ရေစက်တွေ ကုန်ပြီထင်ပါတယ် ….

ရေစက်တွေ ကုန်ပြီထင်ပါတယ် ….

တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့မျှော်လင့်ရင်းက တစ်ယောက်နဲ့ တစ်ယောက် ပြောစရာတွေ မဲ့နေတဲ့အထိ အေးစက်လာတဲ့ ဆက်ဆံရေးတွေကို ကြည့်ရင် တဖြေးဖြေးတွေ တွေးမိလာတယ် … ကျွန်မတို့တွေ တကယ်ပဲ ရေစက် ကုန်ပြီလားလို့… အရင်ကလို မပျော်ရွှင်ရတော့ဘူး အရင်ကလို မကြည်နူးမိတော့ဘူး တစ်ယောက်နဲ့တစ်ယောက် ဖောင်ဖွဲ့မပြောဖြစ်တော့ဘူးလေ ။

အရင်ကဆိုဆိုတဲ့ စကားနဲ့ပဲ စရတော့မယ်ထင်ပါတယ် .. တစ်ယောက်အနားမှာ တစ်ယောက်ရှိနေဖို့ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ဖို့ဆိုတဲ့ မျှော်လင့်ခြင်းတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင်းတောင် တစ်နေ့ဆိုတဲ့ အိပ်မက်တွေက ကျွန်မကို အိပ်မက်လှလှတွေ မက်စေတယ်လေ …

အခုတော့ … တစ်ယောက်အနားတစ်ယောက် မရောက်နိုင်တော့သလို ဆုံဖို့တွေ့ဖို့တွေကျပြန်တော့လဲ တံတိုင်းကြီးတွေ ခြားနေသလို တကယ်ကိုပဲ ခက်ခဲလွန်းလှတယ် .. တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးမှာ နေရင်းက သူ အရင်လို မဟုတ်တော့ဘူး ပြုံးနေပေမယ့် ကျွန်မအနားမှာ မပျော်တော့ဘူး … ခေါ်နေပေမယ့် ကျွန်မဆီ သူ မလာတော့ဘူး …

လမ်းတွေ လျှောက်နေပေမယ့်လဲ ကျွန်မတို့အတူဆိုတဲ့ ပန်းတိုင်တွေဆီမဟုတ်တော့ဘူး တစ်ခါတစ်လေမှာ အရင်က သူ့ကို ပြန်လိုချင်နေမိသလို တစ်ခါတစ်လေမှာ လက်ရှိဖြစ်နေတဲ့အရာတွေကို လက်ခံရဲတဲ့ သတ္တိတွေ ရှိချင်လာမိတယ် … နီးမလားလို့တွေးရင်းက တဖြေးဖြေး ဝေးသွားကြတာ …. တစ်ချိန်က သိပ်ချစ်ခဲ့ဖူးတယ် ဆိုတာ တကယ့်ကို ပုံပြင်လိုပါပဲ …

ရေစက်တွေဆိုတာ ပြောရခက်တယ် ရေစက်တွေ ကုန်သွားရင် တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ သိပ်ကို ခက်တယ်တဲ့ … ကျွန်မတို့ဘယ်လောက်ချစ်ခဲ့တာဆိုတဲ့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တာပဲ ကောင်းပါတယ် … ကျွန်မတို့ရဲ့ ဘယ်တော့မှ မဆုံနိုင်ခဲ့ခြင်းတွေကို ရေစက်ကုန်သွားတယ်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့ … ကိုယ့်ဘဝနဲ့ကိုယ် ပျော်အောင်နေပါကွယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေရစက္ေတြ ကုန္ျပီထင္ပါတယ္ ….

