အရင်တုန်းက သူ့ကို ပြန်လိုချင်တယ် …

အရင်တုန်းက သူ့ကို ပြန်လိုချင်တယ် …

အရင်တုန်းကသူ့ကို ပြန်လိုချင်နေမိတာ အချိန်တော်တော်ကြာပါပြီ အရင်လိုမဟုတ်တော့ပဲ ပြောင်းလဲသွားခြင်းတွေမှာ ကျင့်သားမရခဲ့သေးဘူးလေ တစ်နေ့နေ့တော့ အရင်လို ပြန်ပြီး ဂရုစိုက်မှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရပ်နေမိတုန်းပါပဲ …

အရင်တုန်းကဆို သိပ်ချစ်ပြတတ်တာ ပြီးတော့ သိပ်ဂရုစိုက်တတ်တာလေ … ကိုယ့်မျက်နှာလေး နဲနဲလေးပျက်သွားတာနဲ့ ပြာယာခတ်နေတတ်တယ် ခုတော့ ကိုယ်သေမတတ်ဖြစ်နေရင်တောင် သွေးအေးနေလိုက်တာများ ကမ္ဘာအအေးဆုံးဆိုတဲ့အရပ်တွေတောင် ကိုယ့်တို့ဆက်ဆံရေးတွေလောက်မအေးဘူးလို့ထင်ရတယ်

ကိုယ်ပျော်ဖို့ဆို … သူငိုနေရလဲ အဆင်ပြေပါတယ်ဆိုတဲ့သူက ကိုယ်ငိုနေတဲ့အခါတောင် သူရီနေနိုင်တဲ့အထိ ပြောင်းလဲသွားခဲ့ပြီ အရင်ကလို သိပ်ချစ်တတ်တဲ့သူတစ်ယောက်ကိုပဲ ပြန်လိုချင်တယ် အခုလို အနားမှာရှိပြီး ဝမ်းနည်းနေရတာမျိုးတွေ မဖြစ်ချင်တော့ဘူး ပင်ပန်းလွန်းနေပါပြီ …

တကယ်လို့အရင်လိုမဖြစ်နိုင်တော့ဘူးဆိုရင်တောင် အခုလိုမျိုး အကြာကြီးပစ်မထားဖို့ကိုပဲ တောင်းဆိုချင်တာပါ …. တဖြေးဖြေးနဲ့ ကိုယ်နေနိုင်သွားမှာတောင် ကြောက်နေမိသေးတာလေ … ဖြစ်နိုင်မယ်ဆိုရင်တော့ အရင်တုန်းက သူ့ကို ပြန်လိုချင်တယ် …

သျှင်ယွန်း

အရင္တုန္းက သူ့ကို ျပန္လိုခ်င္တယ္ …

အရင္တုန္းကသူ႔ကို ျပန္လုိခ်င္ေနမိတာ အခ်ိန္ေတာ္ေတာ္ၾကာပါျပီ အရင္လိုမဟုတ္ေတာ့ပဲ ေျပာင္းလဲသြားျခင္းေတြမွာ က်င့္သားမရခဲ့ေသးဘူးေလ တစ္ေန့ေန့ေတာ့ အရင္လုိ ျပန္ျပီး ဂရုစိုက္မွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ရပ္ေနမိတုန္းပါပဲ …

အရင္တုန္းကဆို သိပ္ခ်စ္ျပတတ္တာ ျပီးေတာ့ သိပ္ဂရုစိုက္တတ္တာေလ … ကို္ယ့္မ်က္နွာေလး နဲနဲေလးပ်က္သြားတာနဲ႔ ျပာယာခတ္ေနတတ္တယ္ ခုေတာ့ ကိုယ္ေသမတတ္ျဖစ္ေနရင္ေတာင္ ေသြးေအးေနလုိက္တာမ်ား ကမၻာအေအးဆံုးဆုိတဲ့အရပ္ေတြေတာင္ ကုိယ့္တို့ဆက္ဆံေရးေတြေလာက္မေအးဘူးလုိ ့ထင္ရတယ္

ကို္ယ္ေပ်ာ္ဖို့ဆုိ … သူငိုေနရလဲ အဆင္ေျပပါတယ္ဆိုတဲ့သူက ကိုယ္ငိုေနတဲ့အခါေတာင္ သူရီေနနုိင္တဲ့အထိ ေျပာင္းလဲသြားခဲ့ျပီ အရင္ကလို သိပ္ခ်စ္တတ္တဲ့သူတစ္ေယာက္ကိုပဲ ျပန္လိုခ်င္တယ္ အခုလုိ အနားမွာရွိျပီး ၀မ္းနည္းေနရတာမ်ိဳးေတြ မျဖစ္ခ်င္ေတာ့ဘူး ပင္ပန္းလြန္းေနပါျပီ …

တကယ္လို ့အရင္လိုမျဖစ္နိုင္ေတာ့ဘူးဆိုရင္ေတာင္ အခုလိုမ်ိဳး အၾကာၾကီးပစ္မထားဖို့ကိုပဲ ေတာင္းဆိုခ်င္တာပါ …. တေျဖးေျဖးနဲ႔ ကိုယ္ေနနိုင္သြားမွာေတာင္ ေၾကာက္ေနမိေသးတာေလ … ျဖစ္နိုင္မယ္ဆိုရင္ေတာ့ အရင္တုန္းက သူ့ကို ျပန္လိုခ်င္တယ္ …

သွ်င္ယြန္း