တချို့လမ်းခွဲခြင်းတွေက ပိုကောင်းဖို့ဖြစ်လာတာပါ …

တချို့လမ်းခွဲခြင်းတွေက ပိုကောင်းဖို့ဖြစ်လာတာပါ …

တွေ့ဆုံခြင်းတွေ ရှိတာတဲ့နောက်မှာ တချို့ကတော့ တစ်သက်လုံးမခွဲရပဲ လက်တွဲတွေမြဲတယ် တချို့ကတော့ အလဲအကွဲနဲ့ လမ်းတွေခွဲရတယ် … တွေ့ဆုံခြင်းတွေကို ခုံမင်ခဲ့တာကိုး လမ်းခွဲခြင်းတွေကိုလဲ နှစ်သက်လိုက်ရုံပေါ … ဒါပေမယ့် တချို့လမ်းခွဲခြင်းတွေကတော့ ကိုယ်ကောင်းဖို့အတွက် ဖြစ်လာခဲ့တာပါ ..

ဘေးနားမှာ ရှိနေပေမယ့်လဲ အတွေးထဲမှာ ရှိမနေတဲ့ လူတစ်ယောက်အနားမှာ ရပ်နေရခြင်းဟာ စက်ရုပ်လေးတစ်ရုပ်ကို ပိုင်ဆိုင်ထားရသလိုပါပဲ ကိုယ်မေးတဲ့မေးခွန်းကိုမှ ဖြေတယ် ကိုယ်အနားသွားမှပဲ သူ့အနားကို ရောက်တယ်လေ … ဆက်ဆံရေးတွေဟာလဲ ကိုယ်ကိုယ်တိုင်မှ နွေးထွေးအောင် မလုပ်နိုင်ရင် အရမ်းကို အေးစက်တယ် ….

တချို့ကျပြန်တော့လဲ ကိုယ့်ရှေ့ရောက်ရင် ကိုယ့်ကို သဲသဲလှုပ်ချစ်ပြတယ် အဲ့တာကို တကယ်အဟုတ်ကြီး ထင်ပြီး မျက်စိမှတ်ယုံလိုက်မိတဲ့သူက အမှားပေါ့ … တခြားတစ်ယောက်နဲ့တွေ့ပြန်တော့လဲ ကိုယ့်ကို ချစ်ပြသလိုမျိုး သူမှ သိပ်ကို ဖြစ်တယ် ကိုယ်မျက်နှာလွဲလိုက်တာနဲ့ ကိုယ့်ကို မေ့သွားပြီး ကြုံရာလူနဲ့ ပျော်တတ်တဲ့ကြုံပျော်တွေပေါ့ … အစွဲအလမ်းကြီးတဲ့သူကပဲ ထူးပြီး ရူးတယ် ။

ကိုယ့်ဆီက အချစ်ကို အကုန်လိုချင်ပေမယ့်လဲ သူ့ဆီက ဘာမှ ပေးမလာတဲ့လူမျိုးတွေလဲ ရှိသေးတယ် ဂရုစိုက်တာ အလိုလိုက်တာ အချစ်ခံချင်တာ ဘာမဆို အားလုံးလိုချင်ပေမယ့်လဲ သူ့ဆီကကျပြန်တော့ ဘာဆိုဘာမှ ပြန်မပေးတဲ့ လူပေါ့ …

ဒီလိုလူမျိုးတွေနဲ့ လမ်းခွဲခဲ့တယ်ဆိုတာ ကိုယ်ကောင်းဖို့အတွက်သက်သက်ပါ မျက်ရည်တွေကျလောက်တဲ့ထိ လွမ်းဖို့ကောင်းမနေခဲ့ဘူး … သူမရှိတော့တဲ့နောက်မှာ သူမရှိတော့တာက လွဲရင် ညတွေမှာ ငိုနေစရာမလိုတော့ဘူး … နေ့တွေမှာ ဘယ်သူနဲ့တွေ့နေမလဲ စိတ်ပူနေဖို့ မလိုတော့ဘူး … ငါဘာများမှားလို့လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ခေါင်းငုံ့နေဖို့မလိုတော့ဘူး

ဘယ်တုန်းကမှ ပြန်မရခဲ့တဲ့ လွတ်လပ်မှုမျိုးသာ သူမရှိတဲ့နောက်မှာ ရခဲ့မယ်ဆိုရင် ရဲရဲကြီး လွတ်ချပေးလိုက်ပါ … အရင်တုန်းက ကိုယ့်အတွက် မမက်ဖြစ်တဲ့ အိပ်မက်တွေ ကိုယ့်အတွက် မက်ပစ်လိုက်စမ်းပါတယ် … သူ့ကို ချစ်ခဲ့တာရဲ့ ၁၀ပုံ ၁ ပုံလောက် ကိုယ့်ကိုယ်ကို ပြန်ချစ်ကြည့်ပါ … လောကကြီးမှာ နေချင်လာလိမ့်မယ် …

တချို့လမ်းခွဲခြင်းတွေက ရေစက်ကုန်သွားတာမျိုးမဟုတ်ပဲ ကိုယ်ဆပ်ရမယ့် ဝဋ်ကြွေးတွေ ကုန်သွားခဲ့တာပါ ငိုမနေပါနဲ့တော့ … ကိုယ်ကောင်းဖို့အတွက် ဒီလမ်းခွဲတွေ ဖြစ်လာတာပါ ..