တစ္ေယာက္နဲ႔တစ္ေယာက္ ဆံုဖုိ့ေမွ်ာ္လင့္ရင္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ေျပာစရာေတြ မဲ့ေနတဲ့အထိ ေအးစက္လာတဲ့ ဆက္ဆံေရးေတြကိုု ၾကည့္ရင္ တေျဖးေျဖးေတြ ေတြးမိလာတယ္ … ကြ်န္မတို့ေတြ တကယ္ပဲ ေရစက္ ကုန္ျပီလားလုိ ့… အရင္ကလို မေပ်ာ္ရႊင္ရေတာ့ဘူး အရင္ကလို မၾကည္နူးမိေတာ့ဘူး တစ္ေယာက္နဲ႔တစ္ေယာက္ ေဖာင္ဖြဲ့မေျပာျဖစ္ေတာ့ဘူးေလ ။

အရင္ကဆိုဆိုတဲ့ စကားနဲ႔ပဲ စရေတာ့မယ္ထင္ပါတယ္ .. တစ္ေယာက္အနားမွာ တစ္ေယာက္ရွိေနဖို့ တစ္ေယာက္နဲ႔ တစ္ေယာက္ နီိးစပ္ဖုိ့ဆိုတဲ့ ေမွ်ာ္လင့္ျခင္းေတြနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ေ၀းေနရင္းေတာင္ တစ္ေန့ဆိုတဲ့ အိပ္မက္ေတြက ကြ်န္မကို အိပ္မက္လွလွေတြ မက္ေစတယ္ေလ …

အခုေတာ့ … တစ္ေယာက္အနားတစ္ေယာက္ မေရာက္နိုိင္ေတာ့သလုိ ဆံုဖို့ေတြ့ဖို့ေတြက်ျပန္ေတာ့လဲ တံတိုင္းၾကီးေတြ ျခားေနသလို တကယ္ကိုပဲ ခက္ခဲလြန္းလွတယ္ .. တစ္ေယာက္နဲ႔တစ္ေယာက္ အေ၀းၾကီးမွာ ေနရင္းက သူ အရင္လို မဟုတ္ေတာ့ဘူး ျပံဳးေနေပမယ့္ ကြ်န္မအနားမွာ မေပ်ာ္ေတာ့ဘူး … ေခၚေနေပမယ့္ ကြ်န္မဆီ သူ မလာေတာ့ဘူး …

လမ္းေတြ ေလွ်ာက္ေနေပမယ့္လဲ ကြ်န္မတို့အတူဆုိတဲ့ ပန္းတိုင္ေတြဆီမဟုတ္ေတာ့ဘူး တစ္ခါတစ္ေလမွာ အရင္က သူ့ကို ျပန္္လိုခ်င္ေနမိသလို တစ္ခါတစ္ေလမွာ လက္ရွိျဖစ္ေနတဲ့အရာေတြကို လက္ခံရဲတဲ့ သတၱိေတြ ရွိခ်င္လာမိတယ္ … နီးမလားလို့ေတြးရင္းက တေျဖးေျဖး ေ၀းသြားၾကတာ …. တစ္ခ်ိန္္က သိပ္ခ်စ္ခဲ့ဖူးတယ္ ဆိုတာ တကယ့္ကို ပံုျပင္လုိပါပဲ …

ေရစက္ေတြဆုိတာ ေျပာရခက္တယ္ ေရစက္ေတြ ကုန္္သြားရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆံုဖို့ သိပ္ကို ခက္တယ္တဲ့ … ကြ်န္မတို ့ဘယ္ေလာက္ခ်စ္ခဲ့တာဆုိတဲ့ အတိတ္ကို အတိတ္မွာပဲ ထားခဲ့လုိက္တာပဲ ေကာင္းပါတယ္ … ကြ်န္မတို့ရဲ႔ ဘယ္ေတာ့မွ မဆံုနုိင္ခဲ့ျခင္းေတြကို ေရစက္ကုန္သြားတယ္လုိ့ပဲ သတ္မွတ္လိုက္ၾကတာေပါ့ … ကုိယ့္ဘ၀နဲ႔ကုိယ္ ေပ်ာ္ေအာင္ေနပါကြယ္ ။

မိန္းမသားတုိ့အတြက္
သ်ွင္ယြန္း