လက်တွေ့တွေမှာ ကိုယ်က ချစ်နေရုံနဲ့မဖြစ်တာတွေ အများကြီးပဲ …

လက်တွေ့တွေမှာ ကိုယ်က ချစ်နေရုံနဲ့မဖြစ်တာတွေ အများကြီးပဲ …

တစ်ခါတစ်လေမှာ သူဂရုမစိုက်ပေမယ့်လဲ ကိုယ် ချစ်နေရရုံနဲ့ ဖြစ်တယ်ဆိုပြီး တစ်ဇွတ်ထိုး ဆန်ချင်ခဲ့ဖူးတယ် သူက မချစ်ပေမယ့်လဲ ကိုယ်က သူ့အနားရှိနေရရုံနဲ့တင် လုံလောက်ပါတယ်ဆိုပြီး ဘဝကို မေ့ပြီး အချစ်ကို ကိုးကွယ်ချင်ခဲ့ဖူးတယ် တကယ့်လက်တွေ့တွေမှာတော့ အဲ့လို မလွယ်ဘူးလေ …

ဂရုမစိုက်ခံရခြင်းမှာတောင် ဘယ်လောက် ဂရုမစိုက်ခံရတာလဲဆိုတဲ့ပေါ်မှာ မူတည်ပြီး နာကျင်မှုတွေဟာ မတူညီတော့ဘူး … နဲနဲလေးတောင် ဂရုမစိုက်ခြင်းမခံရပဲ အဲ့ဒီလူအနားမှာ ဘယ်လောက်ရပ်နေနိုင်မလဲ တစ်နှစ်လား နှစ်နှစ်လား သုံးနှစ်လား တစ်သက်လုံးတော့ မဖြစ်နိုင်တာသေချာပါတယ် … ချောင်လေးမှာ ကပ်ငိုရတာကို မုန်းလာတဲ့အခါ မုန်းအောင်လုပ်နေတဲ့ ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ လူကိုတောင် မုန်းမိသွားလိမ့်မယ် …

တစ်ခါတစ်လေဆို ကိုယ့်ကို လူရာတောင် မသွင်းတဲ့ ပုံစံမျိုး ဂရုမစိုက်တဲ့အခါ အဲ့ဒီလူအနားမှာ ရပ်နေတဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်ပြီးမုန်းမိသွားလိမ့်မယ် အချစ်မှာ ကိုယ့်ဘက်ကပဲ ချစ်နေရုံ ကိုယ့်ဘက်ကပဲ လိုအပ်နေရုံနဲ့ မဖြစ်သေးဘူး တစ်ဖက်ကလဲ ကိုယ့်အပေါ်ချစ်ဦးမှ ကိုယ့်ကို ကြင်နာဦးမှပေါ့ ..အချစ်ဆိုတာ အပြန်အလှန်ချစ်နေကြရင်တော့ အကောင်းဆုံးပေါ့ …

အဲ့လိုမှ မဟုတ်ပဲ သူမချစ်လဲ ဖြစ်ပါတယ် ကိုယ်ချစ်နေတာပဲလေဆိုတဲ့ စိတ်နဲ့ တဇွတ်ထိုး တိုးနေမိရင် ရောက်ရာအရပ်မှာ ရပ်လိုက်ပါ ဟိုးအရှေ့မှာ ခြေလှမ်းကျွံသွားတဲ့သူတွေက အနောက်ကို ပြန်ငဲ့ကြည့်ပြီး နောင်တတွေ ရနေတယ် ငါသာ အဲ့ဒီအချိန်တုန်းက တစ်ဇွတ်ထိုး မဆန်ခဲ့ရင် ဆိုတဲ့ နောင်တ မရူးမိခဲ့ရင်ဆိုတဲ့ နောင်တတွေနဲ့ ပြန်လှည့်ရ ခက်နေကြတယ် …

စိတ်ကူးဆိုတာကတော့ ကိုယ်လိုချင်သလို တွေးယူလို့ရတာမျိုးပဲလေ တစ်နေ့ကျရင် သူပြန်ချစ်လာမှာပါဆိုပြီး စိတ်ကူးထဲ တွေးပျော်လို့ရတယ် … တကယ့်လက်တွေ့မှ ကျတော့ ကိုယ်က ချစ်နေရုံ ကိုယ်က လိုအပ်နေရုံနဲ့ ရှေ့ဆက်ဖို့ မဖြစ်နိုင်တာတွေ အများကြီးပဲ ။

