ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တော့တဲ့ မိန်းမတစ်ယောက်အကြောင်း

မိန်းမတစ်ယောက် အကြောင်း …

မိန်းကလေးတစ်ယောက် ဘာမဟုတ်တာလေးနဲ့တောင် ဒေါသတွေအကြီးအကျယ်ဖြစ်နေပြီဆိုရင် လူတော်တော်များများက ဒီလောက်လေးနဲ့ ဘာလို့ဒီလောက်ဖြစ်နေတာလဲလို့ ထင်ကြလိမ့်မယ် တကယ်တမ်းကျတော့ ဘယ်သူ့မှ မမြင်ရတဲ့တစ်ဖက်မှာ သည်းခံထားခဲ့ရတာတွေ အများကြီးရှိကောင်းရှိနေလိမ့်မယ်လေ ။ ဘယ်သူမှ မသိကြရုံပါ .. ဘယ်သူမှ မမြင်ခဲ့ရုံပါ ။ တချို့ရက်တွေမှာ အကြောင်းအရင်းတွေအများကြီးမရှိပေမယ့်လဲ စကားတွေအများကြီး ပြောချင်ပြောနေလိမ့်မယ် တချို့ရက်တွေမှာကျတော့ အရင်နေ့တွေနဲ့မတူ တိတ်ဆိတ်နေလိမ့်မယ် ။ ဘာကြောင့်လဲလို့ မေးမယ်ဆိုရင် သူဘာမှဖြေမှာ မဟုတ်ဘူး ဘာကြောင့်လဲ ဆိုရင် သူကိုယ်တိုင်မှာလဲ အဖြေတွေရှိမနေခဲ့လို့ပါ ။

သူ့ဘဝလေးက ပျော်စရာကောင်းလိုက်တာဆိုတဲ့စကားတွေကို သူက လှောင်ပြီး ရယ်ပြလိမ့်မယ် … အဆင်ပြေနေတာပဲ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းတွေကို သိပ်ကို အဆင်ပြေတာပေါ့ ဆိုတဲ့စကားနဲ့ ရွဲ့ပြလိမ့်မယ် တကယ့်လက်တွေ့ဘဝတွေကို သူမ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိနိုင်တဲ့ ဘဝမှာ ရှင်သန်နေတာလေ ။

အချိန်တန်ရင်တော့ အဆင်ပြေသွားမှာဆိုတဲ့ အတွေးနဲ့ ရပ်နေရတာ မောလာတဲ့အခါ လောကကြီးကို အရွဲ့တိုက်ချင် တိုက်လာလိမ့်မယ် ။ ဘာကြောင့်လဲ မေးရင် သူဂရုစိုက်ခဲ့တုန်းက လောကကြီးက သူ့ကိုမှ ဂရုမစိုက်ခဲ့ပဲလေ … သူကောင်းအောင်နေခဲ့တုန်းက လောကကြီးက သူ့အပေါ် မျက်နှာသာမှ မပေးခဲ့ပဲလေ ..

နောက်ဆုံးကျတော့လဲ အရာရာကို လွတ်ချလိုက်တဲ့သူမ ကိုပဲ လောကကြီးက ထပ်ပြီးအပြစ်တင်လိမ့်မယ် ဒါပေမယ့် ဒီအခြေအနေမှာဆိုရင်တော့ သူမ ငိုတော့မှာ မဟုတ်ဘူး … လောကကြီးကို မျက်နှာပြောင်ပြောင်နဲ့ ခပ်ချေချေလေး နေထိုင်တတ်လာပြီလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းမတစ္ေယာက္ အေၾကာင္း …

မိန္းကေလးတစ္ေယာက္ ဘာမဟုတ္တာေလးနဲ႔ေတာင္ ေဒါသေတြအၾကီးအက်ယ္ျဖစ္ေနျပီဆိုရင္ လူေတာ္ေတာ္မ်ားမ်ားက ဒီေလာက္ေလးနဲ႔ ဘာလုိ႔ဒီေလာက္ျဖစ္ေနတာလဲလုိ့ ထင္ၾကလိမ့္မယ္ တကယ္တမ္းက်ေတာ့ ဘယ္သူ့မွ မျမင္ရတဲ့တစ္ဖက္မွာ သည္းခံထားခဲ့ရတာေတြ အမ်ားၾကီးရွိေကာင္းရွိေနလိမ့္မယ္ေလ ။ ဘယ္သူမွ မသိၾကရံုပါ .. ဘယ္သူမွ မျမင္ခဲ့ရံုပါ ။ တခ်ိဳ႔ရက္ေတြမွာ အေၾကာင္းအရင္းေတြအမ်ားၾကီးမရွိေပမယ့္လဲ စကားေတြအမ်ားၾကီး ေျပာခ်င္ေျပာေနလိမ့္မယ္ တခ်ိဳ႔ရက္ေတြမွာက်ေတာ့ အရင္ေန့ေတြနဲ႔မတူ တိတ္ဆိတ္ေနလိမ့္မယ္ ။ ဘာေၾကာင့္လဲလုိ့ ေမးမယ္ဆိုရင္ သူဘာမွေျဖမွာ မဟုတ္ဘူး ဘာေၾကာင့္လဲ ဆုိရင္ သူကိုယ္တုိင္မွာလဲ အေျဖေတြရွိမေနခဲ့လို့ပါ ။

သူ့ဘ၀ေလးက ေပ်ာ္စရာေကာင္းလုိက္တာဆိုတဲ့စကားေတြကို သူက ေလွာင္ျပီး ရယ္ျပလိမ့္မယ္ … အဆင္ေျပေနတာပဲ မဟုတ္ဘူးလားဆိုတဲ့ ေမးခြန္းေတြကို သိပ္ကို အဆင္ေျပတာေပါ့ ဆိုတဲ့စကားနဲ႔ ရြဲ႔ျပလိမ့္မယ္ တကယ့္လက္ေတြ့ဘ၀ေတြကို သူမ ကိုယ္တိုင္ကလြဲလုိ့ ဘယ္သူမွ မသိနိုင္တဲ့ ဘ၀မွာ ရွင္သန္ေနတာေလ ။

အခ်ိန္တန္ရင္ေတာ့ အဆင္ေျပသြားမွာဆုိတဲ့ အေတြးနဲ႔ ရပ္ေနရတာ ေမာလာတဲ့အခါ ေလာကၾကီးကို အရြဲ႕တုိက္ခ်င္ တိုက္လာလိမ့္မယ္ ။ ဘာေၾကာင့္လဲ ေမးရင္ သူဂရုစိုက္ခဲ့တုန္းက ေလာကၾကီးက သူ့ကိုိမွ ဂရုမစိုက္ခဲ့ပဲေလ … သူေကာင္းေအာင္ေနခဲ့တုန္းက ေလာကၾကီးက သူ့အေပၚ မ်က္ႏွာသာမွ မေပးခဲ့ပဲေလ ..

ေနာက္ဆံုးက်ေတာ့လဲ အရာရာကို လြတ္ခ်လိုက္တဲ့သူမ ကုိုပဲ ေလာကၾကီးက ထပ္ျပီးအျပစ္တင္လိမ့္မယ္ ဒါေပမယ့္ ဒီအေျခအေနမွာဆုိရင္ေတာ့ သူမ ငိုေတာ့မွာ မဟုတ္ဘူး … ေလာကၾကီးကို မ်က္ႏွာေျပာင္ေျပာင္နဲ႔ ခပ္ေခ်ေခ်ေလး ေနထိုင္တတ္လာျပီေလ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း