မချစ်တော့တာမှ မဟုတ်ပဲ ချစ်လျက်နဲ့လဲ ဝေးရတတ်ပါတယ်

ကျွန်မတို့… လမ်းခွဲရအောင် ။

သိပ်ချစ်တာပဲဆိုတဲ့ စကားတွေနဲ့ အစပြုခဲ့တဲ့ ဆက်ဆံရေးတွေဟာ နောက်ဆုံး ပေါင်းစပ်ခြင်းတွေနဲ့ အဆုံးသတ်သတဲ… ကျွန်မကတော့ လမ်းခွဲခြင်းတွေနဲ့ အဆုံးသတ်လိုက်ဖို့ကိုပဲ ရွေးချယ်မိတော့တယ် ။ ကျွန်မသိပ်ကို ပင်ပန်းနေပြီလေ ။

တစ်နေ့ကျရင်ဆိုပြီး မျှော်လင့်ထားခဲ့မိတာတွေဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့မှန်း တဖြေးဖြေး နားလည်သဘောပေါက်လာခဲ့တယ် ။ သူ နီးဖို့အတွက် ပြေးလာမှာပါဆိုပြီး မျှော်ခဲ့ဖူးတာတွေဟာလဲ တဖြေးဖြေးနဲ့ ဝေဝါးလာတယ် ။ ကျွန်မ မမျှော်ချင်တော့ဘူး ပြီးတော့ ပျော်လဲ မပျော်တော့ဘူး ။

အချိန်တစ်ခုထိတောင် မဟုတ်ပဲ အချိန်တွေလွန်တဲ့ထိတောင် ကျွန်မ စောင့်ခဲ့ မျှော်ခဲ့ပြီးပြီလေ ။ ပင်ပန်းသင့်တာထက်လဲ ပိုပြီး ပင်ပန်းခဲ့ပါပြီ ။ လူနှစ်ယောက် တကယ်တမ်းပေါင်းစပ်ဖို့ကြိုးစားတဲ့အခါ အချစ်တစ်ခုတည်းက အဆင်မပြေတတ်ဘူးမဟုတ်လား ။

အရာရာကို အလေးအနက်ထားတတ်တဲ့ ကျွန်မနဲ့ ဘယ်အရာကိုမဆို ပေါ့ပေါ့လေးတွေးတတ်တဲ့ ရှင်… လမ်းတွေချင်းမှ မတူခဲ့တာ တစ်ခုခုဆို ကျွန်မက အဆုံးစွန်ထိ တွေးတတ်သလောက် အနာဂတ်တွေအကြောင်းပြောရင် ခေါင်းရှောင်သွားတဲ့ ရှင့်ကို ကျွန်မ ချစ်တော့ ချစ်ပါသေးတယ် ဒါပေမယ့်… ထပ်ပြီး မပင်ပန်းချင်တော့ဘူး ။

ကျွန်မတို့ လမ်းခွဲကြရအောင်…ဒါဟာ ကောင်းသော ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်မှာပါ ။ ရှင်ပျော်နေတယ်ဆိုတဲ့ ဘဝမှာ ရှင်နေပေါ့ ကျွန်မလဲ မျှော်လင့်ရင်း ပင်ပန်းရတဲ့နေ့တွေကို အဆုံးသတ်လိုက်ချင်ပြီ ။ မချစ်တော့တာမှ မဟုတ်ပဲ ချစ်လျက်နဲ့လဲ ဝေးရတတ်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မတို႔… လမ္းခြဲရေအာင္ ။

သိပ္ခ်စ္တာပဲဆိုတဲ့ စကားေတြနဲ႔ အစျပဳခဲ့တဲ့ ဆက္ဆံေရးေတြဟာ ေနာက္ဆုံး ေပါင္းစပ္ျခင္းေတြနဲ႔ အဆုံးသတ္သတဲ… ကြၽန္မကေတာ့ လမ္းခြဲျခင္းေတြနဲ႔ အဆုံးသတ္လိုက္ဖို႔ကိုပဲ ေ႐ြးခ်ယ္မိေတာ့တယ္ ။ ကြၽန္မသိပ္ကို ပင္ပန္းေနၿပီေလ ။

တစ္ေန႔က်ရင္ဆိုၿပီး ေမွ်ာ္လင့္ထားခဲ့မိတာေတြဟာ ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ေတာ့မွန္း တေျဖးေျဖး နားလည္သေဘာေပါက္လာခဲ့တယ္ ။ သူ နီးဖို႔အတြက္ ေျပးလာမွာပါဆိုၿပီး ေမွ်ာ္ခဲ့ဖူးတာေတြဟာလဲ တေျဖးေျဖးနဲ႔ ေဝဝါးလာတယ္ ။ ကြၽန္မ မေမွ်ာ္ခ်င္ေတာ့ဘူး ၿပီးေတာ့ ေပ်ာ္လဲ မေပ်ာ္ေတာ့ဘူး ။

အခ်ိန္တစ္ခုထိေတာင္ မဟုတ္ပဲ အခ်ိန္ေတြလြန္တဲ့ထိေတာင္ ကြၽန္မ ေစာင့္ခဲ့ ေမွ်ာ္ခဲ့ၿပီးၿပီေလ ။ ပင္ပန္းသင့္တာထက္လဲ ပိုၿပီး ပင္ပန္းခဲ့ပါၿပီ ။ လူႏွစ္ေယာက္ တကယ္တမ္းေပါင္းစပ္ဖို႔ႀကိဳးစားတဲ့အခါ အခ်စ္တစ္ခုတည္းက အဆင္မေျပတတ္ဘူးမဟုတ္လား ။

အရာရာကို အေလးအနက္ထားတတ္တဲ့ ကြၽန္မနဲ႔ ဘယ္အရာကိုမဆို ေပါ့ေပါ့ေလးေတြးတတ္တဲ့ ရွင္… လမ္းေတြခ်င္းမွ မတူခဲ့တာ တစ္ခုခုဆို ကြၽန္မက အဆုံးစြန္ထိ ေတြးတတ္သေလာက္ အနာဂတ္ေတြအေၾကာင္းေျပာရင္ ေခါင္းေရွာင္သြားတဲ့ ရွင့္ကို ကြၽန္မ ခ်စ္ေတာ့ ခ်စ္ပါေသးတယ္ ဒါေပမယ့္… ထပ္ၿပီး မပင္ပန္းခ်င္ေတာ့ဘူး ။

ကြၽန္မတို႔ လမ္းခြဲၾကရေအာင္…ဒါဟာ ေကာင္းေသာ ဆုံးျဖတ္ခ်က္တစ္ခုပဲ ျဖစ္မွာပါ ။ ရွင္ေပ်ာ္ေနတယ္ဆိုတဲ့ ဘဝမွာ ရွင္ေနေပါ့ ကြၽန္မလဲ ေမွ်ာ္လင့္ရင္း ပင္ပန္းရတဲ့ေန႔ေတြကို အဆုံးသတ္လိုက္ခ်င္ၿပီ ။ မခ်စ္ေတာ့တာမွ မဟုတ္ပဲ ခ်စ္လ်က္နဲ႔လဲ ေဝးရတတ္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း