သုံး နဲ့ လေး လို လူနှစ်ယောက်ကိုမှ ဆုံပေးရက်တယ် …

သုံး နဲ့ လေး လို လူနှစ်ယောက်ကိုမှ ဆုံပေးရက်တယ် …

သူကြိုက်တဲ့ အရာတွေဆိုရင်များသောအားဖြင့် ကိုယ်မကြိုက်တတ်ခဲ့ဘူး ကိုယ်မကြိုက်တဲ့ အရာတော်တော်များများကတော့ သူ့အနားမှာ ရှိနေတတ်တယ် … နားလည်မှုတွေနဲ့ ရှေ့ဆက်ရင် ရမှာပါဆိုတဲ့ အိပ်မက်လေးနဲ့ ရှေ့တွေဆက်တိုးဖို့လဲ ကြိုးစားခဲ့ဖူးတယ် သူလဲ ချစ်တယ် ကိုယ်လဲ ချစ်တယ် ဒီလိုဆိုရင်တော့ နားလည်ပေးနိုင်ရမှာပေါ့ဆိုတဲ့ ကလေးအတွေးပေါ့

တကယ့်လက်တွေ့တွေမှာ အဲ့လောက်မလွယ်ကူခဲ့ဘူး … ငြင်းခုန်ကြရင်း သတ်ပုတ်ကြရင်းက ကိုယ့်အသံကြားရင် သူ့က အလိုလို ပူလောင်လာတယ်တဲ့ သူက ကိုယ့်အနားမှာ နေရတာ တဖြေးဖြေးနဲ့ ကျဉ်းကျပ်လာပြီတဲ့ တကယ်ဆို ကိုယ်လျှော့နေရင်းက ပြတ်လုမတတ် ဖြစ်သွားတဲ့ ဆက်ဆံရေးကို နားမလည်နိုင်တော့ဘူး …

ပြဒါးတစ်လမ်း သံတစ်လမ်းဆိုတာထက် ပိုဆိုးတယ် … ကိုယ်က အနာဂတ်ကို ရှေးရှုတဲ့အခါ သူက အတိတ်ကိုပဲ ပြန်ပြန်ပြီး တူးဆွတယ် သုံး နဲ့ လေးပါပဲ … အချစ်နဲ့ပေါင်းစပ်ဖို့ ကြိုးစာနေမိတာ မှားများမှားနေပြီလားဆိုတဲ့ သံသယတွေ တဖြေးဖြေးများလာခဲ့တယ် ဘယ်နေ့ ပြသနာတွေ တက်ရမလဲဆိုတဲ့အတွေးနဲ့ မနက်ဖြန်တွေကို ကြောက်လာတယ် …

ဘာလို့များ ဘာတစ်ခုမှ မတူတဲ့ သုံး နဲ့ လေးလို လူနှစ်ယောက်ကို ဆုံပေးခဲ့တာလို့ တွေးနေမိတယ် …

သျှင်ယွန်း

သံုး နဲ႔ ေလး လို လူနွစ္ေယာက္ကိုမွ ဆံုေပးရက္တယ္ …

သူၾကိဳက္တဲ့ အရာေတြဆုိရင္မ်ားေသာအားျဖင့္ ကိုယ္မၾကိဳက္တတ္ခဲ့ဘူး ကိုယ္မၾကိဳက္တဲ့ အရာေတာ္ေတာ္မ်ားမ်ားကေတာ့ သူ့အနားမွာ ရွိေနတတ္တယ္ … နားလည္မႈေတြနဲ႔ ေရွ႕ဆက္ရင္ ရမွာပါဆုိတဲ့ အိပ္မက္ေလးနဲ႔ ေရွ့ေတြဆက္တိုးဖို့လဲ ၾကိဳးစားခဲ့ဖူးတယ္ သူလဲ ခ်စ္တယ္ ကုိယ္လဲ ခ်စ္တယ္ ဒီလုိဆိုရင္ေတာ့ နားလည္ေပးနုိင္ရမွာေပါ့ဆုိတဲ့ ကေလးအေတြးေပါ့

တကယ့္လက္ေတြ့ေတြမွာ အဲ့ေလာက္မလြယ္ကူခဲ့ဘူး … ျငင္းခုန္ၾကရင္း သတ္ပုတ္ၾကရင္းက ကိုယ့္အသံၾကားရင္ သူ့က အလုိလုိ ပူေလာင္လာတယ္တဲ့ သူက ကုိယ့္အနားမွာ ေနရတာ တေျဖးေျဖးနဲ႔ က်ဥ္းက်ပ္လာျပီတဲ့ တကယ္ဆုိ ကိုယ္ေလွ်ာ့ေနရင္းက ျပတ္လုမတတ္ ျဖစ္သြားတဲ့ ဆက္ဆံေရးကို နားမလည္နိုင္ေတာ့ဘူး …

ျပဒါးတစ္လမ္း သံတစ္လမ္းဆိုတာထက္ ပုိဆိုးတယ္ … ကိုယ္က အနာဂတ္ကို ေရွးရႈတဲ့အခါ သူက အတိတ္ကိုပဲ ျပန္ျပန္ျပီး တူးဆြတယ္ သံုး နဲ႔ ေလးပါပဲ … အခ်စ္နဲ႔ေပါင္းစပ္ဖို့ ၾကိဳးစာေနမိတာ မွားမ်ားမွားေနျပီလားဆိုတဲ့ သံသယေတြ တေျဖးေျဖးမ်ားလာခဲ့တယ္ ဘယ္ေန့ ျပသနာေတြ တက္ရမလဲဆုိတဲ့အေတြးနဲ႔ မနက္ျဖန္ေတြကို ေၾကာက္လာတယ္ …

ဘာလို့မ်ား ဘာတစ္ခုမွ မတူတဲ့ သံုး နဲ႔ ေလးလုိ လူနွစ္ေယာက္ကို ဆံုေပးခဲ့တာလို့ ေတြးေနမိတယ္ …

သွ်င္ယြန္း