မိန်းမသားတို့အတွက်
သျှင်ယွန်း

တခ်ိဳ႕လမ္းခြဲျခင္းေတြက ပိုေကာင္းဖို့ျဖစ္လာတာပါ …

ေတြ႕ဆံုျခင္းေတြ ရွိတာတဲ့ေနာက္မွာ တခ်ိဳ႕ကေတာ့ တစ္သက္လံုးမခြဲရပဲ လက္တြဲေတြျမဲတယ္ တခ်ိဳ႕ကေတာ့ အလဲအကြဲနဲ႔ လမ္းေတြခြဲရတယ္ … ေတြ႕ဆံုျခင္းေတြကို ခံုမင္ခဲ့တာကိုး လမ္းခြဲျခင္းေတြကိုလဲ နွစ္သက္လိုက္ရံုေပါ … ဒါေပမယ့္ တခ်ိဳ႔လမ္းခြဲျခင္းေတြကေတာ့ ကိုယ္ေကာင္းဖုိ့အတြက္ ျဖစ္လာခဲ့တာပါ ..

ေဘးနားမွာ ရွိေနေပမယ့္လဲ အေတြးထဲမွာ ရွိမေနတဲ့ လူတစ္ေယာက္အနားမွာ ရပ္ေနရျခင္းဟာ စက္ရုပ္ေလးတစ္ရုပ္ကို ပိုင္ဆိုင္ထားရသလိုပါပဲ ကုိယ္ေမးတဲ့ေမးခြန္းကိုမွ ေျဖတယ္ ကိုယ္အနားသြားမွပဲ သူ့အနားကို ေရာက္တယ္ေလ … ဆက္ဆံေရးေတြဟာလဲ ကိုယ္ကိုယ္တိုင္မွ ေႏြးေထြးေအာင္ မလုပ္နုိင္ရင္ အရမ္းကို ေအးစက္တယ္ ….

တခ်ိဳ႕က်ျပန္ေတာ့လဲ ကိုယ့္ေရွ႕ေရာက္ရင္ ကိုယ့္ကို သဲသဲလႈပ္ခ်စ္ျပတယ္ အဲ့တာကို တကယ္အဟုတ္ၾကီး ထင္ျပီး မ်က္စိမွတ္ယံုလိုက္မိတဲ့သူက အမွားေပါ့ … တျခားတစ္ေယာက္နဲ႔ေတြ႕ျပန္ေတာ့လဲ ကိုယ့္ကို ခ်စ္ျပသလိုမ်ိဳး သူမွ သိပ္ကို ျဖစ္တယ္ ကိုယ္မ်က္ႏွာလြဲလုိက္တာနဲ႔ ကို္ယ့္ကို ေမ့သြားျပီး ၾကံဳရာလူနဲ႔ ေပ်ာ္တတ္တဲ ့ၾကံဳေပ်ာ္ေတြေပါ့ … အစြဲအလမ္းၾကီးတဲ့သူကပဲ ထူးျပီး ရူးတယ္ ။

ကိုယ့္ဆီက အခ်စ္ကို အကုန္လုိခ်င္ေပမယ့္လဲ သူ့ဆီိက ဘာမွ ေပးမလာတဲ့လူမ်ိဳးေတြလဲ ရွိေသးတယ္ ဂရုစိုက္တာ အလိိုလိုက္တာ အခ်စ္ခံခ်င္တာ ဘာမဆို အားလံုးလိုခ်င္ေပမယ့္လဲ သူ့့ဆီကက်ျပန္ေတာ့ ဘာဆိုဘာမွ ျပန္မေပးတဲ့ လူေပါ့ …

ဒီလုိလူမ်ိဳးေတြနဲ႔ လမ္းခြဲခဲ့တယ္ဆိုတာ ကိုယ္ေကာင္းဖို့အတြက္သက္သက္ပါ မ်က္ရည္ေတြက်ေလာက္တဲ့ထိ လြမး္ဖို့ေကာင္းမေနခဲ့ဘူး … သူမရွိေတာ့တဲ့ေနာက္မွာ သူမရွိေတာ့တာက လြဲရင္ ညေတြမွာ ငိုေနစရာမလိုေတာ့ဘူး … ေန့ေတြမွာ ဘယ္သူနဲ႔ေတြ့ေနမလဲ စိတ္ပူေနဖို့ မလိုေတာ့ဘူး … ငါဘာမ်ားမွားလို့လဲ ဆုိတဲ့ ေမးခြန္းေတြနဲ႔ ေခါင္းငံု့ေနဖို့မလိုေတာ့ဘူး

ဘယ္တုန္းကမွ ျပန္မရခဲ့တဲ့ လြတ္လပ္မႈမ်ိဳးသာ သူမရွိတဲ့ေနာက္မွာ ရခဲ့မယ္ဆိုရင္ ရဲရဲၾကီး လြတ္ခ်ေပးလိုက္ပါ … အရင္တုန္းက ကိုယ့္အတြက္ မမက္ျဖစ္တဲ့ အိပ္မက္ေတြ ကိုယ့္အတြက္ မက္ပစ္လုိက္စမ္းပါတယ္ … သူ့ကို ခ်စ္ခဲ့တာရဲ႔ ၁၀ပံု ၁ ပံုေလာက္ ကုိယ့္ကိုယ္ကို ျပန္ခ်စ္ၾကည့္ပါ … ေလာကၾကီးမွာ ေနခ်င္လာလိမ့္မယ္ …

တခ်ိဳ႔လမ္းခြဲျခင္းေတြက ေရစက္ကုန္သြားတာမ်ိဳးမဟုတ္ပဲ ကိုယ္ဆပ္ရမယ့္ ၀ဋ္ေၾကြးေတြ ကုန္သြားခဲ့တာပါ ငိုမေနပါနဲ႔ေတာ့ … ကိုယ္ေကာင္းဖို့အတြက္ ဒီလမ္းခြဲေတြ ျဖစ္လာတာပါ ..

မိန္းမသားတို့အတြက္
သွ်င္ယြန္း