္ … အပိုမဟုတ္ဘူးေနာ္ တကယ္ခ်စ္မိသြားတဲ့အခါ သိပ္ကို ထိရွလြယ္တယ္ … ေနရာတကာမွာ သူဟာ ပထမဦးစားေပးျဖစ္လာသလို သူရွိေနမွ ကိုယ္က ျပည့္စံုလာတာမ်ိဳးေပါ့ …

ေရစက္ေတြမဆံုလို့ ေ၀းသြားခဲ့မယ္ဆိုရင္ေတာင္ ကိုယ္တကယ္သိပ္ခ်စ္မိတဲ့သူကို မခ်စ္ပဲေနနိုင္ဖုိ့သိပ္ခက္တယ္

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း