နောက်တစ်ခါထပ်ချစ်ရမှာကို ကြောက်လာတတ်တယ်

တစ်ခါနာကျင်ခဲ့ရပြီးတော့ နောက်တစ်ခါထပ်ချစ်ရမှာကို ကြောက်လာတတ်တယ်

အချစ် … ပထဆုံးဖြစ်တည်လာတဲ့အချစ်မှာ ရင်ဘတ်နဲ့ရင်းခဲ့မိတာကိုတော့ ဝန်ခံပါတယ် ဒါပေမယ့် အချစ်ကံမကောင်းခဲ့တာလား ကိုယ်ပဲ ဉာဏ်နည်းခဲ့တာလားမသိပါဘူး အလိမ်အညာကိုမှ တကယ်အတည်ကြီး ထင်နေခဲ့မိတာလေ …

ပထမဆုံးအချစ် … ကိုယ့်ထက်ပိုပြီးချစ်ခဲ့မိသလို ဒီလက်ကို စပြီးဆွဲကတည်းက ဒီလူနဲ့ ဒီတစ်သက် အိုမင်းသွားချင်တယ် ဆိုတဲ့အတွေးရှိခဲ့ဖူးတယ် … ဒါပေမယ့် မတည်မြဲခြင်းတွေထဲမှာ သူ့အချစ်တွေက ထိပ်ဆုံးက ပါနေခဲ့တာလေ … ကိုယ့်ဘက်က အစစ်တွေ ပေးခဲ့ပေမယ့် အစစ်တွေပြန်မရခဲ့ဘူး

နာကျင်ရတယ် ကြေကွဲရတယ် … အဲ့လိုနာကျင်သွားရပြီးတဲ့နောက်မှာတော့ နောက်ထပ် ထပ်ချစ်ရမှာကို သိပ်ကို ကြောက်သွားခဲ့တယ်လေ … အဲ့လိုထပ်ပြီးများနာကျင်ရရင်ဆိုတဲ့ ကြောက်စိတ်ကြီး စွဲသွားခဲ့တယ် ဒီတစ်ခါထပ်နာကျင်ရရင် ကိုယ်ခံနိုင်ရည် ရှိနိုင်တော့မယ်လဲ မထင်တော့တာလဲပါတာပေါ့ … ကိုယ့်နာကျင်မှုကို ကိုယ်ကိုယ်တိုင်ပဲ သိပါတယ်

အစွဲအလမ်းကြီးတတ်တော့ ပိုဆိုးတယ်လေ … မချစ်တတ်တော့တာမဟုတ်ပဲ နောက်ထပ်ချစ်ရမှာကို ကြောက်တတ်လာရုံပါ ကိုယ် ပုံအောပြီး ချစ်မိလိုက်တဲ့သူဆီက ပြန်ရလာတဲ့ ဒဏ်ရာကိုပြလို့ရရင် ပြချင်မိတယ် တချို့ကတော့ ရူးလိုက်တာလို့ပြောချင်ပြောကြလိမ့်မယ် ကြုံခဲ့ဖူးတဲ့သူမှသာ နားလည်မယ့် ဒဏ်ရာတွေပေါ့

အချစ်နဲ့ပတ်သက်ပြီး နာကျင်ခဲ့ရပြီးတော့ ကိုယ့်မှာ နောက်ထပ် ထပ်ချစ်ဖို့ကို တဖြေးဖြေး ကြောက်ကြောက်လာတယ် … ဒီလိုနဲ့ပဲ တစ်ယောက်တည်းနေဖို့ တွေးခဲ့တာပါ .

သျှင်ယွန်း

တစ္ခါနာက်င္ခဲ့ရျပီးေတာ့ ေနာက္တစ္ခါထပ္ခ်စ္ရမွာကိုု ေၾကာက္လာတတ္တယ္

အခ်စ္ … ပထဆံုးျဖစ္တည္လာတဲ့အခ်စ္မွာ ရင္ဘတ္နဲ႔ရင္းခဲ့မိတာကိုေတာ့ ၀န္ခံပါတယ္ ဒါေပမယ့္ အခ်စ္ကံမေကာင္းခဲ့တာလား ကိုယ္ပဲ ဥာဏ္နည္းခဲ့တာလားမသိပါဘူး အလိမ္အညာကိုမွ တကယ္အတည္ၾကီး ထင္ေနခဲ့မိတာေလ …

ပထမဆံုးအခ်စ္ … ကိုယ့္ထက္ပိုျပီးခ်စ္ခဲ့မိသလုိ ဒီလက္ကို စျပီးဆြဲကတည္းက ဒီလူနဲ႔ ဒီတစ္သက္ အိုမင္းသြားခ်င္တယ္ ဆိုတဲ့အေတြးရွိခဲ့ဖူးတယ္ … ဒါေပမယ့္ မတည္ျမဲျခင္းေတြထဲမွာ သူ့အခ်စ္ေတြက ထိပ္ဆံုးက ပါေနခဲ့တာေလ … ကိုယ့္ဘက္က အစစ္ေတြ ေပးခဲ့ေပမယ့္ အစစ္ေတြျပန္မရခဲ့ဘူး

နာက်င္ရတယ္ ေၾကကြဲရတယ္ … အဲ့လုိနာက်င္သြားရျပီးတဲ့ေနာက္မွာေတာ့ ေနာက္ထပ္ ထပ္ခ်စ္ရမွာကို သိပ္ကို ေၾကာက္သြားခဲ့တယ္ေလ … အဲ့လုိထပ္ျပီးမ်ားနာက်င္ရရင္ဆိုတဲ့ ေၾကာက္စိတ္ၾကီး စြဲသြားခဲ့တယ္္ ဒီတစ္ခါထပ္နာက်င္ရရင္ ကိုယ္ခံနုိင္ရည္ ရွိနိုင္ေတာ့မယ္လဲ မထင္ေတာ့တာလဲပါတာေပါ့ … ကိုယ့္နာက်င္မႈကို ကိုယ္ကိုယ္တိုင္ပဲ သိပါတယ္

အစြဲအလမ္းၾကီးတတ္ေတာ့ ပိုဆိုးတယ္ေလ … မခ်စ္တတ္ေတာ့တာမဟုတ္ပဲ ေနာက္ထပ္ခ်စ္ရမွာကို ေၾကာက္တတ္လာရံုပါ ကိုယ္ ပံုေအာျပီး ခ်စ္မိလုိက္တဲ့သူဆီက ျပန္ရလာတဲ့ ဒဏ္ရာကိုျပလုိ့ရရင္ ျပခ်င္မိတယ္ တခ်ိဳ႔ကေတာ့ ရူးလုိက္တာလို့ေျပာခ်င္ေျပာၾကလိမ့္မယ္ ၾကံဳခဲ့ဖူးတဲ့သူမွသာ နားလည္မယ့္ ဒဏ္ရာေတြေပါ့

အခ်စ္နဲ႔ပတ္သက္ျပီး နာက်င္ခဲ့ရျပီးေတာ့ ကိုယ့္မွာ ေနာက္ထပ္ ထပ္ခ်စ္ဖို့ကို တေျဖးေျဖး ေၾကာက္ေၾကာက္လာတယ္ … ဒီလုိနဲ႔ပဲ တစ္ေယာက္တည္းေနဖို့ ေတြးခဲ့တာပါ .

သွ်င္ယြန္း