ငါ့ကျမှ ဆိုးလှတဲ့အဖြစ်ရယ်လို့ တွေးမထားတော့ဘူး

ငါ့ကျမှ ဆိုးလှတဲ့အဖြစ်ရယ်လို့ တွေးမထားတော့ဘူး

မပျော်ဘူးဆိုတာထက် ပိုလို့တောင် မပျော်တော့တဲ့ရက်တွေမှာ တစ်ခါတစ်ခါ နေ့လားညလား ခွဲရခက်တယ် တစ်ခါတစ်ခါ စနေလား တနင်္လာလား မေ့နေတတ်တယ် အရင်လိုသာဆိုရင် ဒီအချိန် ကိုယ့်အိပ်မက်တွေအတွက် ကျွန်မတို့တွေ အလုပ်တွေများနေကြတာလေ အဲ့ဒီအချိန်တွေကို ပြန်ပြီးတမ်းတကြရရုံပါပဲ ။

ဘာကြောင့် ငါ့ကျမှ ဒီလိုဖြစ်ရတဲ့အဖြစ်ရယ်လို့မတွေးတော့ဘူး ဒီခေတ်မှာ လူဖြစ်ခဲ့ရတဲ့ကံကိုက မကောင်းခဲ့တာပဲ ဖြစ်ပါမှာပါ ။ တချို့ အိပ်မက်တွေအချိန်အကြာကြီးတည်ဆောက်ခဲ့ပြီးမှ တစ်ရက်တည်း ပျက်ပျယ်ကြရတယ် တချို့ နှစ်တွေအကြာကြီး ဝေးကွာနေခဲ့ပြီးမှ တစ်နေ့ဆိုတဲ့ မျှော်လင့်ချက်လေးတွေဟာလဲ ဒီနေ့မှာ မသေချာတော့ဘူး

ဖြစ်နိုင်ရင်လေ … ကောင်းကင်ကြီးက အရင်တုန်းကအတိုင်း ပြာနေသလို ဘဝတွေအားလုံးကို အေးချမ်းစေချင်ပြီ ခေါင်းချလိုက်တဲ့အခါ မနက်ဖြန် ဘာလုပ်ရမယ်ဆိုတဲ့ မျှော်လင့်ခဲ့တဲ့ တစ်ချိန်က မနက်တွေကို ပြန်ရောက်စေချင်ဘူး ဆုတွေတောင်းရတာကို မနှစ်မြို့ခဲ့ပေမယ့်လဲ အမြန်ဆုံး နောက်ကျောတွေလုံချင်ပြီဆိုတဲ့ ဆုလေးတော့ တောင်းတယ် ။

လူတိုင်း မအေးချမ်းနိုင်တဲ့ နေ့ကြီးမှာ ငါ့ကျမှ ဆိုးလှတဲ့အဖြစ်ရယ်လို့ မတွေးချင်တော့ဘူး အရာအားလုံးအဆင်ပြေလာမယ့်တစ်နေ့မှပဲ ကိုယ့်သောကတွေကို ဖွင့်ချပြီး အားရပါးရ ငိုချတော့မယ် ဒီနေ့တော့ မပျော်လဲ ခဏတော့ ပြုံးမယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

ငါ့က်မွ ဆုိးလွတဲ့အျဖစ္ရယ္လုိ့ ေတြးမထားေတာ့ဘူး

မေပ်ာ္ဘူးဆိုတာထက္ ပိုလို့ေတာင္ မေပ်ာ္ေတာ့တဲ့ရက္ေတြမွာ တစ္ခါတစ္ခါ ေန့လားညလား ခြဲရခက္တယ္ တစ္ခါတစ္ခါ စေနလား တနလၤာလား ေမ့ေနတတ္တယ္ အရင္လိုသာဆိုရင္ ဒီအခ်ိန္ ကိုယ့္အိပ္မက္ေတြအတြက္ ကြ်န္္မတို့ေတြ အလုပ္ေတြမ်ားေနၾကတာေလ အဲ့ဒီအခ်ိန္ေတြကို ျပန္ျပီးတမ္းတၾကရရံုပါပဲ ။

ဘာေၾကာင့္ ငါ့က်မွ ဒီလိုျဖစ္ရတဲ့အျဖစ္ရယ္လို့မေတြးေတာ့ဘူး ဒီေခတ္မွာ လူျဖစ္ခဲ့ရတဲ့ကံကိုက မေကာင္းခဲ့တာပဲ ျဖစ္ပါမွာပါ ။ တခ်ိဳ႔ အိပ္မက္ေတြအခ်ိန္အၾကာၾကီးတည္ေဆာက္ခဲ့ျပီးမွ တစ္ရက္တည္း ပ်က္ပ်ယ္ၾကရတယ္ တခ်ိဳ႔ နွစ္ေတြအၾကာၾကီး ေ၀းကြာေနခဲ့ျပီးမွ တစ္ေန့ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးေတြဟာလဲ ဒီေန့မွာ မေသခ်ာေတာ့ဘူး

ျဖစ္နုိင္ရင္ေလ … ေကာင္းကင္ၾကီးက အရင္တုန္းကအတိုင္း ျပာေနသလို ဘ၀ေတြအားလံုးကို ေအးခ်မ္းေစခ်င္ျပီ ေခါင္းခ်လိုက္တဲ့အခါ မနက္ျဖန္ ဘာလုပ္ရမယ္ဆုိတဲ့ ေမွ်ာ္လင့္ခဲ့တဲ့ တစ္ခ်ိန္က မနက္ေတြကို ျပန္ေရာက္ေစခ်င္ဘူး ဆုေတြေတာင္းရတာကို မနွစ္ျမိဳ႔ခဲ့ေပမယ့္လဲ အျမန္ဆံုး ေနာက္ေက်ာေတြလံုခ်င္ျပီဆိုတဲ့ ဆုေလးေတာ့ ေတာင္းတယ္ ။

လူတိုင္း မေအးခ်မ္းနိုင္တဲ့ ေန့ၾကီးမွာ ငါ့က်မွ ဆိုးလွတဲ့အျဖစ္ရယ္လိုု့ မေတြးခ်င္ေတာ့ဘူး အရာအားလံုးအဆင္ေျပလာမယ့္တစ္ေန့မွပဲ ကိုယ့္ေသာကေတြကို ဖြင့္ခ်ျပီး အားရပါးရ ငိုခ်ေတာ့မယ္ ဒီေန့ေတာ့ မေပ်ာ္လဲ ခဏေတာ့ ျပံဳးမယ္ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း