တစ်ယောက်ကို တစ်ယောက်မှ မလိုအပ်တော့ရင် တစ်ယောက်နားတစ်ယောက်ရှိနေလဲ အပိုပါပဲ ။

တစ်ယောက်ကို တစ်ယောက်မှ မလိုအပ်တော့ရင် တစ်ယောက်နားတစ်ယောက်ရှိနေလဲ အပိုပါပဲ ။

သူ့ကို ကိုယ်က လိုအပ်တယ်ဆိုပေမယ့်လို့ သူက ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့အခါ ရပ်နေတဲ့သူက အရူးသာသာပါပဲ ။ နာကျင်မှုတွေ ထပ်ပြီးတိုးလာတာကလွဲလို့မျက်ရည်တွေ ခမ်းသွားတာကလွဲလို့ တခြားဘာများ မျှော်လင့်ထားသေးတာလဲ တန်ဖိုးထားလာမယ့် တစ်နေ့ကိုလား ဒါမှမဟုတ်ကိုယ် အရေးပါလာမယ့်တစ်နေ့ကိုလား ။

ဖြစ်လာနိုင်ပါတယ် ဒါပေမယ့် သူ့အနားရပ်နေတဲ့ ကာလတစ်လျှောက်လုံးမှာတော့ ကိုယ့်တန်ဖိုးကို သိလာမယ်မထင်ဘူး … ကိုယ် သူ့အနားမရှိတော့တဲ့ တစ်နေ့မှသာ ကိုယ့်တန်ဖိုးတွေ သိလာမှာပါ … တစ်ယောက်က ကိုယ့်ကို မလိုတော့မှန်းသိရင် အချိန်တွေ အကြာကြီး မဖြုန်းမိစေနဲ့တော့ သူ့မျက်လုံးမှာ မင်းကို ဘယ်လိုမြင်နေသလဲဆိုတာ သိပ်ကို အရေးကြီးတယ်

အဲ့ဒီအတိုင်း စိတ်ထဲမှာ စွဲသွားရင် မင်းဘယ်လောက်ပဲ ကောင်းအောင်နေနေပါ သူ့အတွက်ကောင်းနေတယ်လို့ ဘယ်တော့မှ မြင်မှာ မဟုတ်တော့ဘူး … မင်းဘယ်လောက်ပဲ လုပ်ပေး လုပ်ပေး အကောင်းလို့ ထင်မှာမဟုတ်တော့ဘူး … လူတစ်ယောက်ရဲ့ စိတ်ထဲမှာ မင်းကို အပိုလို့ ထင်သွားရင် ရပ်နေလဲ ဘာတန်ဖိုးမှ ရှိတော့မှာ မဟုတ်ဘူး ….

လိုအပ်လာတဲ့အချိန် သတိရမယ် မလိုတော့အချိန် ချောင်ထိုးထားလိမ့်မယ် လိုသုံးတွေလိုတောင် လိုတဲ့အချိန်တိုင်း သုံးမှာ မဟုတ်ပဲ တခြားသူမရှိမှသာ ကိုယ့်ကို သတိရတာမျိုးပေါ့ …. တစ်ယောက်ကို တစ်ယောက်မှ မလိုအပ်တော့ရင် တစ်ယောက်နားတစ်ယောက် ရပ်နေလဲ အပိုပါပဲ … ဒဏ်ရာတွေ ပိုလာတာရှိမယ် ဝဋ်ကြွေးတွေ ပိုလာတာရှိမယ် … တန်ဖိုးတွေတော့ ကျပြီးရင် ကျတာပါပဲ ။

သျှင်ယွန်း

တစ္ေယာက္ကို တစ္ေယာက္မွ မလုိအပ္ေတာ့ရင္ တစ္ေယာက္နားတစ္ေယာက္ရွိေနလဲ အပိုိပါပဲ ။

သူ့ကို ကိုယ္က လိုအပ္တယ္ဆုိေပမယ့္လို့ သူက ကိုယ့္ကို မလုိအပ္ေတာ့ဘူးဆိုတဲ့အခါ ရပ္ေနတဲ့သူက အရူးသာသာပါပဲ ။ နာက်င္မႈေတြ ထပ္ျပီးတုိးလာတာကလဲြလုိ ့မ်က္ရည္ေတြ ခမ္းသြားတာကလြဲလို့ တျခားဘာမ်ား ေမွ်ာ္လင့္ထားေသးတာလဲ တန္ဖိုးထားလာမယ့္ တစ္ေန့ကိုလား ဒါမွမဟုတ္ကုိယ္ အေရးပါလာမယ့္တစ္ေန့ကိုလား ။

ျဖစ္လာနိုင္ပါတယ္ ဒါေပမယ့္ သူ့အနားရပ္ေနတဲ့ ကာလတစ္ေလွ်ာက္လံုးမွာေတာ့ ကိုိယ့္တန္္ဖိုးကို သိလာမယ္မထင္ဘူး … ကိုယ္ သူ့အနားမရွိေတာ့တဲ့ တစ္ေန့မွသာ ကုိယ့္တန္ဖိုးေတြ သိလာမွာပါ … တစ္ေယာက္က ကိုယ့္ကို မလိုေတာ့မွန္းသိရင္ အခ်ိန္ေတြ အၾကာၾကီး မျဖဳန္းမိေစနဲ႔ေတာ့ သူ့မ်က္လံုးမွာ မင္းကို ဘယ္လိုျမင္ေနသလဲဆုိတာ သိပ္ကို အေရးၾကီးတယ္

အဲ့ဒီအတိုင္း စိတ္ထဲမွာ စြဲသြားရင္ မင္းဘယ္ေလာက္ပဲ ေကာင္းေအာင္ေနေနပါ သူ့အတြက္ေကာင္းေနတယ္လုိ့ ဘယ္ေတာ့မွ ျမင္မွာ မဟုတ္ေတာ့ဘူး … မင္းဘယ္ေလာက္ပဲ လုပ္ေပး လုပ္ေပး အေကာင္းလို့ ထင္မွာမဟုတ္ေတာ့ဘူး … လူတစ္ေယာက္ရဲ႔ စိတ္ထဲမွာ မင္းကို အပုိလို့ ထင္သြားရင္ ရပ္ေနလဲ ဘာတန္ဖုိးမွ ရိိွေတာ့မွာ မဟုတ္ဘူး ….

လိုအပ္လာတဲ့အခ်ိန္ သတိရမယ္ မလုိိေတာ့အခ်ိန္ ေခ်ာင္ထိုးထားလိမ့္မယ္ လိုသံုးေတြလုိေတာင္ လိုတဲ့အခ်ိန္တိုင္း သံုးမွာ မဟုတ္ပဲ တျခားသူမရွိမွသာ ကုိယ့္ကို သတိရတာမ်ိဳးေပါ့ …. တစ္ေယာက္ကို တစ္ေယာက္မွ မလိုအပ္ေတာ့ရင္ တစ္ေယာက္နားတစ္ေယာက္ ရပ္ေနလဲ အပိုပါပဲ … ဒဏ္ရာေတြ ပိုလာတာရွိမယ္ ၀ဋ္ေၾကြးေတြ ပိုုလာတာရွိမယ္ … တန္ဖိုးေတြေတာ့ က်ျပီးရင္ က်တာပါပဲ ။

သွ်င္ယြန္း