မင်း အသက်ရှင်နေတယ်ဆိုတာ သိပြီပဲ ငါရှင်သန်ဖို့ လုံလောက်ပါပြီ …

မင်း အသက်ရှင်နေတယ်ဆိုတာ သိပြီပဲ ငါရှင်သန်ဖို့ လုံလောက်ပါပြီ …

အမြဲတမ်းခေါ်ချင်နေတဲ့ ဖုန်းနံပါတ်လေးတစ်ခုကို အချိန်တွေ အကြာကြီးနေမှ ခေါ်ဖြစ်တယ် ကိုယ့်ကို မသိနိုင်မယ့် ဖုန်းလေးတစ်လုံးနဲ့ပေါ့ ဟယ်လိုတဲ့… မင်းအသံလေးကြားလိုက်ရတယ် ဒီလောက်ဆို လုံလောက်ပြီပေါ့ ဟယ်လိုဆိုတဲ့အသံလေးက မင်းကောင်းကောင်းမွန်မွန်ရှင်သန်နေတယ်ဆိုတဲ့အကြောင်း သိခဲ့ရပြီပဲ အဲ့ဒီတစ်လုံးနဲ့တင် အသက်ဆက်ရှင်ဖို့ လုံလောက်ပါတယ် ။

အရင်ကလို အရမ်းလွမ်းတာပဲဆိုပြီး မကြားချင်တဲ့ စကားတွေ အများကြီးပြောပြီး မနှောင့်ယှက်ဖြစ်တော့တာကလွဲရင် အချိန်ရှိသမျှ မင်းကို လွမ်းပါတယ် … အနားရတဲ့အချိန်လေး တစ်စက္ကန့်လေးမှာတောင် မင်းအကြောင်းကို တွေးဖြစ်တယ် …

မင်းအကောင့်လေး မီးမစိမ်းတော့ရင် ကိုယ့်မှာ စိတ်ပူရတယ် မင်းအကောင့်လေး မီးစိမ်းနေရင် ဘယ်သူနဲ့ပဲ ပျော်နေပျော်နေပါ ကိုယ့်မှာ ငေးကြည့်ရင်းက မင်း ရှင်သန်နေတာပဲဆိုပြီး ဖြေသိမ့်ရတယ် … မလိုမှန်းသိနေရဲ့နဲ့ ရပ်နေမိရုံလေးပါ .. ပျော်နေမှန်းသိရဲ့နဲ့တော့ မနှောင့်ယှက်ချင်တော့ပါဘူး ဘာကြောင့်လဲလို့ မေးရင် သိပ်ချစ်လို့ဆိုပြီး ဖြေရုံက လွဲလို့ တခြားအဖြေတွေ မတွေ့ခဲ့ဘူး …

တကယ်ကို သိပ်ချစ်ခဲ့တာပါ … ချစ်လွန်းတော့လဲ စွန့်လွတ်ရဲရတာပေါ့ … အတိတ်ကို ပြန်လှမ်းကြည့်ပြီး အရင်တုန်းက မင်းကို ပြန်လိုချင်နေလို့မှ မရပဲလေ … သူကိုယ်တိုင်က မလိုအပ်တော့ပါဘူးဆိုတဲ့ စကားကို အကြိမ်ကြိမ် သုံးခဲ့ပြီးပြီပဲ ဘေးထွက်ထိုင်ရင် ကိုယ်နဲ့ဆိုင်ခဲ့ဖူးပါလားဆိုတဲ့ အသိနဲ့ငေးကြည့်ရုံပဲပေါ့ …

ဖုန်းတွေဆက်ချင်ပေမယ့်လဲ ကိုယ့်ဖုန်းမှန်းသိတဲ့အခါ မကိုင်မှန်းသိလို့အမည်မသိတဲ့ ဖုန်းတွေနဲ့ခေါ်ရတယ် ကိုယ်ဆက်သွယ်မှန်းသိတဲ့အခါ ပြောင်းပစ်မှာ စိုးလို့ အသံမထွက်ပဲ ခိုးနားထောင်ရတယ် ရပါတယ် ဟယ်လိုဆိုတဲ့ အသံလေးက မင်းရှင်သန်နေတယ်ဆိုတဲ့ လုံလောက်တဲ့ သက်သေပဲလေ … အဆင်ပြေလားလို့တောင် မေးခွင့်မရှိတော့တဲ့ ဘဝမှာ ရှင်သန်နေတယ်ဆိုရုံနဲ့ အသက်ဆက်ရှင်ဖို့ လုံလောက်ရမှာပေါ့ ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

