သူ့အချစ်တွေက ဖြူမှ မဖြူစင်ခဲ့တာ ဝေးရတယ်ဆိုတာ ဆန်းတာတော့ မဆန်းပါဘူး …

သူ့အချစ်တွေက ဖြူမှ မဖြူစင်ခဲ့တာ ဝေးရတယ်ဆိုတာ ဆန်းတာတော့ မဆန်းပါဘူး …

မျက်နှာဖုံးတွေသုံးပြီး ချစ်ယောင်ဆောင်ခဲ့တာကို တကယ်ချစ်တယ်အထင်နဲ့ မျှော်လင့်နေမိတဲ့သူကပဲ မှားတာပါတဲ့ … အချိန်တွေကြာလာလို့ အရင်လို မဟုတ်တော့တဲ့အခါ ပြောင်းလဲသွားလိုက်တာလို့ပဲ သတ်မှတ်ခဲ့မိတယ် တကယ်တမ်းကျတော့ အရင်ကတည်းကနေ မချစ်ခဲ့တာပါ ။ ခုတော့ ဆက်ပြီး ဟန်ဆောင်မနေနိုင်တော့တာလေ ။

အစကတည်းက မဖြူစင်ခဲ့မှတော့ ခရီးတွေ အဆုံးထိမရောက်ခဲ့တာ ဆန်းတာတော့ မဆန်းပါဘူးလေ ကိုယ့်ဘက်က စစ်မှန်ခဲ့ရင် အစစ်အမှန်တွေပဲ ပြန်ရလာလိမ့်မယ်ဆိုတဲ့ တုံ့ပြန်မှုတွေကိုလဲ မယုံတော့ပါဘူး အရင်ကတော့ တစ်နေ့ကျရင်တော့ ပြန်ရလာမှာဆိုတဲ့ စိတ်နဲ့ မျှော်ဖြစ်သေးတယ် အခုတော့ ကိုယ်စစ်မှန်ရဲ့နဲ့ တစ်ဖက်က မဖြူစင်တဲ့အခါ ဒီလူနဲ့ ဝဋ်ကြွေးဆုံလို့ ကြုံရတယ်လို့ပဲ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်တယ် …

ချစ်တယ်ဆိုတဲ့စကားတွေဟာ အရင်ကတော့ သိပ်ကို ကြည်နူးစရာကောင်းတယ် ဒါပေမယ့် ခုတော့ ရင်ထဲကမပါမှန်းသိတော့ ကျေနပ်စရာမကောင်းတော့ဘူး … တကယ်မဟုတ်မှန်းသိသိနဲ့ နားထောင်လို့ကောင်းတာဆိုလို့ အဖွားပြောတဲ့ ပုံပြင်တွေပဲရှိတာလေ … အချစ်ဆိုတဲ့အရာမှာ အလိမ်အညာတွေပါလာရင် အဆင်မပြေတော့ဘူး ။

တစ်သက်လုံး ဒီလက်နဲ့ မြဲချင်တယ်လို့တော့ တွေးခဲ့တာပဲ … ဒီတစ်ယောက်တည်းကိုပဲ ပုံချစ်မယ်လို့လဲ ရည်ရွယ်ခဲ့တာပါပဲ … ဒါပေမယ့် သူ့အချစ်က အလိမ်အညာသိပ်များလွန်းတယ် သကာစမ်းထားတဲ့ စကားတွေကြားမှာ ကိုယ်လဲ အချိန်အကြာကြီး ရူးခဲ့ဖူးပြီပဲလေ .. နောက်ဆုံးကတော့ … ကိုယ်မျှော်လင့်ထားသလို ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတာနဲ့ အဆုံးမသတ်ခဲ့ပါဘူး ။

အစကတည်းကမှ မဖြူစင်ခဲ့တာ အဆုံးသတ်တွေ မကောင်းတာတော့ ဆန်းတာတော့ မဆန်းပါဘူးလေ …. ဒါပေမယ့် အဲ့လို လိမ်ညာခဲ့တဲ့သူကို မေ့မရသေးတာတော့ သိပ်ကို ဆန်းတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူ့အခ်စ္ေတြက ျဖဴမွ မျဖဴစင္ခဲ့တာ ေ၀းရတယ္ဆိုတာ ဆန္းတာေတာ့ မဆန္းပါဘူး …

