သူငယ်ချင်း (သို့မဟုတ်) ကိုယ်ချစ်ရသူ

သူငယ်ချင်း (သို့မဟုတ်) ကိုယ်ချစ်ရသူ

အဖြူရောင်စည်းလေးရဲ့တစ်ဖက်မှာ ကျော်ချင်နေတဲ့ခြေထောက်တွေကို ရပ်ထားနေမိတယ် … သူပျော်ရင် ကိုယ်ပါလိုက်ပျော်ပြီး သူမပျော်ရင် ကိုယ်ပါလိုက်မပျော်ဖြစ်တဲ့ ဆက်ဆံရေးတွေ အဖုအထိ ဖြစ်သွားမှာစိုးတဲ့ စိတ်တွေကြောင့်ပေါ့ …

လူတစ်ယောက်ကို ချစ်လိုက်ဖို့က လွယ်ပါတယ် သူငယ်ချင်းတစ်ယောက်ကိုဆိုပိုပြီးတော့လွယ်တာပေါ့ ဒါပေမယ့် ချစ်သူဆိုတဲ့ ဝေါဟာရတွေရဲ့အဆုံးမှာ အဆုံးသတ်မလှတာတွေရှိတယ် တစ်နေ့လမ်းခွဲခြင်းတွေ ကြုံပြီးသွားတဲ့အခါ ဘယ်တော့မှ မဆုံဖြစ်တော့တဲ့ သူစိမ်းတွေ ဖြစ်သွားတတ်တယ်လေ …

သူငယ်ချင်းဆိုတာရဲ့ တစ်ဖက်မှာတော့ ကိုယ်သူ့ကို ပိုင်ချင်မှ ပိုင်လိမ့်မယ် ဒါပေမယ့် ကိုယ်သတိရတဲ့အခါတိုင်း စကားတွေပြောပိုင်ခွင့်ရှိနေသေးသလို အနီးရောက်တဲ့အခါတိုင်း ပြေးတွေ့လို့ရနေသေးတာပဲလေ … သူရဲ့အဆင်မပြေတဲ့အချစ်ရေးတွေအကြောင်း နားထောင်ရင်း ဖြေသိမ့်ပေးလို့လဲ ရသေးတယ် …

ကိုယ်ချစ်ရတဲ့သူနဲ့ မဝေးချင်တဲ့အခါ ဘယ်တော့မှ အနီးဆုံးကိုမသွားနဲ့တဲ့ ဒီလိုပါပဲ … ကိုယ်ချစ်ရတဲ့ သူငယ်ချင်းနဲ့ တစ်သက်လုံး မစိမ်းချင်တော့တဲ့အခါ အဖြူရောင်စည်းကို ကျော်ဖို့ မကြိုးစားတော့ဘူး တကယ်လို့ လမ်းခွဲခြင်းတွေ ကြုံလာခဲ့ရင် အဆစ်ပါသွားမယ့် ခင်မင်မှုလေးတွေကို နှမြောတယ်လေ ..

ကိုယ်ချစ်နေတာ ကိုယ်သိနေရုံနဲ့တင်ပဲဖြစ်ပါတယ် … သူငယ်ချင်း ဒါမှမဟုတ် ချစ်ရတဲ့သူပေါ့ …

သျှင်ယွန်း

သူငယ္ခ်င္း (သို့မဟုတ္) ကိုယ္ခ်စ္ရသူ

အျဖဴေရာင္စည္းေလးရဲ႔တစ္ဖက္မွာ ေက်ာ္ခ်င္ေနတဲ့ေျခေထာက္ေတြကို ရပ္ထားေနမိတယ္ … သူေပ်ာ္ရင္ ကုိယ္ပါလုိက္ေပ်ာ္ျပီး သူမေပ်ာ္ရင္ ကိုယ္ပါလိုက္မေပ်ာ္ျဖစ္တဲ့ ဆက္ဆံေရးေတြ အဖုအထိ ျဖစ္သြားမွာစိုးတဲ့ စိတ္္ေတြေၾကာင့္ေပါ့ …

လူတစ္ေယာက္ကို ခ်စ္လုိက္ဖို့က လြယ္ပါတယ္ သူငယ္ခ်င္းတစ္ေယာက္ကိုဆုိပိုျပီးေတာ့လြယ္တာေပါ့ ဒါေပမယ့္ ခ်စ္သူဆိုတဲ့ ေ၀ါဟာရေတြရဲ႔အဆံုးမွာ အဆံုးသတ္မလွတာေတြရွိတယ္ တစ္ေန့လမ္းခြဲျခင္းေတြ ၾကံဳျပီးသြားတဲ့အခါ ဘယ္ေတာ့မွ မဆံုျဖစ္ေတာ့တဲ့ သူစိမ္းေတြ ျဖစ္သြားတတ္တယ္ေလ …

သူငယ္ခ်င္းဆုိတာရဲ႔ တစ္ဖက္မွာေတာ့ ကုိယ္သူ့ကုိ ပိုင္ခ်င္မွ ပုိင္လိမ့္မယ္ ဒါေပမယ့္ ကုိယ္သတိရတဲ့အခါတုိင္း စကားေတြေျပာပိုင္ခြင့္ရွိေနေသးသလို အနီးေရာက္တဲ့အခါတိုင္း ေျပးေတြ့လုိ့ရေနေသးတာပဲေလ … သူရဲ႕အဆင္မေျပတဲ့အခ်စ္ေရးေတြအေၾကာင္း နားေထာင္ရင္း ေျဖသိမ့္ေပးလုိ့လဲ ရေသးတယ္ …

ကုိယ္ခ်စ္ရတဲ့သူနဲ႔ မေ၀းခ်င္တဲ့အခါ ဘယ္ေတာ့မွ အနီးဆံုးကိုမသြားနဲ႔တဲ့ ဒီလိုပါပဲ … ကိုယ္ခ်စ္ရတဲ့ သူငယ္ခ်င္းနဲ႔ တစ္သက္လံုး မစိမ္းခ်င္ေတာ့တဲ့အခါ အျဖဴေရာင္စည္းကုိ ေက်ာ္ဖို့ မၾကိဳးစားေတာ့ဘူး တကယ္လို့ လမ္းခြဲျခင္းေတြ ၾကံဳလာခဲ့ရင္ အဆစ္ပါသြားမယ့္ ခင္မင္မႈေလးေတြကို နွေျမာတယ္ေလ ..

ကိုယ္ခ်စ္ေနတာ ကိုယ္သိေနရံုနဲ႔တင္ပဲျဖစ္ပါတယ္ … သူငယ္ခ်င္း ဒါမွမဟုတ္ ခ်စ္ရတဲ့သူေပါ့ …

သွ်င္ယြန္း