လွယ်လွယ်လေး ချစ်ခဲ့တာ မဟုတ်တော့ လွယ်လွယ်လေး မေ့ဖို့ခက်တယ် ….

လွယ်လွယ်လေး ချစ်ခဲ့တာ မဟုတ်တော့ လွယ်လွယ်လေး မေ့ဖို့ခက်တယ် ….

နေရာတကာမှာ ရင်ဘတ်ကြီးနဲ့ ရင်းတတ်တော့ နေရာတကာမှာ ကိုယ်က အစွဲအလမ်းကြီးတတ်တယ် … လူတစ်ယောက်ကို ချစ်မိဖို့လဲ သိပ်ခက်သလို ချစ်ပြီးသွားရင်လဲ မုန်းလိုက်ဖို့သိပ်ခက်တယ် နာစရာတွေပေးရင်တောင် သူ့ကို ငါကြင်နာနေတာပဲလေ အချစ်ဆိုတာ အမြဲတမ်း ချိုမြိန်တာမှ မဟုတ်တာဆိုတဲ့ အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကိုဖြေတယ် ….

ချစ်ခဲ့ပြီးပြီပဲ မဖြစ်နိုင်တဲ့အဆုံးမှာ မေ့ပစ်လိုက်တော့ တဲ့ လွယ်လွယ်လေး ချစ်ခဲ့တာမှ မဟုတ်ပဲလေ … အချိန်က ကုစားသွားမှာပါဆိုတဲ့ စကားတွေကို တကယ်ထင်ခဲ့ဖူးတယ် ဒါပေမယ့် အချိန်တွေ ကြာလာတာပါ ဒဏ်ရာဟာ နာတာပါပဲ ပြီးတော့ ချစ်တဲ့စိတ်ကလဲ ချစ်နေတာပါပဲ … မေ့မရတဲ့ စိတ်တွေဟာလဲ အရင်ကလိုပါပဲ သတိရပါတယ် ။

သူနဲ့ စချစ်ခဲ့တုန်းက ကိုယ့်ကိုပဲ အဆုံးထိချစ်လိမ့်မယ်ဆိုပြီး ယုံကြည်ခဲ့ဖူးတယ်လေ … ကိုယ့်အချစ်တွေက စစ်မှန်ခဲ့တာပဲ သူ့အချစ်တွေကလဲ ဖြူမယ်ထင်ခဲ့တာပေါ့ အဲ့လောက် မတုံးအသင့်ဘူးဆိုတာ အရင်တုန်းက စာမတတ်ခဲ့တော့ မသိခဲ့ဘူးလေ … တစ်သက်စာဆိုပြီး ပေးခဲ့ဖူးတဲ့ကတိတွေကို တကယ်အဟုတ်ကြီး မှတ်နေမိတဲ့ကိုယ်က ရူးတာပေါ့ ….

လူတချို့လို ရင်ဘတ်ထဲက မပါပဲ ချစ်တယ်ဆိုပြီး လွယ်လွယ်လေးပြောတတ်ခဲ့တာ မဟုတ်တော့ မဖြစ်နိုင်လို့ပါ မချစ်နိုင်လို့ပါဆိုပြီး ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတွေမှာ ကျန်ရစ်ခဲ့တုန်းက ကျန်ရစ်ခဲ့ပြီးသလို မေ့လိုက်ဖို့ကျတော့ ကိုယ်ထင်သလောက် မလွယ်ခဲ့ဘူးလေ … လူတစ်ယောက်ကို မုန်းလိုက်ဖို့လွယ်ပေမယ့်လဲ တကယ်မေ့လိုက်ဖို့ကျတော့ ခက်ခဲတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လြယ္လြယ္ေလး ခ်စ္ခဲ့တာ မဟုတ္ေတာ့ လြယ္လြယ္ေလး ေမ့ဖို့ခက္တယ္ ….

ေနရာတကာမွာ ရင္ဘတ္ၾကီးနဲ႔ ရင္းတတ္ေတာ့ ေနရာတကာမွာ ကိုယ္က အစြဲအလမ္းၾကီးတတ္တယ္ … လူတစ္ေယာက္ကို ခ်စ္မိဖို့လဲ သိပ္ခက္သလို ခ်စ္ျပီိးသြားရင္လဲ မုန္းလိုက္ဖို့သိပ္ခက္တယ္ နာစရာေတြေပးရင္ေတာင္ သူ့ကို ငါၾကင္နာေနတာပဲေလ အခ်စ္ဆုိတာ အျမဲတမ္း ခ်ိဳျမိန္တာမွ မဟုတ္တာဆုိတဲ့ အေတြးနဲ႔ပဲ ကိုယ့္ကိုယ္ကိုေျဖတယ္ ….

ခ်စ္ခဲ့ျပီးျပီပဲ မျဖစ္နုိင္တဲ့အဆံုးမွာ ေမ့ပစ္လုိက္ေတာ့ တဲ့ လြယ္လြယ္ေလး ခ်စ္ခဲ့တာမွ မဟုတ္ပဲေလ … အခ်ိန္က ကုစားသြားမွာပါဆုိတဲ့ စကားေတြကို တကယ္ထင္ခဲ့ဖူးတယ္ ဒါေပမယ့္ အခ်ိန္ေတြ ၾကာလာတာပါ ဒဏ္ရာဟာ နာတာပါပဲ ျပီးေတာ့ ခ်စ္တဲ့စိတ္ကလဲ ခ်စ္ေနတာပါပဲ … ေမ့မရတဲ့ စိတ္ေတြဟာလဲ အရင္ကလုိပါပဲ သတိရပါတယ္ ။

သူနဲ႔ စခ်စ္ခဲ့တုန္းက ကိုယ့္ကိုပဲ အဆံုးထိခ်စ္လိမ့္မယ္ဆိုျပီး ယံုၾကည္ခဲ့ဖူးတယ္ေလ … ကိုယ့္အခ်စ္ေတြက စစ္မွန္ခဲ့တာပဲ သူ့အခ်စ္ေတြကလဲ ျဖဴမယ္ထင္ခဲ့တာေပါ့ အဲ့ေလာက္ မတံုးအသင့္ဘူးဆုိတာ အရင္တုန္းက စာမတတ္ခဲ့ေတာ့ မသိခဲ့ဘူးေလ … တစ္သက္စာဆိုျပီး ေပးခဲ့ဖူးတဲ့ကတိေတြကို တကယ္အဟုတ္ၾကီး မွတ္ေနမိတဲ့ကိုုယ္က ရူးတာေပါ့ ….

လူတခ်ိဳ႔လို ရင္ဘတ္ထဲက မပါပဲ ခ်စ္တယ္ဆိုျပီး လြယ္လြယ္ေလးေျပာတတ္ခဲ့တာ မဟုတ္ေတာ့ မျဖစ္နုိင္လို့ပါ မခ်စ္နုိင္လို့ပါဆုိိျပီး ျပီးဆံုးသြားတဲ့ ဇာတ္လမ္းေတြမွာ က်န္ရစ္ခဲ့တုန္းက က်န္ရစ္ခဲ့ျပီးသလို ေမ့လိုက္ဖို့က်ေတာ့ ကိုယ္ထင္သေလာက္ မလြယ္ခဲ့ဘူးေလ … လူတစ္ေယာက္ကို မုန္းလုိက္ဖို့လြယ္ေပမယ့္လဲ တကယ္ေမ့လုိက္ဖို့က်ေတာ့ ခက္ခဲတယ္ ။

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း