ရေခြားမြေခြားက ချစ်သူ …(Long distance relationship တဲ့)

ရေခြားမြေခြားက ချစ်သူ …

Long distance relationship တဲ့ စောင့်နေရခြင်းတွေကို သိပ်မုန်းတဲ့ကိုယ့်မှာ တစ်နေ့တော့ ဆုံခွင့်ရမှာဆိုတဲ့ အတွေးတွေနဲ့ ဝေးနေရတဲ့ ရက်တွေတိုင်းကို လက်ချိုးရေတွက်နေတုန်းပါပဲ .. ဖုန်းလေးထဲမှာ အသံလေးကြားရရုံ ဓာတ်ပုံတွေပြန်ကြည့်ရင်း လွမ်းနေရရုံရက်တွေဟာ တစ်ခါတစ်လေတော့ သိပ်ကို ပင်ပန်းလွန်းပါတယ် …

တစ်နေ့ကျရင်ဆိုတဲ့ အိပ်မက်ကိုမက်ရင်း ကြည်နူးစရာကောင်းတဲ့ နှစ်ယောက်တွဲလေးကို ကြည့်ရင်း ကျွန်မလွမ်းမိတယ် … လွမ်းပေမယ့်လဲ ပြေးတွေ့လို့မရတဲ့အကွာအဝေးမှာလေ … ကိုယ့်အရပ်မှာ နေပူနေတဲ့အခါ သူ့အရပ်မှာ မိုးရွာချင် မိုးရွာနေလိမ့်မယ် … ကိုယ့်အရပ်မှာ မိုးရွာတဲ့အခါ သူ့အရပ်မှာ နှင်းဝေချင်ဝေနေတတ်တယ်

အဝေးမှာဆိုပေမယ့် နှလုံးချင်းတွေနီးနေရရုံနဲ့တင် ကျေနပ်ကြရုံပေါ့ တစ်နေ့ကျရင် မျက်စိရှေ့က အတွဲတွေထက် ပိုပြီး Roပြမယ်ဆိုတဲ့ မကျေနပ်ချက်လေးနဲ့ဆုံနိုင်မယ့်တစ်နေ့ကို လက်ချိုးရေတွက်ရင်းပဲ ပျော်အောင်နေပါတယ် … တချို့ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေတောင် သက္ကရာဇ်တွေဟောင်းကုန်ပြီ နှစ်သစ်တွေမှာ ထပ်ပြီး မဆုံဖြစ်ကြသေးဘူူး

တစ်နေ့ပေါ့ အတူတူဆုံမယ့်တစ်နေ့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့သာ ပျော်အောင်နေနေတာပါ တချို့ရက်တွေမှာတော့ တကယ်အဆင်မပြေလှဘူး ငါတို့ကျမှ ဘာကြောင့်ဝေးနေရသလဲဆိုတဲ့ ဒေါသတွေဖြစ်မိတယ် ကံတရားကိုလဲ ကျိန်ဆဲမိတယ် ဖြစ်နိုင်ရင် လွမ်းတိုင်း ပြေးတွေ့လို့ရမယ် မဝေးတဲ့အကွာအဝေးမှာ ရှိစေချင်တယ်မိတယ်

ပြီးတော့ ဒီနေ့ သူ့ကို တကယ်ကိုပဲ တမ်းတမ်းတတ်ကို လွမ်းတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေရျခားေျမျခားက ခ်စ္သူ …

Long distance relationship တဲ့ ေစာင့္ေနရျခင္းေတြကိို သိပ္မုန္းတဲ့ကိုယ့္မွာ တစ္ေန့ေတာ့ ဆံုခြင့္ရမွာဆုိတဲ့ အေတြးေတြနဲ႔ ေ၀းေနရတဲ့ ရက္ေတြတုိင္းကို လက္ခ်ိဳးေရတြက္ေနတုန္းပါပဲ .. ဖုန္းေလးထဲမွာ အသံေလးၾကားရရံု ဓာတ္ပံုေတြျပန္ၾကည့္ရင္း လြမ္းေနရရံုရက္ေတြဟာ တစ္ခါတစ္ေလေတာ့ သိပ္ကို ပင္ပန္းလြန္းပါတယ္ …

တစ္ေန့က်ရင္ဆုိတဲ့ အိပ္မက္ကိုမက္ရင္း ၾကည္နူးစရာေကာင္းတဲ့ နွစ္ေယာက္တြဲေလးကို ၾကည့္ရင္း ကြ်န္မလြမ္းမိတယ္ … လြမ္းေပမယ့္လဲ ေျပးေတြ့လို့မရတဲ့အကြာအေ၀းမွာေလ … ကိုုယ့္အရပ္မွာ ေနပူေနတဲ့အခါ သူ့အရပ္မွာ မိုးရြာခ်င္ မိုးရြာေနလိမ့္မယ္ … ကိုယ့္အရပ္မွာ မိုးရြာတဲ့အခါ သူ့အရပ္မွာ နွင္းေ၀ခ်င္ေ၀ေနတတ္တယ္

အေ၀းမွာဆိုေပမယ့္ နွလံုးခ်င္းေတြနီးေနရရံုနဲ႔တင္ ေက်နပ္ၾကရံုေပါ့ တစ္ေန့က်ရင္ မ်က္စိေရွ႔က အတြဲေတြထက္ ပိုျပီး Roျပမယ္ဆုိတဲ့ မေက်နပ္ခ်က္ေလးနဲ့ဆံုနုိင္မယ့္တစ္ေန့ကို လက္ခ်ိဳးေရတြက္ရင္းပဲ ေပ်ာ္ေအာင္ေနပါတယ္ … တခ်ိဳ႔ နွစ္ေယာက္တြဲရိုက္ထားတဲ့ပံုေလးေတြေတာင္ သကၠရာဇ္ေတြေဟာင္းကုန္ျပီ နွစ္သစ္ေတြမွာ ထပ္ျပီး မဆံုျဖစ္ၾကေသးဘူူး

တစ္ေန့ေပါ့ အတူတူဆံုမယ့္တစ္ေန့ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔သာ ေပ်ာ္ေအာင္ေနေနတာပါ တခ်ိဳ႔ရက္ေတြမွာေတာ့ တကယ္အဆင္မေျပလွဘူး ငါတို့က်မွ ဘာေၾကာင့္ေ၀းေနရသလဲဆိုတဲ့ ေဒါသေတြျဖစ္မိတယ္ ကံတရားကိုိလဲ က်ိန္ဆဲမိတယ္ ျဖစ္နုိင္ရင္ လြမ္းတုိင္း ေျပးေတြ့လုိ့ရမယ္ မေ၀းတဲ့အကြာအေ၀းမွာ ရွိေစခ်င္တယ္မိတယ္

ျပီးေတာ့ ဒီေန့ သူ့ကို တကယ္ကိုိပဲ တမ္းတမ္းတတ္ကုိ လြမ္းတယ္ …

မိန္းမသားတို့အတြက္
သ်ွင္ယြန္း