သျှင်ယွန်း

လက္ေတြ့ေတြမွာ ကိုယ္က ခ်စ္ေနရံုနဲ႔မျဖစ္တာေတြ အမ်ားၾကီးပဲ …

တစ္ခါတစ္ေလမွာ သူဂရုမစိုက္ေပမယ့္လဲ ကိုယ္ ခ်စ္ေနရရံုနဲ႔ ျဖစ္တယ္ဆိုျပီး တစ္ဇြတ္ထိုး ဆန္ခ်င္ခဲ့ဖူးတယ္ သူက မခ်စ္ေပမယ့္လဲ ကိုယ္က သူ့အနားရွိေနရရံုနဲ႔တင္ လံုေလာက္ပါတယ္ဆိုျပီး ဘ၀ကို ေမ့ျပီး အခ်စ္ကုိ ကိုးကြယ္ခ်င္ခဲ့ဖူးတယ္ တကယ့္လက္ေတြ့ေတြမွာေတာ့ အဲ့လုိ မလြယ္ဘူးေလ …

ဂရုမစို္က္ခံရျခင္းမွာေတာင္ ဘယ္ေလာက္ ဂရုမစုိက္ခံရတာလဲဆိုတဲ့ေပၚမွာ မူတည္ျပီး နာက်င္မႈေတြဟာ မတူညီေတာ့ဘူး … နဲနဲေလးေတာင္ ဂရုမစိုက္ျခင္းမခံရပဲ အဲ့ဒီလူအနားမွာ ဘယ္ေလာက္ရပ္ေနနိုင္မလဲ တစ္နွစ္လား နွစ္နွစ္လား သံုးႏွစ္လား တစ္သက္လံုးေတာ့ မျဖစ္နုိင္တာေသခ်ာပါတယ္ … ေခ်ာင္ေလးမွာ ကပ္ငိုရတာကို မုန္းလာတဲ့အခါ မုန္္းေအာင္လုပ္ေနတဲ့ ကိုယ္သိပ္ခ်စ္ပါတယ္ဆိုတဲ့ လူကိုေတာင္ မုန္းမိသြားလိမ့္မယ္ …

တစ္ခါတစ္ေလဆုိ ကိုယ့္ကို လူရာေတာင္ မသြင္းတဲ့ ပံုစံမ်ိဳး ဂရုမစိုက္တဲ့အခါ အဲ့ဒီလူအနားမွာ ရပ္ေနတဲ့ ကိုယ့္ကိုယ္ကိုိေတာင္ ျပန္္ျပီးမုန္းမိသြားလိမ့္မယ္ အခ်စ္မွာ ကိုယ့္ဘက္ကပဲ ခ်စ္ေနရံု ကိုယ့္ဘက္ကပဲ လုိအပ္ေနရံုနဲ႔ မျဖစ္ေသးဘူး တစ္ဖက္ကလဲ ကိုယ့္အေပၚခ်စ္ဦးမွ ကိုယ့္ကို ၾကင္နာဦးမွေပါ့ ..အခ်စ္ဆုိတာ အျပန္အလွန္ခ်စ္ေနၾကရင္ေတာ့ အေကာင္းဆံုးေပါ့ …

အဲ့လုိမွ မဟုတ္ပဲ သူမခ်စ္လဲ ျဖစ္ပါတယ္ ကိုယ္ခ်စ္ေနတာပဲေလဆုိတဲ့ စိတ္နဲ႔ တဇြတ္ထိုး တုိးေနမိရင္ ေရာက္ရာအရပ္မွာ ရပ္လုိက္ပါ ဟိုးအေရွ႕မွာ ေျခလွမ္းကြ်ံသြားတဲ့သူေတြက အေနာက္ကို ျပန္ငဲ့ၾကည့္ျပီး ေနာင္တေတြ ရေနတယ္ ငါသာ အဲ့ဒီအခ်ိန္တုန္းက တစ္ဇြတ္ထိုး မဆန္ခဲ့ရင္ ဆိုတဲ့ ေနာင္တ မရူးမိခဲ့ရင္ဆုိတဲ့ ေနာင္တေတြနဲ႔ ျပန္လွည့္ရ ခက္ေနၾကတယ္ …

စိတ္ကူးဆိုတာကေတာ့ ကိုယ္လုိခ်င္သလုိ ေတြးယူလုိ့ရတာမ်ိဳးပဲေလ တစ္ေန့က်ရင္ သူျပန္ခ်စ္လာမွာပါဆုိျပီး စိတ္ကူးထဲ ေတြးေပ်ာ္လုိ့ရတယ္ … တကယ့္လက္ေတြ့မွ က်ေတာ့ ကိုယ္က ခ်စ္ေနရံု ကုိယ္က လုိအပ္ေနရံုနဲ႔ ေရွ့ဆက္ဖုိ့ မျဖစ္နုိင္တာေတြ အမ်ားၾကီးပဲ ။

သွ်င္ယြန္း