ဒီတစ်ခါပြန်ဆုံဖြစ်ခဲ့ရင် အလှဆုံးပြုံးပြနိုင်တဲ့သူက ကိုယ်ဖြစ်ပါစေ

ဒီတစ်ခါပြန်ဆုံဖြစ်ခဲ့ရင် အလှဆုံးပြုံးပြနိုင်တဲ့သူက ကိုယ်ဖြစ်ပါစေ ။

မလိုချင်ပါပဲ ရလာတဲ့လမ်းခွဲတွေမှာ ကိုယ် ပြိုလဲခဲ့ဖူးတာပေါ့ … အရာရာမှာ နှလုံးသားနဲ့ရင်းထားတော့ နေရာတကာ ရင်နဲ့အမျှ နာကျင်ရတာဟာ သဘာ၀ တဲ့ ။ ကိုယ်မမှားခဲ့ပါပဲ ကိုယ်ခံစားရတာတွေကို ဒီနေ့ဒီအချိန်မှာပဲ ရပ်တန့်လိုက်ချင်ပြီ ။ တစ်နေ့ ပြန်ဆုံဖြစ်ခဲ့ရင် အလှဆုံးပြုံးပြနိုင်တဲ့သူက ကိုယ်ဖြစ်ပါစေ ။

ကျွန်မ ရိုးသားခဲ့ဖူးတယ် …. သိပ်ချစ်တာကို သိပ်ချစ်တယ်လို့ ပြောပြခဲ့ဖူးသလို သိပ်ကို ချစ်ပြခဲ့ဖူးတယ် ။ လူတစ်ယောက်ကို ချစ်တဲ့အခါ အဲ့ဒီလူရဲ့ဆိုးခြင်းကောင်းခြင်းတွေကို ချစ်တတ်ပေးရတယ်တဲ့ အဲ့ဒီစကားတွေကို တကယ်ကြီး ယုံပြီး တကယ်ကြီး လိုက်နာခဲ့ဖူးတဲ့ ရူးပေါပေါကောင်မလေးပေါ့ … နားလည်မှုတွေ ပေးခဲ့ဖူးသလို ခဏခဏလဲ ခွင့်လွှတ်ခဲ့ဖူးပါတယ် ။

တစ်နေ့ကျရင်တော့ နားလည်လာမှာပါဆိုတဲ့ မသေချာမှုကြီးကို သေသေချာချာ ဆုတ်ကိုင်ထားပြီး မရေရာမှုတွေကြားမှာ ကျွန်မ ရူးခဲ့တာလေ … နောက်ဆုံးရလာဒ်ကတော့ ကိုယ်မျှော်လင့်ထားသလို ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းမဟုတ်ပဲ … မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ဒီမှာတင် ဒီလို အဆုံးသတ်ကြတာပေါ့ ဆိုတဲ့ မပေါင်းရခြင်းတွေဟာ ဇာတ်သိမ်းခန်းပေါ့ ။

လွယ်လိုက်တာလို့ … ရေရွှတ်ရုံက လွဲလို့တခြားဘာများ တတ်နိုင်ခဲ့မှာလဲ ကိုယ် ချစ်ခဲ့တာ ကိုယ်ကိုယ်တိုင် သိခဲ့သလို ကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာလဲ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် .. ကိုယ့်အနားရှိခဲ့တုန်းကလဲ အတတ်နိုင်ဆုံး ပျော်အောင် ထားခဲ့သလို ကိုယ့်အနား မနေချင်တော့ဘူးဆိုတဲ့အချိန်ကျရင်လဲ ကျန်ခဲ့ရတာပေါ့ …

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြောင်းသင့်လို့ပြန်ဆုံကြရင်တော့ … အလှဆုံးပြုံးပြနိုင်တဲ့ ကျွန်မ ပဲ ဖြစ်ပါစေ .. အနည်းဆုံး ကျွန်မ အဆင်ပြေပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အနိုင်လေး ယူပါရစေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီတစ္ခါျပန္ဆံုျဖစ္ခဲ့ရင္ အလွဆံုးျပံဳးျပနိုင္တဲ့သူက ကိုယ္ျဖစ္ပါေစ ။