မင္း အသက္ရွင္ေနတယ္ဆိုတာ သိျပီပဲ ငါရွင္သန္ဖို့ လံုေလာက္ပါျပီ …

အျမဲတမ္းေခၚခ်င္ေနတဲ့ ဖုန္းနံပါတ္ေလးတစ္ခုကို အခ်ိန္ေတြ အၾကာၾကီးေနမွ ေခၚျဖစ္တယ္ ကိုယ့္ကို မသိနိုင္မယ့္ ဖုန္းေလးတစ္လံုးနဲ႔ေပါ့ ဟယ္လိုတဲ့… မင္းအသံေလးၾကားလုိက္ရတယ္ ဒီေလာက္ဆုိ လံုေလာက္ျပီေပါ့ ဟယ္လုိဆိုတဲ့အသံေလးက မင္းေကာင္းေကာင္းမြန္မြန္ရွင္သန္ေနတယ္ဆိုတဲ့အေၾကာင္း သိခဲ့ရျပီပဲ အဲ့ဒီတစ္လံုးနဲ့တင္ အသက္ဆက္ရွင္ဖို့ လံုေလာက္ပါတယ္ ။

အရင္ကလို အရမ္းလြမ္းတာပဲဆုိျပီး မၾကားခ်င္တဲ့ စကားေတြ အမ်ားၾကီးေျပာျပီး မေႏွာင့္ယွက္ျဖစ္ေတာ့တာကလြဲရင္ အခ်ိန္္ရွိသမွ် မင္းကို လြမ္းပါတယ္ … အနားရတဲ့အခ်ိန္္ေလး တစ္စကၠန့္ေလးမွာေတာင္ မင္းအေၾကာင္းကို ေတြးျဖစ္တယ္ …

မင္းအေကာင့္ေလး မီးမစိမ္းေတာ့ရင္ ကိုယ့္မွာ စိတ္ပူရတယ္ မင္းအေကာင့္ေလး မီးစိမ္းေနရင္ ဘယ္သူနဲ့ပဲ ေပ်ာ္ေနေပ်ာ္ေနပါ ကိုယ့္မွာ ေငးၾကည့္ရင္းက မင္း ရွင္သန္ေနတာပဲဆုိျပီး ေျဖသိမ့္ရတယ္ … မလုိမွန္းသိေနရဲ႔နဲ႔ ရပ္ေနမိရံုေလးပါ .. ေပ်ာ္ေနမွန္းသိရဲ႔နဲ႔ေတာ့ မေနွာင့္ယွက္ခ်င္ေတာ့ပါဘူး ဘာေၾကာင့္လဲလုိ့ ေမးရင္ သိပ္ခ်စ္လုိ့ဆိုျပီး ေျဖရံုက လြဲလို့ တျခားအေျဖေတြ မေတြ့ခဲ့ဘူး …

တကယ္ကို သိပ္ခ်စ္ခဲ့တာပါ … ခ်စ္လြန္းေတာ့လဲ စြန့္လြတ္ရဲရတာေပါ့ … အတိတ္ကိုိ ျပန္လွမ္းၾကည့္ျပီး အရင္တုန္းက မင္းကို ျပန္လိုခ်င္ေနလုိ့မွ မရပဲေလ … သူကိုယ္တိုင္က မလိုအပ္ေတာ့ပါဘူးဆိုတဲ့ စကားကို အၾကိမ္ၾကိမ္ သံုးခဲ့ျပီးျပီပဲ ေဘးထြက္ထိုင္ရင္ ကိုယ္နဲ႔ဆုိင္ခဲ့ဖူးပါလားဆိုတဲ့ အသိနဲ့ေငးၾကည့္ရံုပဲေပါ့ …

ဖုန္းေတြဆက္ခ်င္ေပမယ့္လဲ ကိုယ့္ဖုန္္းမွန္းသိတဲ့အခါ မကိုင္မွန္းသိလို ့အမည္မသိတဲ့ ဖုန္းေတြနဲ႔ေခၚရတယ္ ကိုယ္ဆက္သြယ္မွန္းသိတဲ့အခါ ေျပာင္းပစ္မွာ စိုးလုို့ အသံမထြက္ပဲ ခုိးနားေထာင္ရတယ္ ရပါတယ္ ဟယ္လုိဆုိိတဲ့ အသံေလးက မင္းရွင္သန္ေနတယ္ဆိုတဲ့ လံုေလာက္တဲ့ သက္ေသပဲေလ … အဆင္ေျပလားလုိ့ေတာင္္ ေမးခြင့္မရွိေတာ့တဲ့ ဘ၀မွာ ရွင္သန္ေနတယ္ဆိုရံုနဲ့ အသက္ဆက္ရွင္ဖုိ့ လံုေလာက္ရမွာေပါ့ ….

မိန္းမသားတို့အတြက္
သွ်င္ယြန္း