မ်က္နွာဖံုးေတြသံုးျပီး ခ်စ္ေယာင္ေဆာင္ခဲ့တာကို တကယ္ခ်စ္တယ္အထင္နဲ႔ ေမွ်ာ္လင့္ေနမိတဲ့သူကပဲ မွားတာပါတဲ့ … အခ်ိန္ေတြၾကာလာလုိ့ အရင္လုိ မဟုတ္ေတာ့တဲ့အခါ ေျပာင္းလဲသြားလုိ္က္တာလုိ့ပဲ သတ္မွတ္ခဲ့မိတယ္ တကယ္တမ္းက်ေတာ့ အရင္ကတည္းကေန မခ်စ္ခဲ့တာပါ ။ ခုေတာ့ ဆက္ျပီး ဟန္ေဆာင္မေနနိုင္ေတာ့တာေလ ။

အစကတည္းက မျဖဴစင္ခဲ့မွေတာ့ ခရီးေတြ အဆံုးထိမေရာက္ခဲ့တာ ဆန္းတာေတာ့ မဆန္းပါဘူးေလ ကိုယ့္ဘက္က စစ္မွန္ခဲ့ရင္ အစစ္အမွန္ေတြပဲ ျပန္ရလာလိမ့္မယ္ဆိုတဲ့ တံု့ျပန္မႈေတြကိုလဲ မယံုေတာ့ပါဘူး အရင္ကေတာ့ တစ္ေန့က်ရင္ေတာ့ ျပန္ရလာမွာဆိုတဲ့ စိတ္နဲ႔ ေမွ်ာ္ျဖစ္ေသးတယ္ အခုေတာ့ ကိုယ္စစ္မွန္ရဲ႔နဲ႔ တစ္ဖက္က မျဖဴစင္တဲ့အခါ ဒီလူနဲ႔ ၀ဋ္ေၾကြးဆံုလို့ ၾကံဳရတယ္လုိ့ပဲ ကိုုယ့္ကိုယ္ကို ေျဖသိမ့္လုိက္တယ္ …

ခ်စ္တယ္ဆိုတဲ့စကားေတြဟာ အရင္ကေတာ့ သိပ္ကို ၾကည္နူးစရာေကာင္းတယ္ ဒါေပမယ့္ ခုေတာ့ ရင္ထဲကမပါမွန္းသိေတာ့ ေက်နပ္စရာမေကာင္းေတာ့ဘူး … တကယ္မဟုတ္မွန္းသိသိနဲ႔ နားေထာင္လို့ေကာင္းတာဆိုလို့ အဖြားေျပာတဲ့ ပံုျပင္ေတြပဲရွိတာေလ … အခ်စ္ဆုိတဲ့အရာမွာ အလိမ္အညာေတြပါလာရင္ အဆင္မေျပေတာ့ဘူး ။

တစ္သက္လံုး ဒီလက္နဲ႔ ျမဲခ်င္တယ္လို့ေတာ့ ေတြးခဲ့တာပဲ … ဒီတစ္ေယာက္တည္းကိုပဲ ပံုခ်စ္မယ္လုိ့လဲ ရည္ရြယ္ခဲ့တာပါပဲ … ဒါေပမယ့္ သူ့အခ်စ္က အလိမ္အညာသိပ္မ်ားလြန္းတယ္ သကာစမ္းထားတဲ့ စကားေတြၾကားမွာ ကိုယ္လဲ အခ်ိန္အၾကာၾကီး ရူးခဲ့ဖူးျပီပဲေလ .. ေနာက္ဆံုးကေတာ့ … ကိုယ္ေမွ်ာ္လင့္ထားသလုိ ေပ်ာ္ရႊင္စြာ ေပါင္းဖက္ၾကေလသတည္းဆိုတာနဲ႔ အဆံုးမသတ္ခဲ့ပါဘူး ။

အစကတည္းကမွ မျဖဴစင္ခဲ့တာ အဆံုးသတ္ေတြ မေကာင္းတာေတာ့ ဆန္းတာေတာ့ မဆန္းပါဘူးေလ …. ဒါေပမယ့္ အဲ့လုိ လိမ္ညာခဲ့တဲ့သူကို ေမ့မရေသးတာေတာ့ သိပ္ကို ဆန္းတယ္ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00