မလိုခ်င္ပါပဲ ရလာတဲ့လမ္းခြဲေတြမွာ ကိုယ္ ျပိဳလဲခဲ့ဖူးတာေပါ့ … အရာရာမွာ ႏွလံုးသားနဲ႔ရင္းထားေတာ့ ေနရာတကာ ရင္နဲ႔အမွ် နာက်င္ရတာဟာ သဘာ၀ တဲ့ ။ ကိုယ္မမွားခဲ့ပါပဲ ကိုယ္ခံစားရတာေတြကို ဒီေန့ဒီအခ်ိန္မွာပဲ ရပ္တန့္လုိက္ခ်င္ျပီ ။ တစ္ေန့ ျပန္ဆံုျဖစ္ခဲ့ရင္ အလွဆံုးျပံဳးျပနုိင္တဲ့သူက ကိုယ္ျဖစ္ပါေစ ။

ကြ်န္မ ရိုးသားခဲ့ဖူးတယ္ …. သိပ္ခ်စ္တာကို သိပ္ခ်စ္တယ္လုိ့ ေျပာျပခဲ့ဖူးသလို သိပ္ကို ခ်စ္ျပခဲ့ဖူးတယ္ ။ လူတစ္ေယာက္ကို ခ်စ္တဲ့အခါ အဲ့ဒီလူရဲ႔ဆိုးျခင္းေကာင္းျခင္းေတြကို ခ်စ္တတ္ေပးရတယ္တဲ့ အဲ့ဒီစကားေတြကို တကယ္ၾကီး ယံုျပီး တကယ္ၾကီး လုိက္နာခဲ့ဖူးတဲ့ ရူးေပါေပါေကာင္မေလးေပါ့ … နားလည္မႈေတြ ေပးခဲ့ဖူးသလုိ ခဏခဏလဲ ခြင့္လႊတ္ခဲ့ဖူးပါတယ္ ။

တစ္ေန့က်ရင္ေတာ့ နားလည္လာမွာပါဆိုတဲ့ မေသခ်ာမႈၾကီးကို ေသေသခ်ာခ်ာ ဆုတ္ကိုိင္ထားျပီး မေရရာမႈေတြၾကားမွာ ကြ်န္မ ရူးခဲ့တာေလ … ေနာက္ဆံုးရလာဒ္ကေတာ့ ကိုယ္ေမွ်ာ္လင့္ထားသလို ေပ်ာ္ရႊင္စြာ ဇာတ္သိမ္းၾကေလသတည္းမဟုတ္ပဲ … မျဖစ္နုိင္တဲ့ ဇာတ္လမ္းကို ဒီမွာတင္ ဒီလို အဆံုးသတ္ၾကတာေပါ့ ဆုိတဲ့ မေပါင္းရျခင္းေတြဟာ ဇာတ္သိမ္းခန္းေပါ့ ။

လြယ္လုိက္တာလို့ … ေရရႊတ္ရံုက လြဲလုိ ့တျခားဘာမ်ား တတ္နိုင္ခဲ့မွာလဲ ကိုယ္ ခ်စ္ခဲ့တာ ကိုယ္ကိုုယ္တိုင္ သိခဲ့သလုိ ကိုယ္ဘယ္ေလာက္ခ်စ္ခဲ့သလဲဆုိတာလဲ ကိုယ္ကိုိယ္တိုင္ပဲ သိပါတယ္ .. ကိုယ့္အနားရွိခဲ့တုန္းကလဲ အတတ္နိုင္ဆံုး ေပ်ာ္ေအာင္ ထားခဲ့သလုိ ကိုယ့္အနား မေနခ်င္ေတာ့ဘူးဆိုတဲ့အခ်ိန္က်ရင္လဲ က်န္ခဲ့ရတာေပါ့ …

တစ္ေန့ေန့ တစ္ခ်ိန္ခ်ိန္မွာ အေၾကာင္းသင့္လို့ျပန္္ဆံုၾကရင္ေတာ့ … အလွဆံုးျပံဳးျပနုိင္တဲ့ ကြ်န္မ ပဲ ျဖစ္ပါေစ .. အနည္းဆံုး ကြ်န္မ အဆင္ေျပပါတယ္ဆုိတဲ့ ပံုစံမ်ိဳးနဲ႔ အနုိင္ေလး ယူပါရေစ ။

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း