ဘယ်သူ့ကိုမှ လိုသုံးမလုပ်နဲ့….

ဘယ်သူ့ကိုမှ လိုသုံးမလုပ်နဲ့

လိုသုံးတာ စကားလုံးလေးနှစ်လုံးပဲ တစ်ဖက်သားရဲ့စိတ်ထဲမှာတော့ သိပ်ကိုခံရခက်တယ် … လိုတဲ့အခါကျတော့ ပြုံးပြီး မလိုတဲ့အခါ စကားတွေ ပြောစရာမရှိတော့တဲ့ အဖြစ်အပျက်မျိုးလေ … လိုသုံးလုပ်ခံရတာများသွားတဲ့အခါ ယုံကြည်မှုတွေ ပျက်ပြားသွားတတ်သလို နှလုံးသားတွေဟာလဲ ထုံသွားတတ်တာကို သတိရပါ …

လိုသုံးတဲ့ တကယ်တမ်းကျတော့ လိုသုံးလုပ်ခံရတဲ့သူက မရှုံးဘူး … လိုသုံးလုပ်သွားတဲ့သူသာ ရှုံးတာပါ .. နောက်တစ်ခါထပ်ပြီး ယုံကြည်ပေးနိုင်မယ့် ယုံကြည်မှုတွေ သူတို့မရနိုင်တော့ဘူးလေ .. ပြီးတော့ စေတနာတွေဆိုတာကလဲ နောက်တစ်ခါထပ်ပြီး မရနိုင်တော့ဘူး

အများတွေအမြင်မှာ … လိုသုံးလုပ်ခံရတဲ့သူက ရှုံးတယ်တဲ့ လက်ရှိမှာပဲ တွက်တွက် သံသရာနဲ့ပဲ တွက်တွက် လိုသုံးဆိုတဲ့စကားလုံးတွေနောက်မှာတော့ ဘယ်တော့မှ မရှုံးခဲ့ဘူး နောက်ထပ် ပေးမယ့် စေတနာတွေ သူတို့မရနိုင်တော့သလို နောက်ထပ်ယုံကြည်ဖို့လဲ ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူး …

ယုံကြည်မှုဆိုတာ လွယ်လွယ်လေးတည်ဆောက်လို့ရတာမဟုတ်ဘူးလေ .. ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ လိုသုံးမလုပ်လိုက်နဲ့ လိုသုံးလုပ်ခံရတာများလာတဲ့အခါ … ဘယ်အရာကိုမှ ငဲ့မကြည့်ပဲ လှည့်ထွက်သွားတတ်တယ် … ဘယ်လောက်ပဲချစ်ချစ်ပေါ့

ကိုယ့်အပေါ် စေတနာထားတဲ့သူတွေကို လိုသုံးမလုပ်ပါနဲ့ တကယ်ခင်တဲ့သူတွေကို ခဏသုံးမလုပ်ပါနဲ့ တကယ်ချစ်တဲ့သူတွေအပေါ် ခဏခဏအနိုင်မယူနဲ့ ကိုယ်ပိုရှုံးတယ် …

သျှင်ယွန်း







သျှင်ယွန်း