ဘယ်တော့မှ မဝေးလောက်ဘူးလို့ တွေးခဲ့ထင်ခဲ့ပေမယ့်လဲ

ဘယ်တော့မှ မဝေးလောက်ဘူးလို့ တွေးခဲ့ထင်ခဲ့ပေမယ့်လဲ တကယ်တမ်းဝေးသွားတဲ့အခါမှာတော့ ဘယ်တုန်းကမှ မဆိုင်ခဲ့ဖူးတဲ့ သူစိမ်းတွေလိုပါပဲ ။ ချစ်လားဆိုတဲ့မေးခွန်းတွေအပြင် နေကောင်းလားဆိုတဲ့စကားတွေ ပြောဖို့တောင် ကိုယ့်ဘက်က အများကြီးဆင်ခြင်ရတယ်လေ ။

လွမ်းလို့ဖုန်းဆက်တဲ့အခါတိုင်းမှာလဲ ဘာလို့ဖုန်းဆက်တာလဲစကားတွေနဲ့ပဲ ရင်ဝကို စောင့်ကန်ခံရတဲ့အခါ ဖုန်းတစ်ခါဆက်ဖို့ကို အချိန်တွေအကြာကြီးစဉ်းစားရတယ် ။ ပြောစရာစကားတွေ ရင်ထဲပြည့်နေပေမယ့် အပြစ်မြင်တတ်သူအတွက်တော့ အရာရာဟာ အနှောင့်အယှက်သက်သက်ကလွဲလို့ ဘာဆိုဘာမှ ဖြစ်မလာခဲ့ဘူးလေ ။

ဘယ်တော့မှ မဝေးလောက်ပါဘူးလို့ထင်ထားတဲ့ဆက်ဆံရေးတွေဟာ ခုတော့ ရေခဲမှတ်တွေရဲ့အောက်မှာ ။ အရင်းနှီးဆုံး သူစိမ်းဖြစ်ခဲ့ဖူးတဲ့ အမှတ်တရတွေကတော့ ခုချိန် အနာတရတွေသက်သက်ပေါ့ အမှတ်ရနေမိတဲ့ကိုယ့်မှာ ပြန်တွေးမိတိုင်း ပြန်တွေးမိတိုင်း အကြိမ်ကြိမ်သေရတယ် ။

တို့အတူဆိုပြီးမှ မက်ခဲ့တဲ့အိပ်မက်တွေဟာလဲ ကိုယ်တစ်ယောက်ထဲ ဆက်မမက်ရဲတော့လို့ ညတွေတောင် မအိပ်ဖြစ်တော့ဘူး ။ နှစ်ယောက်တစ်ဘဝဆိုတဲ့ မျှော်လင့်ချက်တွေဟာလဲ ကိုယ်တစ်ယောက်တည်းရှင်သန်ရတဲ့ အခါ အဓိပ္ပါယ်တွေ မဲ့နေခဲ့တယ် ။

ဘယ်တော့မှ မဝေးလောက်ပါဘူးဆိုပြီး တွေးခဲ့မိတဲ့ ဆက်ဆံရေးတွေဟာ အကြောင်းပြချက်တွေ မရှိပါပဲ အေးစက်သွားခဲ့ပြန်ပါပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘယ္ေတာ့မွ မေဝးေလာက္ဘူးလို႔ ေတြးခဲ့ထင္ခဲ့ေပမယ့္လဲ တကယ္တမ္းေဝးသြားတဲ့အခါမွာေတာ့ ဘယ္တုန္းကမွ မဆိုင္ခဲ့ဖူးတဲ့ သူစိမ္းေတြလိုပါပဲ ။ ခ်စ္လားဆိုတဲ့ေမးခြန္းေတြအျပင္ ေနေကာင္းလားဆိုတဲ့စကားေတြ ေျပာဖို႔ေတာင္ ကိုယ့္ဘက္က အမ်ားႀကီးဆင္ျခင္ရတယ္ေလ ။

လြမ္းလို႔ဖုန္းဆက္တဲ့အခါတိုင္းမွာလဲ ဘာလို႔ဖုန္းဆက္တာလဲစကားေတြနဲ႔ပဲ ရင္ဝကို ေစာင့္ကန္ခံရတဲ့အခါ ဖုန္းတစ္ခါဆက္ဖို႔ကို အခ်ိန္ေတြအၾကာႀကီးစဥ္းစားရတယ္ ။ ေျပာစရာစကားေတြ ရင္ထဲျပည့္ေနေပမယ့္ အျပစ္ျမင္တတ္သူအတြက္ေတာ့ အရာရာဟာ အေႏွာင့္အယွက္သက္သက္ကလြဲလို႔ ဘာဆိုဘာမွ ျဖစ္မလာခဲ့ဘူးေလ ။

ဘယ္ေတာ့မွ မေဝးေလာက္ပါဘူးလို႔ထင္ထားတဲ့ဆက္ဆံေရးေတြဟာ ခုေတာ့ ေရခဲမွတ္ေတြရဲ႕ေအာက္မွာ ။ အရင္းႏွီးဆုံး သူစိမ္းျဖစ္ခဲ့ဖူးတဲ့ အမွတ္တရေတြကေတာ့ ခုခ်ိန္ အနာတရေတြသက္သက္ေပါ့ အမွတ္ရေနမိတဲ့ကိုယ့္မွာ ျပန္ေတြးမိတိုင္း ျပန္ေတြးမိတိုင္း အႀကိမ္ႀကိမ္ေသရတယ္ ။

တို႔အတူဆိုၿပီးမွ မက္ခဲ့တဲ့အိပ္မက္ေတြဟာလဲ ကိုယ္တစ္ေယာက္ထဲ ဆက္မမက္ရဲေတာ့လို႔ ညေတြေတာင္ မအိပ္ျဖစ္ေတာ့ဘူး ။ ႏွစ္ေယာက္တစ္ဘဝဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြဟာလဲ ကိုယ္တစ္ေယာက္တည္းရွင္သန္ရတဲ့ အခါ အဓိပၸါယ္ေတြ မဲ့ေနခဲ့တယ္ ။

ဘယ္ေတာ့မွ မေဝးေလာက္ပါဘူးဆိုၿပီး ေတြးခဲ့မိတဲ့ ဆက္ဆံေရးေတြဟာ အေၾကာင္းျပခ်က္ေတြ မရွိပါပဲ ေအးစက္သြားခဲ့ျပန္ပါၿပီ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း