လာချင်ရင် အနီးလေးပါ မလာချင်ရင်တော့ ဒီခရီးဝေးတာပေါ့ …

လာချင်ရင် အနီးလေးပါ မလာချင်ရင်တော့ ဒီခရီးဝေးတာပေါ့ …

မဖြစ်နိုင်လို့ပါဆိုတဲ့အကြောင်းပြချက်တွေနောက်မှာ တစ်ခါတစ်လေ ဖြစ်ချင်စိတ်မရှိတဲ့ စိတ်တွေရှိနေတတ်တယ် တစ်ယောက်နဲ့တစ်ယောက် နီးစပ်ဖို့ဆိုရင် တစ်ယောက်တည်း ကြိုးစားနေရုံနဲ့တော့ မဖြစ်နိုင်ခဲ့ဘူးလေ တစ်ယောက်တစ်လှမ်းဆို နှစ်ယောက်နီးဖို့ ပိုလွယ်တာပေါ့ ။

ဒါပေမယ့် ကိုယ့်ဘက်က လှမ်းခဲ့ပေမယ့် သူ့ဘက်က တစ်ချက်မှ မလှမ်းခဲ့ဘူး ။ ကိုယ်ကပဲ တစ်ဖက်သတ်ဖြစ်နေခဲ့တာပါ တကယ်လို့ နီးစပ်ခဲ့မယ်ဆိုရင်တောင် ကိုယ်အတင်းလုပ်ယူပြီးမှ ဖြစ်လာမယ့် ကံကြမ္မာပေါ့ အဲ့ဒီ ကံကြမ္မာကို နဲနဲလေးတော့ ဘဝင်မကျခဲ့ဘူး

ကမ်းတဲ့လက်က ကမ်းခဲ့ပေမယ့်လဲ တစ်ချက်မှ မလှမ်းခဲ့တော့လဲ ဒီခရီးသိပ်ကို ဝေးလွန်းပါတယ် တစ်ချိန်ချိန် နီးစပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးဟာ တဖြေးဖြေးဝေးဝါးလာသလို ယုံကြည်သမျှတွေကလဲ သဲထဲရေသွန်ဖြစ်ခဲ့ရတာပေါ လာချင်ရင်တော့ အနီးလေးပါ မလာချင်ရင်တော့ ဒီခရီးဝေးတာပေါ့ …

ပိုင်ဆိုင်ချင်ပေမယ့် စွန့်လွှတ်လိုက်ရတဲ့ ဇာတ်လမ်းတွေမှာ ဒီလိုဇာတ်သိမ်းရတာတွေ ရှိတယ် နှစ်တွေကြာလာတယ် အချစ်တွေတိုးလာမယ့်အစား ယုံကြည်မှုတွေဟာ ပျောက်ဆုံးလာတယ် တဖြေးဖြေး နီးရမယ့်အစား တဖြေးဖြေး ပိုဝေးလာတယ် တစ်နေ့ဆိုတာ ဘယ်တော့လဲ မသေချာ မရေရာတော့ဘူး

ကိုယ်လိုချင်တာ သက်သေပြမှုဆိုပေမယ့်လဲ ကိုယ်ရခဲ့တာက ဆင်ခြေသက်သက်ပါ အားရှိသရွေ့တော့ ရပ်နေပါတယ် သေချာတစ်ခုကတော့ အရင်ကလောက် မနီးတော့ဘူး ။

သျှင်ယွန်း

လာခ်င္ရင္ အနီးေလးပါ မလာခ်င္ရင္ေတာ့ ဒီခရီးေ၀းတာေပါ့ …

မျဖစ္နုိင္လို့ပါဆိုတဲ့အေၾကာင္းျပခ်က္ေတြေနာက္မွာ တစ္ခါတစ္ေလ ျဖစ္ခ်င္စိတ္မရွိတဲ့ စိတ္ေတြရွိေနတတ္တယ္ တစ္ေယာက္နဲ႔တစ္ေယာက္ နီးစပ္ဖို့ဆိုရင္ တစ္ေယာက္တည္း ၾကိဳးစားေနရံုနဲ႔ေတာ့ မျဖစ္နုိင္ခဲ့ဘူးေလ တစ္ေယာက္တစ္လွမ္းဆို နွစ္ေယာက္နီးဖို့ ပိုလြယ္တာေပါ့ ။

ဒါေပမယ့္ ကိုယ့္ဘက္က လွမ္းခဲ့ေပမယ့္ သူ့ဘက္က တစ္ခ်က္မွ မလွမ္းခဲ့ဘူး ။ ကိုယ္ကပဲ တစ္ဖက္သတ္ျဖစ္ေနခဲ့တာပါ တကယ္လုိ့ နီးစပ္ခဲ့မယ္ဆိုရင္ေတာင္ ကိုယ္အတင္းလုပ္ယူျပီးမွ ျဖစ္လာမယ့္ ကံၾကမၼာေပါ့ အဲ့ဒီ ကံၾကမၼာကို နဲနဲေလးေတာ့ ဘ၀င္မက်ခဲ့ဘူး

ကမ္းတဲ့လက္က ကမ္းခဲ့ေပမယ့္လဲ တစ္ခ်က္မွ မလွမ္းခဲ့ေတာ့လဲ ဒီခရီးသိပ္ကို ေ၀းလြန္းပါတယ္ တစ္ခ်ိန္ခ်ိန္ နီးစပ္ရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးဟာ တေျဖးေျဖးေ၀း၀ါးလာသလို ယံုၾကည္သမွ်ေတြကလဲ သဲထဲေရသြန္ျဖစ္ခဲ့ရတာေပါ လာခ်င္ရင္ေတာ့ အနီးေလးပါ မလာခ်င္ရင္ေတာ့ ဒီခရီးေ၀းတာေပါ့ …

ပိုင္ဆိုင္ခ်င္ေပမယ့္ စြန့္လႊတ္လိုက္ရတဲ့ ဇာတ္လမ္းေတြမွာ ဒီလိုဇာတ္သိမ္းရတာေတြ ရွိတယ္ ႏွစ္ေတြၾကာလာတယ္ အခ်စ္ေတြတိုးလာမယ့္အစား ယံုၾကည္မႈေတြဟာ ေပ်ာက္ဆံုးလာတယ္ တေျဖးေျဖး နီးရမယ့္အစား တေျဖးေျဖး ပိုေ၀းလာတယ္ တစ္ေန့ဆိုတာ ဘယ္ေတာ့လဲ မေသခ်ာ မေရရာေတာ့ဘူး

ကုိယ္လုိခ်င္တာ သက္ေသျပမႈဆုိေပမယ့္လဲ ကိုယ္ရခဲ့တာက ဆင္ေျခသက္သက္ပါ အားရွိသေရြ႕ေတာ့ ရပ္ေနပါတယ္ ေသခ်ာတစ္ခုကေတာ့ အရင္ကေလာက္ မနီးေတာ့ဘူး ။

သွ်င္ယြန္း